part 43

4.2K 264 11
                                    

Zawgyi


part 43

ဂျွန်ဂူလည်း ကလေးမလေးအကြောင်းစဉ်းစားရင်း ကားမောင်းလာပြီး ကွန်ဒိုသို့ပြန်ခဲ့သည်။

ဂျွန်ဂူ " ဘေးအိမ်က အိမ်ပြန်မလာဘူးလား။ အမှိုက်လည်းမပြစ်ထားဘူး။ နံနေတာပဲ"

ဂျွန်ဂူလည်း နံနေတာကြောင့် အမှိုက် ပြစ်ပေးလိုက်သည်။
ဘေးအိမ်ကပြန်လာရင် ပြောပြစ်အုံးမည်လို့တေးထားလိုက်သည်။


ဟန်ဖုန်းအပေါ်သို့ ဖြေးဖြေးချင်းတက်သွားပြီး အခန်းတံခါးခေါက်လိုက်သည်။

ရှောင်ပိုင် " ဘယ်သူလဲ"

ဟန်ဖုန်း " ငါ ဟန်ဖုန်း "

ရှောင်ပိုင် " ဘယ်သူမှ မပါလာပါဘူးနော်"

ဟန်ဖုန်း " ငါတစ်ယောက်ထဲ"

ဆိုမှ တံခါးဖွင့်ပေးသည်။

ရှောင်ပိုင်"နင်ဘာလို့ ဒီလောက်ကြာနေတာလဲ"

ဟန်ဖုန်း " ဘာလို့မှမဟုတ်ဘူး"

ရှောင်ပိုင် " ငါမှတော့လေ မလာသေးဘူး။ ဘာလို့မလာသေးတာလဲ။ ပစ္စည်းလာပို့တဲ့ဦးကြီးနဲ့များပါသွားပြီးလားလို့တွေးပြီး စိတ်ပူနေတာ"

ဟန်ဖုန်း " ကောင်မ ဘာတွေလျှောက်ပြောနေတာလဲ"

ရှောင်ပိုင် " နင်မှန်မှန်ပြော နင်လာတုန်းက မျက်နှာနီရဲနေတာတွေ့တယ်၊ ဟယ် ဒါဘယ်သူ့ အပြင်ခံလည်း"

ရှောင်ပိုင်ကတော့ မရမက စ, နေတော့သည်။
သူ စ,နေတာကို သတိမထားမိအောင် တအံ့တသြ
ရုပ်တည်ကြီးနဲ့ စ, နေတာ။ ငါတုန်းကလည်း စ,ထားပြီးစတော့ အခုမှ လာရှက်ပြနေတယ်။ ဒါမျိုးတော့ ဘယ်ရမလဲ။ ဟွန့် ပိုင်ကျင်းကျင်းတဲ့ time travelဖြစ်ပြီးတော့လာတာ။ ဒီလောက်တော့ အသာလေးပဲ။ (ပိုင်ကျင်းကျင်းဆိုတာ ရှောင်ပိုင် ကိုယ်ထဲရောက်လာတဲ့ သတ္တိခဲလေးရဲ့ နာမည်ပါ )

ဟန်ဖုန်း " နင်မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ ခုငါ့အစ်ကိုကို ခေါ်လိုက်မှာနော်"

ရှောင်ပိုင် " ဟဲဟဲ ဟန်ဖုန်း အဲ့လိုမလုပ်ရဘူးလေ။ အသဲလေးကလည်း။ "

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now