part 16

5.9K 391 2
                                    

Zawgyi

part. 16

ကျင်းရီက ရှောင်ပိုင် တို့အထုပ်ကို ကားပေါ်သို့တင်လိုက်ပြီး အရှေ့ခန်း၌ ဝင်ထိုင်လိုက်သည်။ ရှောင်ပိုင်နဲ့ ကျောက်ဖုန်း လဲ ကားပေါ်သို့ဝင်ထိုင်လိုက်သဖြင့် ကျင်းရီက ကားစတင်ထွက်တော့သည်။ ကားစတင်ထွက်ပြီး လမ်းတစ်ဝက်၌ ကျောက်ဖုန်းက စကားစသည်။

ကျောက်ဖုန်း ''ရှောင်ပိုင် ငါနင့်ကိုတစ်ခုမေးစရာရှိတယ်။''

ရှောင်ပိုင် ''ပြောလေ''

ကျောက်ဖုန်း ''ဆရာဝန်ကပြောတာ နင်ပင်ပန်းထားလို့အားနည်းပြီး မေ့လဲသွားတာတဲ့။ အဲ့ညကနင်ဘာလုပ်လို့ ပင်ပန်းနေတာလဲ။ အိမ်ကနင့်မိထွေးနဲ့ ညီမတစ်ခုခုခိုင်းပြန်ပြီးလား။''

ရှောင်ပိုင်မျက်နှာများရဲလာသည်။

ရှောင်ပိုင် ''ဘာ....ဘာတွေပြောနေတာလဲ ။ ငါ့မိထွေးနဲ့ ငါ့ညီမကငါကိုမထိရဲတာကြာပြီး။ ငါလဲငယ်ငယ်ထဲက အနိုင်ကျင့်ခံလာရတာဆိုတော့ သည်းမခံနိုင်လို့ ပညာပြလိုက်တယ်။အိမ်ရောက်ရင်လည်း ဘာပြသနာရှာအုံးမလဲမသိ''

ကျောက်ဖုန်း ''အေး။ နင်ပြောင်းလဲလာတယ်။ အရင်ကထက် ပိုပြီး သတ္တိရှိလာတယ်''

ရှောင်ပိုင် ''အေး။ ငါတော်တယ်မဟုတ်လား။ ''

ကျောက်ဖုန်း''အေး။ ငါ့သူငယ်ချင်းက အတော်ဆုံး''

ရှောင်ပိုင် ''ဒါပေါ့''

ကျောက်ဖုန်း ''အော် နင်ငါ့ကိုမဖြေရသေးဘူးနော်''

ရှောင်ပိုင်မျက်နှာမှာလဲ နဂိုကထက်ပို၍ ရဲလာသည်။

ရှောင်ပိုင် ''ဘာပဲလုပ်လုပ်ပေါ့''

ရှောင်ပိုင်ပြောပြီးနားပိတ်လိုက်သည်။ ပြီးနောက်အိပ်ချင်ယောင်ဆောင်လိုက်သည်။ ကျောက်ဖုန်းထပ်မပြောတော့မှ အုပ်ထားတဲ့လက်ကို ဖယ်လိုက်သည်။ ခနကြာတော့ ရှောင်ပိုင်အိမ်သို့ရောက်လာသည်။ ကျင်းရီက အထုပ်တွေကို အိမ်ထဲသို့လိုက်ပို့ပေးသည်။ ကျောက်ဖုန်းက ရှောင်ပိုင်နှင့်အတူ အိမ်ထဲသို့ ဝင်လာသည်။

ရှောင်ပိုင် ''ကျောက်ဖုန်း ဟိုဘက်မှာ မီးဖိုချောင် ငါ့ကိုရေတစ်ခွက်လောက် ခတ်ပေးပါလား'' pappy eyeနဲ့ချဲပြမှ သွားခတ်ပေးသည်။ ရှောင်ပိုင်လဲ ဆိုဖာပေါ်မှာ ထိုင်နေသော မိထွေးတို့သားအမိကို ဂရုမစိုက်ပဲ ဆိုဖာပေါ်၌ လဲချလိုက်သည်။ မိထွေးက ရှောင်ပိုင်ကို အကြည့်စူးစူးဖြင့်ကြည့်နေပြီး ရှောင်လုက ဖုန်းဖြင့်ရှောင်ပိုင်း၊ကျင်းရီနဲ့
ကျောက်ဖုန်းကို ဗီဒီရိုရိုက်နေသည်။ ရှောင်ပိုင်က ဂရုမစိုက်။ သူပြသနာရှာရင် ပြန်ရှာယုံပဲ။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now