part 79

2.5K 166 7
                                    

Zawgyi



part 79

အိမ်တော်ထိန်း " သခင်မလေး အားလုံးပြီးသွားပါပြီး"

ရှောင်ပိုင် " အင်... နင်ပါလိုက်ခဲ့ရမယ်"

အိမ်တော်ထိန်း " ဟမ်.......အင်္ကျီသွားလဲလိုက်အုံးမယ်"

ရှောင်ပိုင် " မလဲနဲ့ အဲ့အတိုင်းပဲလိုက်ခဲ့"

အိမ်တော်ထိန်းရဲ့ အင်္ကျီက ရေတွေစိုနေပြီး အနည်းငယ်ပြဲနေသည်။ ဗွက်တွေလဲပေးနေတာကြောင့် တစ်ကိုယ်လုံးညစ်ပတ်နေသည်။

ရှောင်ပိုင်တို့က ကားနားသို့ သွားလိုက်သည်။

ရှောင်ပိုင် " တံခါးလာဖွင့်ပေးစမ်း"

အိမ်တော်ထိန်းက ရှောင်ပိုင်တို့ကို တံခါးဖွင့်ပေးသည်။ ရှောင်ပိုင်တို့ကလည်း ဝင်ထိုင်လိုက်သည်။ အိမ်တော်ထိန်းလည်း ဝင်ထိုင်ဖို့လုပ်တော့
ရှောင်ပိုင်က အသံကျယ်ကျယ်နဲ့ အော်လိုက်သည်။

ရှောင်ပိုင် " မဝင်နဲ့.... !!!!! နင်ကအရမ်းညစ်ပတ်တယ် ကားနောက်ခန်းက ပစ္စည်းထည့်တဲ့နေရာမှာ သွားထိုင်"

အိမ်တော်ထိန်း " ဒါပေမဲ့ အဲ့နေရာက အရမ်းကြပ်တယ်လေ"

ဟန်ဖုန်း " နင်အခု အထွန့်တက်နေတာလား သွားဆိုသွားပေါ့"

အိမ်တော်ထိန်းလည်း ကားနောက်ခန်းက ပစ္စည်းတွေကြားထဲမှာ မဆန့်ဘဲ အရမ်းတိုးဝင်နေရသည်။ အသက်ရှုအနည်းငယ်ကြပ်လာသည်။

ရှောင်ပိုင်က ကားကို ဘလူးတုသ်နဲ့ ချိတ်လိုက်ပြီး သီချင်းကိုအသံကျယ်ဖွင့်ပြီး သုံးယောက်သားမြူကြွစွာ ကနေကြသည်။

အိမ်တော်ထိန်းမှာ အသက်ရှုကြပ်ရုံသာမက ကားဘောက်က သူနားမှာ ရှိနေသည်။ အသံကိုအဆုံးထိဖွင့်ထားတာကြောင့် နားစည်ကွဲမတတ်ပင်ခံစားနေရသည်။

တစ်လမ်းလုံးကခုန်ခဲ့ပြီးနောက် shopping mallဆီသို့ရောက်လာခဲ့သည်။ ဟန်ဖုန်းက ရှေ့ကနေ ဦးဆောင်ပြီး ထွက်လာသည်။ ပြီးတာနဲ့ အနောက်ခန်းက အိမ်တော်ထိန်းရဲ့ တံခါးကို ဖွင့်ပေးလိုက်လေသည်။

ထိုအချိန်မှ အိမ်တော်ထိန်းမှာ အသက်ကိုကောင်းမွန်စွာ ရှုခွင့်ရလေသည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now