part 77

2.6K 171 21
                                    

Zawgyi


part 77

ရှောင်ပိုင်နဲ့ ကျောက်ဖုန်း အိပ်ပျော်နေတုန်း နားနားကပ်ပြီး အော်လိုက်တဲ့ အသံစူးစူးကြီးကြောင့်
လန့်နိုးသွားကြသည်။

"အိပ်ပုတ်နှစ်ယောက်ထကြတော့"

ဆိုပြီး အော်လိုက်ဖြစ်သည်။ ရှောင်ပိုင်က မျက်လုံးမိတ်လျက်ပင် ခေါင်းထောင်လာပြီး စကားပြောလာသည်။

ရှောင်ပိုင် " ကျောက်ဖုန်း နင်ငါ့ကို ထပ်နိုးပြန်ပြီးလား ဒီတစ်ခေါက်ဘာဖြစ်ပြန်ပြီးလဲ"

ကျောက်ဖုန်း လည်း မျက်လုံးမိတ်လျက်ပင်စကားပြန်ပြောလိုက်သည်။

ကျောက်ဖုန်း " ငါညကကောင်းကောင်းမအိပ်ရဘူးနော် ရှောင်ပိုင်နင်ဘာလို့ငါ့ကိုလာနိုးနေတာလဲ "

ရှောင်ပိုင် " သေလိုက်လေ ငါနင့်ကိုနိုးစရာ နင်သာငါ့ကိုလာနိုးပြီးတော့"

ကျောက်ဖုန်း " နင်ဘယ်လိုတောင်ပြောရဲတာလဲ မိန်းကလေး အသံကြီးနဲ့ အော်နိုးနေပြီးတော့ ငါကအသံကမိန်းကလေးအသံမပေါက်ဘူးလေ"

ရှောင်ပိုင် " ဟုတ်သားနော် ဒါပေမဲ့ ငါနိုးတာမဟုတ္ဘူး"

ကျောက်ဖုန်း " နင်နိုးတာမဟုတ်ရင် ဘယ်သူရှိမလဲ"

ရှောင်ပိုင် " ငါမဟုတ်ဘူးဆို"

မျက်လုံးမိတ်ပြီး ရန်ဖြစ်နေတဲ့နှစ်ယောက်မှာ အနောက်ကရပ်နေတဲ့လူကို သတိမထားမိသေး။

" နှစ်ယောက်လုံးရန်ဖြစ်နေတာရပ်ပါတော့လား"

ရှောင်ပိုင်လည်းထိုအသံကြောင့် မျက်လုံးကို မရမကဖွင့်ပြီး နောက်သို့လှည့်ကြည့်လိုက်သည်။
ကျောက်ဖုန်းလည်းထိုနည်းတူပင်။ ထိုချိန် ရှောင်ပိုင်ရဲ့ ပါးစပ်၌ အံ့သြသံကြီးထွက်လာရသည်။

ရှောင်ပိုင် " ဟန်ဖုန်း နင်ဘယ်လိုရောက်လာတာလဲ"

ဟန်ဖုန်း " အော် ငါလည်း အိမ်မှာကြီးပဲနေနေရတော့ ပျင်းတယ်လေ အဲ့ဒါကြောင့် ကိုကြီးဆီမှာ နင်နဲ့အတူတူအလုပ်လုပ်ဖို့ မရမကပြောလိုက်ရတာ။ ပြီးတော့ ဟိုဟာမကို သွားစွဲစိရမယ်လေ "

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now