part 4

8.6K 598 4
                                    

Zwagyi

part 4

ရှောင်ပိုင် ပြုတ်ကျသွားတဲ့ ရှောင်လုကို ရယ်ပြီး

ရှောင်ပိုင် ''ညီမလေးအကူညီလိုသေးလား။အစောင်ံ့တွေ နင်တို့ရဲ့ မမလေးကို လာကူလိုက်ပါအုံး။ ညီမလေးဘာလို့နမော်နမဲ့နိုင်ရတာလဲ။ တစ်ခုခုဖြစ်ရင် ညီမလေးရဲ့ မေမေက မမကိုအပြစ်ရှာမှာပေါ့။ အော် ဒါနဲ့ မမကိုဖွားတော်လာပြသနာလာမရှာဘူးကော။အရင်ကဆိုနည်းနည်းဖြစ်တာနဲ့ အဖြစ်သည်းနေတဲ့ဘွားတော်ကဒီနေ့မလာဘူးကော။ အစောင့်တွေ ငါ့မိထွေးဘယ်သွားလဲ''

အစောင့်''သခင်မကသူငယ်ချင်းအိမ်သွားပါ
တယ်။''

ရှောင်ပိုင်'' သူငယ်ချင်းအိမ်သွားတာလား။ hotelမှာ လင်တွေနဲ့ သွားကလူးနေတာလား။''

အစောင့်တွေ''. ...........''

ရှောင်လု''နင်ငါ့အမေကိုဘာမှပြောစရာမလိုဘူး။နင်မှာသက်သေရှိလို့လား ''

ရှောင်ပိုင် သိတာပေါ့။ အရင်ဘဝကရှောင်ပိုင် မိထွေးဖွားတော် ဖောက်ပြန်တာသိသွားလို့ နှုတ်ပိတ်ခံထားရသည်။

ရှောင်ပိုင် ''ညီမလေးမိထွေးလာတာနဲ့ ကြိုက်သလောက် တိုင်ပြော ဒီကမမကကြောက်တာမဟုတ်ဘူး။''

ရှောင်လု''.............''

ရှောင်ပိုင် ဖယ်ထားတဲ့အင်္ကျီ တွေကိုယူကာအခန်းရှေ့သို့ထွက်ခဲ့သည်။ ပြီးနောက် အဲ့အင်္ကျီ ထဲက လှတဲ့အင်္ကျီ ကို ဝတ်လိုက်တယ်။ ထိုနောက် ရှောင်လုရဲ့ အခန်းထဲသို့ ဝင်လိုက်သည်။ ရှောင်လုကိုတော့မတွေ့။ကြည့်ရတာ ဆေးရုံသွားသည် ထင်ပါရဲ့။ ရှောင်လုအခန်းကို မွှေပြီး ကားသော့ယူလိုက်သည်။ ရှောင်လုကားဖြင့် သစ္စာဖောက် ကျန့်ဖန်စီသို့လာခဲ့သည်။ကျန့်ဖန်ခုချိန်ဆို ကလပ်မှာ သူငယ်ချင်းများနဲ့ သောက်နေလောက်သည်။

      ကျန့်ဖန်စီရောက်တော့ သူငယ်ချင်းများဖြင့်သောက်နေသည်။ ရှောင်ပိုင်လာတာမြင်တော့ တဏာမျက်လုံးဖြင့်ကြည့်နေသည်။ ရှောင်ပိုင်ကို မမှတ်မိဘူးထင်ပါရဲ့ ။ ရှောင်ပိုင် ကျန့်ဖန်စီသွားပြီး ဘေးမှာဝင်ထိုင်ပြီး နှုတ်ဆက်လိုက်သည်။

ရှောင်ပိုင် ''Hi ကျန့်ဖန် နေကောင်းလား။ မတွေ့တာ ၃ရက်ရှိပြီးနော်။''

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now