part 78

2.6K 144 10
                                    

Zawgyi


part 78

ခနနေလောက်ကြာတော့ ကျင်းရီက ဆင်းလာသည်။  ကျင်းရီက စားပွဲခုံပေါ်မှာထိုင်လိုက်ပြီး သတင်းစာဖတ်နေသည်။

အိမ်တော်ထိန်းက စားစရာတွေထည့်ပြီး စားပွဲပေါ်မှာ လာချပေးသည်။ အိမ်တော်ထိန်းရဲ့မျက်နှာမှာ ချွေးတွေစို့နေသည်။ ရှောင်ပိုင်တို့က မညာပါ။ ဒီထက်ပိုတောင်လုပ်ခိုင်းအုံးမည်ဖြစ်သည်။

အားလုံးချပေးပြီးတာနဲ့ အိမ်တော်ထိန်းက ကျင်းရီရဲ့ဘေးနားမှာ မတ်တပ်ရပ်ပြီး နေနေသည်။ အားလုံးချပေးထားတာတောင် တစ်ယောက်မှ အစားအစာကို မထိသေးတော့ အိမ်တော်ထိန်းက
ကျင်းရီက ရှောင်ပိုင်တို့ဝယ်လာတဲ့ မုန့်တွေကို မကြိုက်ဘူးထင်ပြီးတော့ မေးလိုက်သည်။

အိမ်တော်ထိန်း " သခင်လေး စားစရာအားလုံးချပေးပြီးပါပြီး ဘာလို့မစားသေးတာလဲ ဒီဟာတွေမကြိုက်ရင် သခင်လေးစားချင်တဲ့ဟာတွေကို လုပ်ပေးပါ့မယ်"

ကျင်းရီ " ရတယ် လုပ်ပေးစရာမလိုဘူး။ ကလေး..... ကျောက်ဖုန်းလာတာကိုစောင့်နေတာ"

အိမ်တော်ထိန်းမှာ မျက်နှာပျက်သွားရသည်။

ဟန်ဖုန်း " အော့....ရွံ့စရာအသံနဲ့လာပြောနေတယ်။ ချီးစားပြီးပြောပါလား ဒီထက်ပိုချိုချင်ရင်"

ရှောင်ပိုင် " ကြားတယ်နော် ကျင်းရီက ကျောက်ဖုန်းကို စောင့်နေတာ သူများနေရာလာမမျှော်မှန်းနဲ့ ကန်ထည့်လိုက်မယ် "

အိမ်တော်ထိန်းမှာ ကျင်းရီရှေ့မှာ ပြောခံလိုက်ရတာကြောင့် ဒေါသထွက်လို့နေသည်။ ကျင်းရီရှေ့မှာ ပြောခံရမယ်လို့လဲ မထင်ထားတာကြောင့် အံ့သြနေသည်။

ရှောင်ပိုင်တို့ကလည်း ဘယ်သူ့ရှေ့မှာဖြစ်ဖြစ်ဂရုမစိုက် ထည့်မှာပဲဖြစ်သည်။ ကျင်းရီကလည်း အိမ်တော်ထိန်းကိုပြောနေတာ သူနဲ့မဆိုင်သလိုပင် အေးဆေး သတင်းစာဖတ်နေသည်။

ခနနေတော့ ကျောက်ဖုန်းက ရှောင်ပိုင်တို့နဲ့ ဆင်တူအင်္ကျီလေးဝတ်ပြီး ဆင်းလာသည်။ အရောင်လေးက ပန်းရောင်လေးဖြစ်နေတာကြောင့် ကျောက်ဖုန်းနဲ့ အရမ်းလိုက်နေသည်။ ဆံပင်ကလဲ အရှေ့သို့ ခပ်အုပ်အုပ်ကျနေတာကြောင့် အရမ်းကို ချစ်ဖို့ကောင်းနေပြီး မြင်သူတိုင်း မျက်စိမလွှဲနိုင်လောက်ပေ။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now