part 26

5.1K 345 6
                                    

Zawgyi

part 26

ရှောင်ပိုင်နဲ့ ဟန်ဖုန်းစကားများကြီးပြောနေတာ ရှောင်ပိုင်ရဲ့ ဗိုက်ထဲကနေ ~ဂွီ~လို့မြည်လာမှ စကားပြောတာရပ်ကြတယ်။

ဟန်ဖုန်းကအောက်မှာစားဖို့ပြင်လိုက်အုံးမယ်ဆိုပြီး အောက်ဆင်းသွားသည်။ ရှောင်ပိုင်ရေချိုးပြီးရင် ဝတ်မို့ အဝတ်တွေများကြီးထားပေးသွားသေး။
ရှောင်ပိုင်လဲ အင်္ကျီအများကြီးထဲမှ အင်္ကျီလက်ရှည်အဖြူရောင်လေးနဲ့ ပေါင်လောက်အုပ်တဲ့ စကပ်လေးအမဲကိုရွေးလိုက်တယ်။

ထို့နောက် ရေချိုးခန်းကိုသွားပြီး လန်းသွားအောင် ခေါင်းပါတစ်ခါထဲလျှော်ချလိုက်သည်။ ရေချိုးခန်းထဲက အသုံးအဆောင်တွေကိုကြည့်လိုက်မိတော့ သူတောင်မမြင်ဖူးပဲ နာမည်ပဲကြားဖူးတဲ့ အသုံးအဆောင်တွေကိုတွေ့လိုက်ရသည်။ ဒီလိုအသုံးအဆောင်တွေက ချမ်းသာတဲ့လူဖြစ်ရင်တောင် ဝယ်သုံးနိုင်မှာမဟုတ်ဘူး။ တော်တော်ကြီးချမ်းသာတဲ့လူမှ သုံးနိုင်တာ။ ဒီမိသားစုက တော်တော်ချမ်းသာတာပဲ။

ရှောင်ပိုင်ရေချိုးပြီးသွားတော့ တပတ်တစ်ထည်နဲ့ ရေချိုးခန်းထဲကနေပြန်ထွက်လာသည်။ ထို့နောက် ရှောင်ပိုင်ရွေးထားတဲ့ အင်္ကျီလေးကိုဝတ်လိုက်သည်။ ထို့နောက်မှန်တင်ကိုသွားပြီး မိတ်ကပ်ပါးပါးလေး လိမ်းလိုက်ပြီး နခမ်းနီ ပန်းစည်းရောင်ဆိုးလိုက်သည်။ ဆံပင်ကို သေချာဖီးလိုက်ပြီး ထိုင်းကျောင်းသူမလေးတွေ ထုံးတဲ့အတိုင်းထုံးလိုက်သည်။

ရှောင်ပိုင်သူ့ကိုသူမှန်ကြည့်နေတုန်း ဟန်ဖုန်းကအခန်းထဲသို့ ဝင်လာသည်။ ရှောင်ပိုင်ကိုမြင်တော့ မျက်လုံးအပြူးသားလေးနဲ့ကြည့်နေလေသည်။

ရှောင်ပိုင် ''ဟန်ဖုန်း ဘာလို့အဲ့လိုစိုက်ကြည့်နေတာလဲ။ မလှလို့လား။''

ဟန်ဖုန်း ''ရှောင်ပိုင်နင်ဘာလို့ ဒီလောက်လှရတာလဲကွယ်''

ရှောင်ပိုင် ''သွား အပိုတွေ ငါမုန့်မဝယ်ကျွေးနိုင်ဘူး''

ဟန်ဖုန်း ''အပိုပြောတာ မဟုတ်ပါဘူးကွယ်။ တကယ်ပြောတာ။ ''

ရှောင်ပိုင် ''ငါလှတာငါသိတယ်။ နင်ပြောစရာမလိုဘူး။ ''

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now