part 97

2.3K 143 25
                                    

Zawgyi



part 97

ရှောင်ပိုင်က ဒီမနက်မှာတော့ စောစောပဲ နိုးလာသည်။ ရှောင်ပိုင်က အခန်းပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ရှောင်ပိုင် " ငါညတုန်းက စာကြည့်ခန်းမှာ အိပ်လိုက်တာပါ ကြည့်ရတာ လူကြီးခေါ်ခဲ့တာ​ဖြစ်မယ် လူကြီးရော"

ကျစ်ဟန် " baby ကိုယ့်ကို ရှာနေတာလား "

ရှောင်ပိုင် " မရှာပါဘူး "

ကျစ်ဟန် " ထ, မနက်စာသွားစားမယ် "

ကျစ်ဟန်က ထ,လို့သာ ပြောတာ ကျစ်ဟန်ကသာ
ရှောင်ပိုင်ကို ချီလိုက်တာ ဖြစ်သည်။ ရှောင်ပိုင်လဲ ပြောလဲ လွှတ်မှာ မဟုတ်တာကြောင့် ပေးချီထားလိုက်သည်။ မသိစိတ်ကတော့ ကျစ်ဟန် ချီထားတာကို နှစ်ခြိုက်နေမိသည်။


အိပ်ချင်စိတ်ပြန်ဖြစ်နေတာကြောင့်
မိန်း၍ နေလိုက်သည်။ကျစ်ဟန်က ရှောင်ပိုင်ကို ချီပြီး ရေချိုးခန်းထဲသို့ ခေါ်သွားသည်။ ပြီးတာနဲ့ သွားတိုက် မျက်နှာသစ်ပေးသည်။ ရှောင်ပိုင်လည်း အိပ်ချင်မူးတူးနဲ့ ကျစ်ဟန်လုပ်ပေးသမျှ အလိုက်သင့်လေး နေပေးလိုက်သည်။

မျက်နှာသစ်သွားတိုက်ပြီးသွားတော့ ကျစ်ဟန်က ရှောင်ပိုင်ကို ချီပြီး ထမင်းစား ထိုင်ခုံမှာ ချပေးလိုက်သည်။ ရှောင်ပိုင်က အစားကို မြင်တော့ မျက်လုံးပြူးကျယ်သွားပြီး တွေ့တာမှန်သမျှစားလေသည်။

ကျစ်ဟန် " baby ဗိုက်နာသေးလား "

ရှောင်ပိုင် " တစ်ချက်တစ်ချက်မှ အသေနာတယ်
ပြီးရင် နည်းနည်းပဲ နာတော့တယ် "

ကျစ်ဟန် " ဒီနေ့ baby ကုမ္ပဏီမသွားနဲ့​တော့ အိမ်မှာပဲနေ "

ရှောင်ပိုင် " သွားချင်တယ် အိမ်မှာက အရမ်းပျင်းဖို့ကောင်းတယ် လိုက်မယ်လေ "

ကျစ်ဟန် " ငြိမ်ငြိမ်နေမယ်လို့ ကတိပေး "

ရှောင်ပိုင် " ပေးတယ် ပေးတယ် "

ကျစ်ဟန် " ကုန်အောင်စားပြီးရင် အဝတ်လဲထား
တူတူသွားမယ် "

ရှောင်ပိုင် " ဟုတ် လူကြီး "

ကျစ်ဟန်က ပြောပြီးတာနဲ့ မီးဖိုချောင် ထဲသို့ဝင်သွားသည်။ရှောင်ပိုင်က ပါးစပ်ထဲ အစားတွေ မြန်မြန်ထိုးထည့်ပြီး ကုန်အောင်စားလိုက်သည်။
ပြီးတာနဲ့ အခန်းထဲသို့သွားပြီး မနေ့က shoppingထွက်ရင်း ဝယ်ခဲ့တဲ့ အင်္ကျီတွေထဲက တစ်ထည်ကို ဝတ်လိုက်သည်။ ဆံပင်သေချာဖြီးလိုက်ပြီး မီးဖိုချောင်ထဲသို့  သွားလိုက်သည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now