Zawgyi
part 51
ရှောင်ပိုင်က ကျစ်ဟန်ကို ဗိုက်ဆာတယ်ဆိုပြီး မွှေနေသည်။ ကျစ်ဟန်က ရှောင်ပိုင်ကို ပွေ့ချီပြီး အောက်ထပ်သို့ဆင်းလာသည်။ ရှောင်ပိုင်က ကျစ်ဟန်ကို အမေတစ်ယောက်လို ဖက်ထားသည်။
အားလုံးအိပ်နေပြီး ဖြစ်တာကြောင့် ကိုယ်တိုင်ချက်ဖို့ပြင်ရသည်။
(ရှောင်ပိုင်ကိုအားကျလိုက်တာ)ကျစ်ဟန်က အေပရွန်းကို ဝတ်လိုက်ပြီး ရေခဲသေတ္တာဖွင့်လိုက်တော့ ရှောင်ပိုင်က အနောက်ကနေလာပြီး ကျစ်ဟန်ကို ရေခဲသေတ္တာအရှေ့ တွန်းဖယ်လိုက်သည်။ ပြီးတော့ ရှောင်ပိုင်က ရေခဲသေတ္တာကိုကြည့်ပြီး ကြက်သားတွေကို ဆွဲထုတ်လာသည်။
ရှောင်ပိုင် " လူကြီး....... ကြက်ကြော်စားမယ်။ ကြက်ကြော်ကြော်ပေး။"
လူကြီး " babyက ဘာထက်စားအုံးမလဲ။ ကြက်ကြော်တစ်မျိုးပဲလား"
ရှောင်ပိုင် " ရေခဲသေတ္တာထဲမှာ ပုစွန်အကောင်ကြီးကြီးတွေတွေ့တယ် အဲ့ဒါစားချင်တယ်"
လူကြီး " babyက ဘယ်လောက်စားချင်လဲ"
ရှောင်ပိုင် " ပုစွန်အကုန်လုံးစားမယ်။ ကြက်ကြော်လည်းအကုန်ကြော်ပေး"
လူကြီး " babyက ကုန်လို့လား"
ရှောင်ပိုင် " ကုန်တယ်"
လူကြီး " မကုန်ပါဘူး။ babyက ခုနတုန်းကပဲ မုန့်တစ်ပုံကြီးစားပြီးပြီးမလား"
ရှောင်ပိုင် " မရဘူး......မရဘူး.....စားမှာပဲ"
လူကြီး " ဟုတ်ပါပြီး။ အကုန်လုပ်ပေးမယ်နော်
babyအကုန်စားနိုင်တာ လူကြီး ယုံပါပြီး"ရှောင်ပိုင် " စပ်စပ်လေးနော်။ အရမ်းစပ်အောင်"
လူ့ကြီး " မရဘူး။ babyအစပ်မစားနဲ့။ ဗိုက်အောင့်မယ်။ "
ရှောင်ပိုင် "မရဘူး။.........စားမှာပဲ.......အီးဟီး..,. .."
ရှောင်ပိုင်က ငိုလာပါလေရော။
လူကြီး " မငိုနဲ့တော့နော်။ စပ်စပ်လေးလုပ်ပေးမယ်နော် တိတ်တိတ် "
ဆိုပြီး ချော့ပေးနေ လေသည်။ တကယ်လဲ အစပ်နည်းနည်းပဲထည့်မှာ။ ရှောင်ပိုင်မငိုအောင်လို့ ပြောလိုက်ချင်းပင်။
BINABASA MO ANG
The CEO's Brave Girl Season (1) (Complete)
Romancetime travel အမျိုးအစားလေးပါ။ အမှားပါရင် ခွင့်လွှတ်ပါ။ ချစ်သူရဲ့ သစ္စာဖောက်ချင်းကို ခံရပြီး time travel ဖြစ်လာတဲ့ ပိုင်ကျင်းကျင်း ။ မိထွေးနဲ့ညီမ က နိုပ်စက်မှုကြောင့် သေသွားတဲ့ ရှောင်ပိုင်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာပြီး ဘယ်လိုကလဲ့စားချေမလဲ အချစ်ရေးလေးကလဲ...