part 59

3.1K 208 11
                                    

Zawgyi




part 59

ရှောင်ပိုင်တစ်ယောက်ရုပ်ရှင်ကြည့်ရင်းအိပ်ပျော်သွားလေသည်။ တခြားလူတွေက နေ့လည်စာသွားစားနေတာကြောင့် မရှိပေ။ ရှောင်ပိုင်တစ်ယောက်ထဲသာရှိသည်။ အဲ့အချိန်မှာ ကျစ်ဟန်က ရှောင်ပိုင်နား လာပြီး ရှောင်ပိုင်ကို ချီလိုက်သည်။ ပြီးတာနဲ့ နားနေခန်းထဲခေါ်လာပြီး ဆိုဖာပေါ်မှာ ပေးအိပ်ထားလိုက်သည်။

ရှောင်ပိုင်ရဲ့မျက်နှာပေါ်က ဆံပင်အနည်းငယ်ကို ကျစ်ဟန်က ကိုင်တွယ်ပြီး နမ်းလိုက်သည်။ ကျစ်ဟန်က ရှောင်ပိုင်ကို အတော်အတန်စိုက်ကြည့်ပြီးမှ နဖူးကို တစ်ချက်နမ်းပြီး ထသွားတော့သည်။

ကျစ်ဟန်က ရုံးခန်းထဲရောက်တာနဲ့ ဖုန်းကောက်ကိုင်လိုက်သည်။ ပြီးတာနဲ့ ကျင်းရီကို ဖုန်းဆက်လိုက်သည်။




ကျင်းရီ " ဟလို...Boss"

ကျစ်ဟန် " နင်ဘယ်မှာလဲ"

တစ်ခါမှအဲ့လိုတွေ မမေးဖူးပဲ ထူးထူးဆန်းဆန်းမေတဲ့ bossကြောင့် ကြောင်သွားသည်။ ဟုတ်တယ်လေ bossဆိုတဲ့လူက တခြားသူတွေရဲ့အကြောင်းကိုဘယ်တော့မှ ဂရုမစိုကိဘူး။

ကျင်းရီ "အာ..... ကျွန်တော်နေ့လည်စာသွားစား.........."

ကျင်းရီက ပြောလို့တောင်မပြီးသေး ကျစ်ဟန်က ဖြက်ပြောလာသည်။

ကျစ်ဟန် " babyအတွက် နေ့လည်စာဝယ်ခဲ့။ baby ဘာကြိုက်လဲဆိုတာ ငါနင့်ကို ပြောပြီးပြပြီးလို့ထင်တယ်။ ပြီးတော့ နောက်တစ်ယောက်စာက ကြိုက်တာဝယ်ခဲ့လိုက်လိုက် "

ကျင်းရီ " ဟုတ်ကဲ့ boss ပြောပြီး.........."

''တီ.....တီ.....တီ.."

ဖုန်းချသွားသောboss။

ကျစ်ဟန်ဖုန်းချပြီးတာနဲ့ နောက်ဖုန်းတစ်လုံးကိုဆက်လိုက်သည်။




ကျဲရှင်း " Hello Boss ဘာကိစ္စရှိ......."

ကျစ်ဟန် " ခုချက်ချင်း ငါရုံးခန်းကိုလာခဲ့။ အရေးကြီးကိစ္စရှိတယ်  "

ကျဲရှင်း " ဟုတ်"



ကျဲရှင်းကတော့ စားတောင်မစားရသေးတဲ့နေ့လည်းစာ ပန်းကန်ကိုပြစ်ပြီးတော့ ပြေးရပြန်ပြီး။ မပြေးလို့မရ bossဆိုတဲ့လူက ဘယ်တော့မှ အရေးကြီးကိစ္စလို့ တစ်ခါမှမပြောဖူးဘူး။ ခုဘယ်လောက်တောင်ဆိုးရွှားနေလို့ အရေးကြီးကိစ္စပါဖြစ်သွားတာလဲပေါ့။







The CEO's Brave Girl Season (1) (Complete)Where stories live. Discover now