part 20

5.6K 354 1
                                    

Zawgyi

part 20

ရှောင်ပိုင် ဒီနှစ်ရက်အတွင်း အပျင်းတစ်နေသည်။ ဘယ်လောက်ပျင်းလဲဆိုတော့ အပျင်းတက အပျင်းဆုံးဆုရမှာ သေချာသည်။ ဒီရက်ပိုင်း ဟိုသားအမိတွေ ဘာတွေကြံစည်မှန်းမသိ။ သူ့ကို နဂါးမျက်စောင်းနဲ့ကြည့်နေတာ။ သူတို့သားအမိသာဆို ရှောင်ပိုင် ခုချိန်အသက်ရှိမှာတောင်မဟုတ်ဘူး။

မိုးချုပ်တော့မယ်။ ရှောင်ပိုင် ခုထိရေမချိုရသေးဘူး။ မနေ့ညက ညအိပ်ဝတ်စုံနဲ့ ဂိမ်းဆော့နေတာ။ ဆံပင်ကလည်း မိုးပေါ်ထောင်နေပြီး။ ဘေးနားမှာလည်း အာလူးကြော်ဘူးတွေ၊ အချိုရေဘူးတွေ ကြံပြင်မှာ အပြည့်။ ကုတင်ပေါ်က စောင်တွေ၊ ခေါင်အုံးတွေက တောင်ရောက် မြောက်ရောက်နဲ့။
(ကိုယ်တွေနဲ့အကျင့်တူတွေ)

ဂိမ်းဆော့ရတာ ပျင်းလာတာကြောင့် wattpadသို့လာပြီး အမှောင်တက အမှောင်ဆုံး bl ficကိုဖတ်ပြီး မှောင်နေတုန်း သူ့အခန်းကို တံခါးလာခေါက်တာကိုကြားလိုက်သည်။ တံခါးလာခေါက်တဲ့ လူကို မေတ္တာအခေါက်ပေါင်း တစ်ထောင်လောက် ပို့ပေးလိုက်ပြီး တံခါးဖွင့်လိုက်တယ်။ တံခါးလာခေါက်တဲ့ လူက ရှောင်ပိုင်ရဲ့ ချစ်လှစွာသော ဘိုးတော်ကြီး။

ရှောင်ပိုင် ''@မသာ ဘိုးတော်ကြီး လင်မြန်မြန်ရပြီး အိပ်ယာထဲကနေမထနိုင်ပါစေနဲ့@''

ရှောင်ပိုင် စိတ်ထဲ၌ ကျိန်ဆဲနေပေမယ့် အပြင်မှာကတော့ မျက်နှာချိုသွေးပြီး မေးလိုက်တယ်။

ရှောင်ပိုင် ''အဖေ ဘာပြောစရာရှိလို့လဲ''

ဘိုးတော်ကြီး '' ပြောစရာတော့ ရှိတယ်။ နင့်ပုံစံက ညစ်ပတ်နေတာပဲ။ ရေချိုးပြီး အောက်ထပ်ဆင်းခဲ့။''

ရှောက်ပိုင် ''ဟုတ် အဖေ''

ဘိုးတော်ကြီးထွက်သွားတော့ ရှောင်ပိုင် သီချင်းတကြော်ကြော်နဲ့ ရေချိုးလိုက်သည်။ အဝတ်စား တစ်ထည်ကောက်ဝတ်လိုက်ပြီး ဆံပင်ရေဆိုဖြင့် အောက်ထပ်သို့ ဆင်းလာသည်။ အောက်ထပ်မှာ လူစုံနေသဖြင့် တစ်ခုခုဖြစ်တော့မည်ဆိုတာ သိလိုက်သည်။ အားလုံးက ရှောင်ပိုင်ဆီအကြည့်ရောက်လာသည်။ ရှောင်ပိုင်က ဂရုမစိုက်ပဲ ဆိုဖာပေါ်မှာ သွားထိုင်လိုက်ပြီး သူတို့ဘာပြောမလဲဆိုတာ နားထောင်နေသည်။ အချိန်တော်တော်ကြာသည့်အထိ ဘာမှမပြောလာတဲ့ အတွက်ကြောင့် ဒေါသထွက်လာသည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now