part 17

5.9K 362 4
                                    

Zawgyi

part 17

ကျင်းရီ ကျောက်ဖုန်းကိုလိုက်ပို့ပြီးနောက် bossဆီသို့လာခဲ့သည်။ bossကသူ့ကို တာဝန်ပေးထားတဲ့ အလုပ်ကို သူပြီးအောင်လုပ်ရမည်ဖြစ်တာကြောင့် bossဆီသို့ ခပ်မြန်မြန်လာခဲ့သည်။ bossကအစည်းအဝေးလုပ်နေတာကြောင့် bossကို ထိုင်စောင့်နေရသည်။ ခနနေတော့ bossကထွက်လာသည်။ bossကရုံးခန်းထဲကိုဝင်တော့ သူလည်းလိုက်ဝင်လိုက်သည်။ bossကထိုင်ခုံပေါ်၌ စတိုင်ကျကျထိုင်နေပုံက ခန့်ညားလွန်းသည်။ ဒီbossကို ရမဲ့သူသခင်မလေးက အရမ်းကံကောင်းတယ်။ bossကခေါင်းညိမ့်ပြပြီး ပြောဆိုသည့် သဘော။

ကျင်းရီ ''bossကျွန်တော် သခင်မလေးအတွက်စွပ်ပြုတ်ယူသွားပေးတော့ သခင်မလေးကအီတယ်ပြောပြီး ကျောက်ဖုန်းအတွက်ဝယ်ထားပေးတဲ့ ထမင်းကြော်ကို လဲပေးဖို့ပြောပါတယ်။ ကျွန်တော်မရရအောင် စွပ်ပြုတ်ပဲ တိုက်လိုက်ပါတယ်။ စားပြီးတော့ အထုပ်တွေဝိုင်းမပေးတော့ bossဝယ်ပေးသွားတဲ့ မုန့်တွေအကုန်လုံးကို သခင်မလေးကတစ်စမကျန်အကုန်စားလိုက်တယ်လို့ ကျောက်ဖုန်းကပြောပါတယ်''

ကျစ်ဟန် ''. ..........''
bossကအနည်းငယ်ပြုံးနေသည်။ ဘာမှတော့ပြန်မပြောချေ။ ကျင်းရီက ဆက်ပြောသည် ။

ကျင်းရီ ''ပြီးတော့ ကျွန်တော် သခင်မလေးကို အိမ်သို့လိုက်ပို့ပါတယ်။ လမ်းမှာ ကျောက်ဖုန်းက သခင်မလေးကို ဘာလုပ်ထားလို့ပင်ပန်းပြီး
မေ့လဲတာလဲလို့မေးတော့ သခင်မလေးက မျက်နှရဲနေပြီး အဖြေပြန်မပေးပါဘူး။''

bossကအခုနကပြုံးနေတာထက်ပိုပြုံးလာပါတယ်။

ကျင်းရီ '' အဲ့ဒီအစား သခင်မလေးက ငါဘယ်လောက်တော်ကြောင်း ဘယ်လောက်ပြောင်းလဲကြောင်းကိုပြောနေပါတယ်။ ပြောင်းလဲခြင်းအကြောင်းရင်းကလည်း သခင်မလေးက မိထွေးနဲ့ ညီမလေးရဲ့ အနိုင်ကျင့်တာတွေကို သည်းမခံနိုင်လို့ပြောင်းလဲသွားတာလို့ ဆိုပါတယ် ''

ပြုံးနေတဲ့bossရဲ့မျက်နှာပြန်တည်သွားပြီး

ကျစ်ဟန် ''သူ့အဖေကရော မသိဘူးလား''

ကျင်းရီ ''သူ့တို့သားအမိတွေက သူတို့အဖေမရှိမှ အနိုင်ကျင့်ကြတာပါ။ သခင်မလေးရဲ့ အဖိုးအဖွားတွေအမွှေပေးခဲ့တဲ့ အမွှေတွေကို သူ့အဖေကလိုချင်နေတာပါ။အဲ့ဒါကြောင့် သခင်မလေးကို အဲ့သားအမိကဘာလုပ်လုပ်လွှတ်ထားပေးတာဖြစ်တယ်။ သခင်မလေးရဲ့အဖိုးအဖွားတွေက သခင်မလေးရဲ့အမွှေတွေကို ရှောင်မိသားစုရှေ့နေစီမှာ အပ်ထားပါတယ်။ သခင်မလေးအသက်18ပြည့်မှ အမွှေတွေကို ပေးမှာပါ။ ရှောင်မိသားစုရဲ့ ရှေ့နေက သစ္စာရှိတာကြောင့် အမွှေတွေကို ရှောင်သခင်ကြီးက တောင်းသော်လည်းမပေး။
သခင်မလေး18နှစ်ပြည့်မှပေးမည်လို့ပြောထားတာကြောင့်သခင်မလေးအသက်18နှစ်ပြည့်တဲ့အထိစောင့်နေတာပါ။ သခင်မလေးအသက် 18နှစ်ပြည့်တာနဲ့ သခင်မလေးကို ချောက်ချပြီး အမွှေတွေကိုယူမို့ကြိုးစားနေပါတယ်။ သခင်မလေးသိသွားတော့ သခင်မလေးပေါ် ကောင်းကောင်းဆက်ဆံပြီး နောက်တစ်နည်းနဲ့ ယူမို့စဉ်းစားနေပါတယ်။''

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now