part 96

2.3K 154 5
                                    

Zawgyi




part 96


ကျစ်ဟန်က အလုပ်တွေ အားလုံးပြီးသွားအောင်
လုပ်လိုက်သည်။ ရှောင်ပိုင်ကိုကြည့်လိုက်တော့
ကွေးကွေးလေး အိပ်နေလေသည်။

ဒီတော့ ကျစ်ဟန်က ရှောင်ပိုင်ကိုချီလိုက်တော့
ရှောင်ပိုင်ရဲ့ ကိုယ်အပူချိန်ကို ခံစားနေရသည်။
ကိုယ်ပူနေတာကြောင့် ဆိုဖာပေါ်မှာပဲ ပြန်ချထားလိုက်သည်။ ကျစ်ဟန်က မုန့်ရယ် ဆေးရယ် သွားယူလိုက်ပြီး ရှောင်ပိုင်ကို ပြန်နိုးလိုက်သည်။ 
ရှောင်ပိုင်က မျက်လုံးမိတ်လျှက်နဲ့ စကားပြောလာသည်။

ရှောင်ပိုင် " ဘာလုပ်ဖို့နိုးတာလဲ အိပ်နေတဲ့ဟာ "

ကျစ်ဟန် " ကိုယ်ပူနေတယ် ဆေးသောက်ရမယ် "

ရှောင်ပိုင် " ဆေးလား မသောက်ချင်ဘူး "

ကျစ်ဟန် " ကတိပေးထားတာမေ့နေပြီးလား "

ရှောင်ပိုင် " ဟုတ်ပြီး သောက်မယ် သောက်မယ် "

ကျစ်ဟန် " မသောက်ခင် မုန့်အရင်စား "

ရှောင်ပိုင်က အိပ်ချင်မူးတူးနဲ့ ကျစ်ဟန်စကားအတိုင်းမုန့်အရင်စားသည်။ ပြီးတာနဲ့ ဆေးသောက်သည်။ မျက်လုံးမိတ်ထားဆဲပင်။

ရှောင်ပိုင် " ထပ်မနိုးနဲ့တော့နော် အိပ်ပြီး "

ရှောင်ပိုင်က ဆိုဖာမှာပဲ ပြန်အိပ်နေသည်။

ကျစ်ဟန် " ဆိုဖာပေါ်မှာ အိပ်ရင် ကျောနာမှာပေါ့
babyရဲ့"

ရှောင်ပိုင် " ခေါ..ခေါ......"

ကျစ်ဟန်က ရှောင်ပိုင်ကိုပြောနေပေမဲ့ ရှောင်ပိုင်က
ခနလေးနဲ့တင် ပြန်အိပ်ပျော်သွားလေသည်။
ဟောက်တောင်ဟောက်နေသည်။

ကျစ်ဟန် " ဟားးး....အစားကြီး အအိပ်ကြီးတဲ့ babyလေး "

ကျစ်ဟန်က ရှောင်ပိုင်ပါးကို ညစ်လိုက်သည်။
ရှောင်ပိုင်က နာလို့ထင်သည်။ 'ဟွန့်' ဆိုတဲ့အသံထွက်လာပြီး ကျစ်ဟန်ရဲ့ လက်ကို ရိုက်ချလိုက်ကာ ဟိုဘက်လှည့်သွားသည်။

ကျစ်ဟန်က ရီလိုက်ပြီး ရှောင်ပိုင်ကို ပွေ့ချီလိုက်သည်။ ပြီးတာနဲ့ အခန်းထဲသို့ သွားလိုက်ပြီး
ကုတင်ပေါ်မှာ ရှောင်ပိုင်ကို ပေးအိပ်လိုက်သည်။
ကျစ်ဟန်က ရေချိုးခန်းထဲ၌ ကိုယ်လက်သန့်စင်ပြီး
ရှောင်ပိုင်ကို ရင်ခွင်ထဲ ထည့်ကာ အိပ်လိုက်သည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now