Zawgyi
part 82
ဒီလိုနဲ့ သူငယ်ချင်းသုံးယောက် ပျော်ရွင်စွာ ဈေးဝယ်နေကြသည်။ ကိုင်ရတဲ့ အိမ်တော်ထိန်းမှာ လက်နာနေလေပြီး။ ဒါပေမဲ့ သူငယ်ချင်းသုံးယောက်က ဆက်ဝယ်နေဆဲ။
ကျောက်ဖုန်း " အိမ်တော်ထိန်း နာမည်ဘယ်လိုခေါ်လဲ"
အိမ်တော်ထိန်း " လီမု"
ရှောင်ပိုင်တို့ အရုပ်ဆိုင်တစ်ဆိုင်က ထွက်အပြီးမှာ ကျောက်ဖုန်းက.......
ကျောက်ဖုန်း " ဟယ် ငါမေ့နေတာ ဝယ်စရာတစ်ခုရှိသေးတယ်"
ရှောင်ပိုင် " ကျန်သေးတာလား ငါတို့မဝင်ရသေးတဲ့ဆိုင်ဆိုလို့ 5ဆိုင်ပဲကျန်တော့တာမလား တွေ့သမျှဆိုင်ထဲကိုဝင်လွန်းလို့ "
ကျောက်ဖုန်း " အေ ကျန်သေးတယ် တိရစ်ဆာန် ပစ္စည်းရောင်းတဲ့ဆိုင်လေ"
ရှောင်ပိုင် " နင်ကဘာဝယ်မို့လဲ"
ကျောင်ဖုန်း " ခွေးလည်ပတ်"
ကျောက်ဖုန်းက ပြောလိုက်တော့ ရှောင်ပိုင်က တအံ့တသြနဲ့ မေးလာသည်။
ရှောင်ပိုင် " နင်မှာ ခွေးရှိလို့လား နင်ခွေးမွေးတယ်လို့လဲ မကြားဖူးပါဘူး "
ဟန်ဖုန်း " အေလေ ကျင်းရီမှာလည်းခွေးမရှိပါဘူး"
ကျောက်ဖုန်း " ခွေးတွက်မဟုတ်ပါဘူး "
ရှောင်ပိုင် " ခွေးတွက်မဟုတ်ရင် ကြောင်တွက်လား ကြောင်ကို ခွေးလည်ပတ်ဆွဲပေးရင် ကြီးနေမှာပေါ့"
ကျောက်ဖုန်းက ဘာမှမပြောပဲ တိရစ်ဆာန်ပစ္စည်းအရောင်းဆိုင်ဘက်ကို သွားပါလေရော။ ရှောင်ပိုင်တို့က အနောက်ကနေပြေးလိုက်ရလေသည်။
တိရစ်ဆာန်ပစ္စည်းအရောင်းဆိုင်သို့ရောက်တော့ ကျောက်ဖုန်းက ခွေးလည်ပတ်တွေထားထားတဲ့ နေရာကို သွားပြီး ခွေးလည်ပတ်လေးတွေကိုရွေးနေလေသည်။
ကျောက်ဖုန်း " ဒီဟာလေးလှလား"
ကျောက်ဖုန်းက ခရမ်းရောင် လည်ပတ်ကို ကိုင်ပြီး မေးလာလေသည်။
YOU ARE READING
The CEO's Brave Girl Season (1) (Complete)
Romancetime travel အမျိုးအစားလေးပါ။ အမှားပါရင် ခွင့်လွှတ်ပါ။ ချစ်သူရဲ့ သစ္စာဖောက်ချင်းကို ခံရပြီး time travel ဖြစ်လာတဲ့ ပိုင်ကျင်းကျင်း ။ မိထွေးနဲ့ညီမ က နိုပ်စက်မှုကြောင့် သေသွားတဲ့ ရှောင်ပိုင်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာပြီး ဘယ်လိုကလဲ့စားချေမလဲ အချစ်ရေးလေးကလဲ...