part 100 (Final)

4.9K 198 46
                                    

 
Zawgyi

part 100

နေရင်းထိုင်ရင်းနဲ့ နှစ်လပြည့်ခဲ့ပြီး။ ဒီနှစ်လအတွင်းမှာလဲ ကျစ်ဟန်နဲ့ ရှောင်ပိုင်လက်ထပ်ရန်
စီစဉ်ခဲ့ကြသည်။ ရှောင်ပိုင်တစ်ယောက် ဒီမှာနေရင်း အရင်ဘဝကို မေ့ထားလေသည်။ ထပ်၍ နာကျင်ဖွယ်အကြောင်းတွေကို မစဉ်းစားချင်တော့ပေ။

ဒီနေ့မှာတော့ ကျစ်ဟန်နဲ့ရှောင်ပိုင် အတူတူ ရုံးတက်လက်မှတ်ထိုးကြသည်။ နောက်တစ်ပတ်နေရင် မင်္ဂလာပွဲကျင်းပမှာ ဖြစ်သည်။ လက်မှတ်ထိုးပြီးတာနဲ့ ရှောင်ပိုင်တို့က ကားပေါ်သို့တက်လိုက်ကြသည်။ driver ပါတာကြောင့် နှစ်ယောက်လုံးနောက်မှာထိုင်ကြသည်။

ကျစ်ဟန်က နားကြပ်တပ်ပီး သီချင်းနားထောင်နေတဲ့ ရှောင်ပိုင်ကို ကြည့်လိုက်သည်။ ရှောင်ပိုင်က မျက်လုံးမိတ်ထားပြီး ကားမှန်ဘက်သို့ မျက်နှာမူထားတာကြောင့် ရှောင်ပိုင်မျက်နှာကို မတွေ့ရပေ။

ကျစ်ဟန်က ရှောင်ပိုင်ကို ခါးကနေကိုင်ပြီး ကျစ်ဟန်ရဲ့ ကိုယ်ပေါ်တင်လိုက်သည်။ ရှောင်ပိုင်က မျက်လုံးမဖွင့်ပဲ အလိုက်သင့်နေပေးလိုက်သည်။ တကယ်တော့ ဒီလိုပုံစံမျိုးကို ရှောင်ပိုင်သဘောကျလေသည်။

ကျစ်ဟန်က ရှောင်ပိုင်နားထဲက နားကြပ်တစ်ခုကို ယူပြီး နားမှာတပ်လိုက်သည်။ ရှောင်ပိုင်က Xiao Zhanဆိုထားတဲ့ Wan You yin li သီချင်းကို ဖွင့်ထားသည်။

ရှောင်ပိုင် " လူကြီး ဘာလို့ နားကြပ်ကိုယူတာလဲ "

ကျစ်ဟန် " တစ်ယောက်တစ်ဖက်လေ "

ရှောင်ပိုင် " နှစ်ဖက်လုံးဆို အပြင်မှာတကယ်ဆိုသလိုနဲ့တူတယ် ပြန်ပေး "

ကျစ်ဟန် " မပေးဘူး "

ရှောင်ပိုင် " ပေးဆို "

ကျစ်ဟန် " ရအောင်ယူလေ "

ကျစ်ဟန်က ရှောင်ပိုင်ကို ကိုယ်ပေါ်ကနေ ပြန်ချထားလိုက်သည်။ကျစ်ဟန်က နားကြပ်တစ်ဖက်ကို မြောက်ထားသည်။ ရှောင်ပိုင်ယူမယ်လုပ်တိုင်း ဟိုဘက်ဒီဘက်ရွှေ့ရွှေ့သွားတော့ ရှောင်ပိုင်ကျစ်ဟန်ဆီကယူလို့မရပေ။

The CEO's Brave Girl Season (1) (Complete)Kde žijí příběhy. Začni objevovat