part 13

6.7K 405 0
                                    

Zawgyi

part 13

ရှောင်ပိုင်စာသင်တဲ့အချိန်မှာ နည်းနည်းမူးနေတာကြောင့် ဆရာမကိုခွင့်တောင်းပြီးအိပ်လိုက်သည်။ ကျောက်ဖုန်းက ကျောင်းဆေးခန်းလိုက်ပို့မယ်ဆိုတော့လည်း ရှောင်ပိုင်က ငြင်းတာကြောင့် မပို့ဖြစ်။ ဒီလိုနဲ့ နေ့လည်ထမင်းစားချိန်ရောက်တော့
ရှောင်ပိုင်နဲ့ ကန်တင်းသွားကြတယ်။

ကျောက်ဖုန်း ''ရှောင်ပိုင် ဆေးခန်းသွားကြမလား။ ငါခေါ်သွားပေးမယ်လေ။''

ရှောင်ပိုင် ''မသွားလျင်ဘူး''
@ငါဆေးခန်းကြောက်ပါတယ်ဆိုမှ ဆေးခန်းအကြောင်းလာပြောနေတယ်😭@

ကျောက်ဖုန်း ''အဲ့ဒါဆိုလည်းပြီးရော။ ဒါပေမဲ့ ထမင်းစားပြီးရင် ဆေးသောက်ရမယ်နော်။ ပြီးရင် ဆရာမကိုငါခွင့်တိုင်ပေးမယ်။ နင်အိမ်ပြန်လိုက်။ ကြားလား။ ငါပြောသလိုမလုပ်ရင် မတဲ့တော့ဘူးနော်''

ရှောင်ပိုင် ''အေပါဟယ်။ ပွစိပွစိနဲ့အမေကြီးကျနေတာပဲ။ အာ...မဟုတ်ဘူး အဖွားကြီး''

ကျောက်ဖုန်း ''အဖွားကြီးဆိုလဲ အဖွားကြီးပေါ့။ သွားမယ် နောက်ကျသွားရင် ဝက်သားနံရိုးပေါင်း ကုန်သွားလိမ့်မယ်။''

ရှောင်ပိုင် ''အေပါ'' (အသံတိုးတိုးဖြင့်)
@ငါအမြင်ဝေဝါးနေသလိုပဲ။ ငါခေါင်းတွေလဲ မူးနေပြီး ငါလဲကျတော့မယ်။@

ရှောင်ပိုင်လမ်းလျှောက်တာ တစ်ဖြေးဖြေးနှေးလာသည်။ အမြင်အာရုံလဲဝေဝါးနေပြီး လဲကျတော့မည်။ ရှောင်ပိုင်အားတင်းပြီး လျှောက်နေရင်း အရှေ့ကလာနေတဲ့ လူကြီးတစ်ယောက်ကို တိုက်မိပြီး ရှောင်ပိုင်လည်း လောကကြီးနဲ့ အဆက်အသွယ် ပျက်သွားတော့သည်။

ရှောင်ပိုင်နိုးလာတော့ အဖြူရောင်မျက်နှာကျက်ကိုတွေ့ရသည်။ ဆေးနံ့တွေရနေလို့ ဆေးရုံဆိုတာသိလိုက်သည်။ ရှောင်ပိုင်လည်း ဘေးဘက်ကိုကြည့်မိတော့ ကျောက်ဖုန်းကိုတွေ့ရသည်။

ကျောက်ဖုန်း ''ရှောင်ပိုင် နင်နိုးလာပြီးလား။ ဘယ်နားနာနေသေးလဲ။ ငါဆရာဝန်ခေါ်အုံးမယ်။''

ကျောက်ဖုန်းဆရာဝန်ခေါ်လိုက်သည်။ ရှောင်ပိုင်ကို စမ်းသပ်ပြီးတော့

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now