part 32

4.8K 310 11
                                    

Zawgyi

Part 32

ဟန်ဖုန်းက ရှောင်ပိုင်ကို မုန့်ဖိုးရဖို့အတွက် မရမကခေါ်သွားလေသည်။ ကားထဲရောက်တော့ ရှောင်ပိုင်နဲ့ ဟန်ဖုန်းက နောက်မှာထိုင်လိုက်သည်။ ဒါရိုက်ဘာနဲ့ ကျင်းရီကတော့
အရှေ့မှာပေါ့။ ကား ကုမ္ပဏီကစထွက်တာနဲ့ ရှောင်ပိုင်က သိချင်တာတွေ မေးလိုက်သည်။
ဟန်ဖုန်းကတော့ အာလူးကြော်တစ်ထုတ်ကို ဖောက်စားနေပြီး ကျန်လက်တစ်ဖက်နဲ့ တစ်ယောက်ယောက်ကိုစာပို့နေလေသည်။ တစ်ဖက်လူက ဘာပြန်ပြောလာလဲမသိ။ ပျော်နေတဲ့ပုံကြီးက.....အင်.............,. ............................................ဖားခုန်နေသလိုပဲ။

ရှောင်ပိုင် "ဟန်ဖုန်းမ နင်ငါ့ကိုဘာတွေဖြစ်နေလဲဆိုတာ ရှင်းပြပါအုံး။ ငါလည်နေပြီး။ ငါကိုဘာဖြစ်လို့သခင်မလို့ခေါ်နေတာလဲ။ "

ဟန်ဖုန်း "စိတ်အေးအေးထားပါ။ ငါရှင်းပြပါမယ်"

ရှောင်ပိုင် "ချီးကိုစိတ်အေးအေးထား။ ငါ့ကို
နင့်ကို အစ်ကိုနဲ့ ပေးစားနေပြီးတော့။"

ဟန်ဖုန်း "ပြောပြပါမယ်။ ခန ငါအာလူးကြော်စားနေတယ်လေ"

ရှောင်ပိုင် "ပေး အဲ့အာလူးကြော် ငါလည်းစားချင်တယ်"

ရှောင်ပိုင် ဟန်ဖုန်းလက်ထဲက အာလူးကြော်လုလိုက်သည်။ သူကုမ္ပဏီမှာ အားလုံး စားရသေးတာမဟုတ်။

ဟန်ဖုန်း "အငတ်မကတစ်မျိုး။ သိချင်တာလဲ သူပဲ။ စားချင်နေတာလည်း သူပဲ"

ရှောင်ပိုင် "ဘယ်တူမလဲ။ မုန့်စားမှ အားရှိမှာ။ အဲ့ဒါမှ ခုဖြစ်နေတာ ဖြေရှင်းလို့ရမှာပေါ့။ အစားမစားရရင်သေသွားမှာပေါ့။ မေးတဲ့ကိစ္စက စားလို့မှမရတာ။"

ရှောင်ပိုင် စကားကိုကြားတဲ့ကျင်းရီမှာတော့ တကယ့်အစားပုတ်တာပဲလို့ တွေးပြီး ခေါင်းခါနေလေရဲ့။

ဟန်ဖုန်း "ငတ်နေတယ်ဆိုငတ်နေတယ်ပြော။ ဖြေရှင်းမယ် ဘာမယ် ညာမယ်လာမထည့်နေနဲ့။ "

ရှောင်ပိုင် "ဟွန့် ပြောမဲ့ကိစ္စသာ ပြောစမ်းပါ။"

ဟန်ဖုန်း "တကယ်တော့ နင်အလုပ်လုပ်တဲ့ ကုမ္ပဏီက ငါ့ကိုကြီး ကုမ္ပဏီ။"

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now