part 75

2.5K 170 5
                                    

Zawgyi



part 75

ကျင်းရီကုမ္ပဏီကိုရောက်တော့ အထဲကို ဝင်သွားလိုက်သည်။ နေ့လည်စာစားချိန်ဆိုတာကြောင့် လူတွေဆင်းလာကြတာတွေ့သည်။ ကျောက်ဖုန်းတစ်ယောက် ထော့နဲ့ထော့နဲ့နဲ့ ယောင်လည်လည် ဟိုသွားသည်သွားလုပ်နေသည်။ ဘယ်သွားရမလဲမသိတာကြောင့်ပင်။ အဲ့မှာ လူတစ်ယောက်က ကျောက်ဖုန်းနာမည်ကို အော်ခေါ်နေသံကြားလိုက်ရသည်။

ကျဲရှင်း " ကျောက်ဖုန်း !!"

ကျောက်ဖုန်းလဲလှည့်လိုက်သည်။ ကျဲရှင်းက ကျောက်ဖုန်းနားလာပြီးမေးလာသည်။

ကျဲရှင်း " မောင်လေးကကျောက်ဖုန်းလား"

ကျောက်ဖုန်း " ဟုတ်ပါတယ်"

ကျဲရှင်း " နောက်ဆုံးတော့ ရှာတွေ့ပြီးပေါ့"

ကျောက်ဖုန်း " ကျဲကဖုန်းဆက်တဲ့ ကျဲလား"

ကျဲရှင်း " ဟုတ်တာပေါ့ ကျဲနာမည်က ကျန်ရှင်းပါ။ ကျဲရှင်းလို့ခေါ်လို့ရပါတယ်နော် ကျဲကကျောက်ဖုန်းကို ခေါ်သွားပေးမယ်"

ဆိုပြီး ကျောက်ဖုန်းကိုခေါ်သွားလေရဲ့။ ကျောက်ဖုန်းလည်း ကုပ်ကုပ်နဲ့လိုက်လာခဲ့သည်။ ကျဲရှင်းက ကျောက်ဖုန်း ဘာလုပ်ရမလဲဆိုတာသေချာရှင်းရင်း လာခဲ့သည်။ ကျဲရှင်းက ကျောင်ဖုန်းကို ရှောင်ပိုင်စားပွဲဘေးက စားပွဲမှာ နေရာချထားပေးသည်။

ကျဲရှင်း " မောင်လေးကျောက်ဖုန်းက ဒီမှာထိုင်ရမှာ"

ကျောက်ဖုန်း " ကျေးဇူးပါ ကျဲရှင်း "

လို့ပြောလိုက်တော့ ကျဲရှင်းက ကျောက်ဖုန်းကို နှုတ်ဆက်ပြီး ထွက်သွားသည်။ ကျောက်ဖုန်းကလည်း ထိုင်ခုံမှာ ထိုင်ချမိတော့ ခါးအောက်ပိုင်းကနာကျင်မှုကြောင့်ပြန်ထမိသည်။ ပြီးတာနဲ့ဖြေးဖြေးချင်းဆီပြန်ထိုင်ရသည်။

ဟိုဘက်ဒီဘက်လှည့်ကြည့်ပြီးလိုက်စပ်စုကြည့်သည်။

ကျောက်ဖုန်း " လှသားပဲ အရင်တစ်ခေါက်လာတုန်းက သေချာမကြည့်မိဘူး...... အမ်း"

ကျောက်ဖုန်း အဲ့အချိန်မှာ သတိရလာသည်က ရှောင်ပိုင်းပင်ဖြစ်သည်။ ရှောင်ပိုင်ကို ရှာကြည့်တော့ ဘေးစားပွဲမှာ သရေတွေယိုပြီး အိပ်နေသည်။ မှောက်အိပ်နေတာကြောင့် သတိမထားမိတာဖြစ်သည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now