part 84

2.4K 164 2
                                    

Zawgyi




part 84

ခနနေတော့ တံခါးခေါက်သံကြားလိုက်ရသည်။

ဝိတ်တာ" ဝင်လာလို့ရမလား"

ဟန်ဖုန်း " ဝင်ခဲ့ "

လို့ပြောလိုက်တော့ တွန်းလှည်းနဲ့ ရှောင်ပိုင်တို့မှာထားတာတွေလာပို့တဲ့ ဝိတ်တာ။
ဝိတ်တာက အထဲဝင်ပြီး စားပွဲပေါ်မှာ အစားအစာတွေကို ချပေးလာသည်။

ဝိတ်တာ " အစားအစာတွေက များလို့ တွန်းလှည်းနဲ့ မဆံ့လို့ နောက်တစ်ခါသွားယူရပါမယ် ခနစောင့်ပါ"

ဆိုပြီးပြန်ထွက်သွားသည်။

ရှောင်ပိုင် " နောက်တစ်ခါလာမှာ ငါမစောင့်နိုင်ဘူး ငါဗိုက်ဆာနေပြီး စားတော့မယ်"

ဆိုပြီး အစားအစာတွေကို ပါးစပ်ထဲ ထိုးထည့်နေလေသည်။ ကျောက်ဖုန်းနဲ့ ဟန်ဖုန်းလည်း ရှောင်ပိုင်လိုပင် စားနေကြသည်။

3မိနစ်လောက်ကြာတော့ တံခါးခေါက်သံထပ်ကြားလိုက်ရသည်။ ဟန်ဖုန်းကစားနေတာ ခေါင်းတောင် မဖော်တော့ပေ။ ကျောက်ဖုန်းက ဇွန်းကိုကိုင်ပြီး ပြောလာသည်။

ကျောက်ဖုန်း " ဝိတ်တာလာပြီးဖြစ်မယ်"

ဟန်ဖုန်းကစားနေရင်းနဲ့ပင်ပြောလိုက်သည်။

ဟန်ဖုန်း " အဲ့လောက် မြန်လား"

ရှောင်ပိုင်က အစားတွေကို ပါးစပ်အပြည့်နဲ့ ပလုပ်ပလောင်းပြောလိုက်သည်။

ရှောင်ပိုင် " ဝင်ခဲ့ "

ထိုချိန်တံခါးဖွင့်သံကြားလိုက်ရသည်။ ရှောင်ပိုင်ကပါးစပ်ထဲအသားဖက် တစ်ခု ထည့်ပြီးလှည့်ကြည့်လိုက်သည်။

ရှောင်ပိုင်တို့ဆီလာနေတဲ့ လူကြောင့် ရှောင်ပိုင်မှာ အစာသီးသွားရသည်။

ရှောင်ပိုင် " အဟွတ်....အဟွတ်"

ထိုလူက ရှောင်ပိုင်ဆီလာပြီး ရှောင်ပိုင်ဘေးမှာ ထိုင်လိုက်သည်။


ကျစ်ဟန် " ဖြေးဖြေးစား baby "

ဆိုပြီး ရေတစ်ခွက် ကိုင်ပြီး ရှောင်ပိုင်ကို တိုက်လေသည်။ နောက်လက်တစ်ဖက်ကလဲ ရှောင်ပိုင်ရဲ့ ကျောကို ပုတ်ပေးနေသည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now