Zawgyi
part 85
ကျစ်ဟန်က ရှောင်ပိုင်ကို ချီလိုက်တော့ ရှောင်ပိုင်က လန့်ပြီး အော်မိသွားသည်။
ရှောင်ပိုင် " ဘာ...ဘာလို့ချီတာလဲ"
ကျစ်ဟန် " baby လမ်းမလျှောက်နိုင်ဘူးဆို"
ရှောင်ပိုင် " ဒါပေမဲ့....."
ကျစ်ဟန် " ဒါပေမဲ့ဆိုတာမရှိဘူး"
ကျစ်ဟန်က ရှောင်ပိုင်ကို ချီပြီး ရုပ်တည်ကြီးနဲ့ VIPအခန်းထဲကနေထွက်သွားသည်။ ဟန်ဖုန်းနဲ့ ကျောက်ဖုန်းက အနောက်ကနေလိုက်သည်။ ဟန်ဖုန်းမှာ ကျစ်ဟန်ရဲ့ roမှုကို လက်ဖျားခါနေသည်။
ဟန်ဖုန်း " အားကျလိုက်တာ"
ကျောက်ဖုန်း " အားကျရင် တစ်ယောက်ရှာလေ"
ဟန်ဖုန်းက ကျောက်ဖုန်းကို မျက်စောင်းထိုးလိုက်ပြီး ပြန်ပြောလိုက်သည်။
ဟန်ဖုန်း " နင်မှာရှိလို့ငါကိုနိုမ်နေတာလား ကြည့်နေ ငါလည်းတစ်ယောက်ရှာပြမယ်"
ကျောက်ဖုန်း " စောင့်နေမယ်"
ဟန်ဖုန်း " ဟွန့် "
ဆိုပြီး ခြေစောင့်ပြီး ကျောက်ဖုန်း အရှေ့မှထွက်သွားလေသည်။
ကားပါကင်ရောက်တော့ ဟန်ဖုန်းနဲ့ကျောက်ဖုန်းက
ကျင်းရီအိမ်ကယူခဲ့တဲ့ကားနဲ့သွားကြသည်။
ကျစ်ဟန်က ရှောင်ပိုင်ကို ချီပြီးကားနောက်ခန်းထဲမှာထည့်ပြီး သူပါဝင်ထိုင်လိုက်သည်။ရှောင်ပိုင်လည်း ကားရှေ့ခန်းကိုကြည့်လိုက်တော့
ကျင်းရီကိုတွေ့သည်။ ရှောင်ပိုင်က ကျစ်ဟန်ဘက်ကိုလှည့်ပြီးတော့မေးလိုက်သည်။ရှောင်ပိုင် " လူကြီး ကျင်းရီပါ ပါမှာလား "
ကျင်းရီ " ကျွန်တော်ပါပါမှာ "
ရှောင်ပိုင် " အဲ့ဒါဆိုကောင်းတာပေါ့ ကျောက်ဖုန်း အဖော်ရတာပေါ့ "
ကျင်းရီ " ............."
ရှောင်ပိုင် "@ ကျောက်ဖုန်းလင်တောင်လာပြီး ဟန်ဖုန်းတစ်ယောက်ထဲ ကျန်နေမှာပေါ့.... ,................ ဟုတ်ပြီး....... ဂျွန်ဂူကိုပါ ခေါ်ရမယ်@"
![](https://img.wattpad.com/cover/258153420-288-k961213.jpg)
YOU ARE READING
The CEO's Brave Girl Season (1) (Complete)
Romancetime travel အမျိုးအစားလေးပါ။ အမှားပါရင် ခွင့်လွှတ်ပါ။ ချစ်သူရဲ့ သစ္စာဖောက်ချင်းကို ခံရပြီး time travel ဖြစ်လာတဲ့ ပိုင်ကျင်းကျင်း ။ မိထွေးနဲ့ညီမ က နိုပ်စက်မှုကြောင့် သေသွားတဲ့ ရှောင်ပိုင်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာပြီး ဘယ်လိုကလဲ့စားချေမလဲ အချစ်ရေးလေးကလဲ...