part 76

2.5K 177 22
                                    

Zawgyi


part 76

ရှောင်ပိုင် " ဒါဘာဖြစ်တဲ့ ဒဏ်ရာလဲ"

ကျောက်ဖုန်း " ဘာ....ဘာမှမဖြစ်ပါဘူး"

ရှောင်ပိုင်က ကျောက်ဖုန်းကိုအကြည့်စူးစူးနဲ့ကြည့်လိုက်သည်။

ရှောင်ပိုင် " ငါကနင့်သူငယ်ချင်းနော် နင်လိမ်ရင်ဘယ်လိုပုံလဲဆိုတာငါသိတယ်နော်"

ကျောက်ဖုန်း " ဒီတိုင်း ဓားနဲ့ထိသွားတာ"

ရှောင်ပိုင် " နင်ငါ့ကိုလိမ်လို့ရမယ်ထင်နေလား မနေ့ညက နင်လက်မှာဘာမှမရှိဘူး ကျင်းရီက နင့်ကိုဘာမှခိုင်းမဲ့ပုံမပေါ်ဘူး ပြီးတော့ ဒီဒဏ်ရာက ရထားတာမကြာသေးဘူး သွေးနည်းနည်း ထွက်နေတုန်းပဲ အမှန်တိုင်းပြော"

ကျောက်ဖုန်း " ပြော...ပြောပါ့မယ် ငါ့လက်အရင်လွှတ်နာနေပြီး အသေပဲသူ့အသားမဟုတ်တိုင်း"

ရှောင်ပိုင် " SORRY ပါကွယ်"

ကျောက်ဖုန်း " ငါဒီတိုင်းစားချင်တာတစ်ခုရှိလို့ ဘယ်သူမှမရှိတုန်း သွားချက်တာ မချက်တတ်တော့ ဓားနဲ့ထိသွားတာ"

ရှောင်ပိုင် " တကယ်ပြောတာလား"

ကျောက်ဖုန်း " အေးဆို "

ရှောင်ပိုင် " ဟုတ်ပါပြီး "

ကျောက်ဖုန်း " ငါရေသွားခပ်လိုက်အုံးမယ်"

ဆိုပြီး ကျောက်ဖုန်းက ရေသွားခပ်သည်။ ကျောက်ဖုန်း ရေသွားခပ်ပြီးပြန်လာတော့ ရှောင်ပိုင်ကကျောက်ဖုန်းကို ကြည့်မိတော့ ပါးမှာ လက်ဝါးအရာကြီးက ထင်းနေအောင်တွေ့နေရသည်။

ရှောင်ပိုင်ကို ကျောက်ဖုန်းလာနိုးတုန်းက ရှောင်ပိုင်ကအိပ်ချင်မူးတူးနဲ့ထလာတာကြောင့် ကျောက်ဖုန်းမျက်နှာပေါ်ကလက်ဝါးရာကြီးကိုမတွေ့တာဖြစ်သည်။ ကျောက်ဖုန်းနဲ့ကျင်းရီကိုစကားပြောနေတုန်းကလဲ ကျောက်ဖုန်းရဲ့မျက်နှာက နီနေတာကြောင့် မတွေ့ခဲ့ရချင်းဖြစ်သည်။ စားနေတုန်းကလဲ ဒဏ်ရာကိစ္စကြောင့်သတိမထားခဲ့မိခြင်း။

ခုသတိထားမိတာက ကျောက်ဖုန်းရဲ့ထော့နဲ့ထော့နဲ့နဲ့ လမ်းလျှောက်တာနဲ့ လည်ပင်းကအမှတ်အသားတွေနဲ့ နှခမ်းပေါက်နေတာကိုကြည့်ရင်းသတိထားမိခဲ့ခြင်းပဲဖြစ်သည်။

The CEO's Brave Girl Season (1) (Complete)Kde žijí příběhy. Začni objevovat