part 86

2.2K 142 1
                                    

Zawgyi



part 86

ကစားကွင်းကို သွားတဲ့လမ်းတစ်လျှောက်လုံး ရှောင်ပိုင် ကျစ်ဟန်ရဲ့ ပေါင်ပေါ်မှာပဲ ထိုင်ခဲ့ရသည်။ ရှောင်ပိုင် ဒီတိုင်းထိုင်နေရခြင်းက ရှောင်ပိုင်
စိတ်တိုင်းကျ ကျစ်ဟန်က လုပ်ပေးမယ်ဆိုသောကြောင့် ဖြစ်သည်။

ခနနေလောက်ကြာတော့ ကစားကွင်းကိုရောက်ပါပြီး။ ကျင်းရီက ရှောင်ပိုင်တို့ကို ကစားကွင်းရှေ့မှာ ချပေးပြီး ကားပါကင်မှာ ကားသွားထားနေသည်။

ဟန်ဖုန်းတို့က ရှောင်ပိုင်တို့ထက် ပိုစောပြီးရောက်နေသည်။ ဟန်ဖုန်း ရှောင်ပိုင်နားလာလိုက်သည်။

ဟန်ဖုန်း " ရှောင်ပိုင် သွားရအောင် "

ရှောင်ပိုင် " ခန ငါလူတစ်ယောက်ကို ခေါ်ထားတယ်
သူလာနေပြီးတဲ့ ခနလေးပဲစောင့် "

ဟန်ဖုန်း " ဘယ်သူလဲ "

ရှောင်ပိုင် " ရောက်ရင်သိမှာပေါ့"

ကျောက်ဖုန်း " ငါမကောင်းတဲ့ ခံစားချက်တွေရနေတယ် ရှောင်ပိုင် ဘယ်ကလူခေါ်ထားလဲမသိ"

ရှောင်ပိုင်က မကောင်းဆိုးဝါးအပြုံးဖြင့် ဟန်ဖုန်းတို့ကို ပြုံးပြလိုက်သည်။ ဟန်ဖုန်းတို့က ကြက်သီးတွေထနေလေပြီး။

ကျစ်ဟန် " baby ဘယ်သူ့ကိုခေါ်ထားတာလဲ "

ရှောင်ပိုင် " ဟဲဟဲ လျှို့ဝှက်ချက် သူရောက်ရင်ကြည့်ပေါ့"

ကျစ်ဟန် " ယောင်္ကျားလေးလား"

ရှောင်ပိုင် " ဟုတ်တယ် "

ကျစ်ဟန်မှာ အအေးဓာတ်တွေ ထုတ်လွှတ်နေသည်။ ထိုချိန် ကျင်းရီက ကားထားရာကနေ ပြန်လာသည်။ ကျောက်ဖုန်းက ကျင်းရီကို တွေ့တော့ အံ့သြသွားသည်။ ကျောက်ဖုန်းက ရှောင်ပိုင် နားကပ်ပြီး နှစ်ကိုယ်ကြားလေသံဖြင့်မေးလိုက်သည်။

ကျောက်ဖုန်း " ကောကောပါတာ ငါ့ကိုဘာလို့မပြောတာလဲ"

ရှောင်ပိုင်လည်း ကျောက်ဖုန်းကို နှစ်ကိုယ်ကြားလေသံဖြင့် ပြန်ပြောလိုက်သည်။

ရှောင်ပိုင် " ငါလည်း ကားပေါ်မှာ သိတာ သူပါလိုက်မှာတဲ့"

ထိုချိန်ဟန်ဖုန်းက သူတို့နှစ်ယောက်နားကပ်ပြီးပြောလိုက်သည်။

The CEO's Brave Girl Season (1) (Complete)Unde poveștirile trăiesc. Descoperă acum