Extra_2 💛[_|>••<|_]

2.7K 101 26
                                    

Zawgyi




Extra_(2)

ရှောင်ရွဲ့ အိမ်ထဲပြေးဝင်လာတော့ ဂျွန်ဟန်နဲ့
စကားပျော်ပျော်ရွင်ရွင်ပြောနေကြတဲ့
ပါးနဲ့မားကို တွေ့ရသည်။ ဂျွန်ဟန်ကလည်း
မအားမနာနဲ့ မနက်စာ စားနေသည်ကို တွေ့ရသည်။

ရှောင်ရွဲ့က နီရဲတဲ့ မျက်နှာနဲ့ ခုံပေါ်၌ ထိုင်ကာ
မနက်စာဆက်စားတော့သည်။ လျန်ဖုန်းက
ဘာလို့ မျက်နှာနီနေတာလဲဆိုတာ နားမလည်
ပေမဲ့ နောက်နေ လိုက္လာတဲ့ ကျင်းယွမ်ကို
မြင်မှ နားလည်သွားတော့သည်။ ကျစ်ဟန်ပြော
ထားသည့်အတွက် သူသိပေသည်။ သူလည်း
ကျင်းယွမ်နဲ့ သဘောတူသည်။

ကျင်းယွမ်က ရှောင်ရွဲ့ကို ဘာလုပ်လိုက်တာလဲ။
နမ်းလိုက်တာလား။ ပါးကို နမ်းလိုက်တာလား။
နှခမ်းကို နမ်းလိုက်တာလား။ ဒါမှမဟုတ်
မက်မွန်သီးကို ကိုင်လိုက်လို့လား။ ငါ့သားကို
ငယ်ငယ်ထဲကနေ ကြည့်ရှုလာတာ ငါ့သား
မက်မွန်သီးဘယ်လောက် လုံးလဲ အိလဲဆိုတာ
ငါသိတယ် ကျင်းယွမ်ဘယ်လောက်တောင်
ကိုင်လိုက်လို့ ဒီလောက်တောင် နီနေရတာလဲ။
ငါ့သားရဲ့ ပထမအကြိမ်မှာ ဘယ်လောက်တောင်
နာမလဲ။ ငါသားက အရမ်းနုတာ။ အဲ့လိုနုတော့လဲ
တစ်မျိုးကောင်းသား။ Liveကြည့်လို့ကောင်းတယ်။ ငါသူတို့ရဲ့ Liveကို သွားကြည့်ချင်လိုက်တာ
ဒါပေမဲ့ လူကြီးက သူ့ကို ပေးကြည့်မဲ့ပုံမပေါ်ဘူး။
လျန်ဖုန်းရဲ့ Fujoshiပိုးက ထကြွလာပါတော့သည်။


ကျင်းယွမ် " ယောက္ခမကြီးနဲ့ ယောက္ခထီးကြီး
မင်္ဂလာပါဗျ ကျွန်တော်လည်း မနက်စာ
ဝင်စားလို့ရလားဗျ "

ရှောင်ပိုင် "  ဝင်စား မနက်စာသာမက
ရှောင်ရွဲ့ကိုပါ စားလည်း ခွင့်ပြုတယ် "

ရှောင်ရွဲ့ " မားးး!!!"

ကျစ်ဟန် " စားရုံသာမက အပြီးကားတင်ပြေးလည်း ရတယ်"

ကျင်းယွမ်ကတော့ ပျော်နေလေပြီး။
တစ်ခါထဲ ကားတင်ပြေးချင်ပေမဲ့ baeကို
အရင် ဘွဲ့ယူအခမ်းအနားပြီးမှ တစ်ခါထဲ
ကားတင်ပြေးဖို့ ကျစ်ဟန်တို့နဲ့လည်း
တိုင်ပင်ထားပြီးလေပြီး။

ရှောင်ရွဲ့ " ဆက်ပြောရင် စိတ်ဆိုးလိုက်မှာနော်
မားနဲ့ပါး "

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now