part 47

4.3K 238 4
                                    

Zawgyi

part 47

ရှောင်ပိုင်ရေချိုးခန်းထဲသို့ရောက်တော့ အဝတ်တွေချွတ်ပြီး ရေစချိုးလိုက်သည်။ ရေထိလိုက်တာနဲ့အမူးတစ်ဝက်လောက်ပြေသွားသည်။
(ရစ်ရအုံးမှာမလို့)

ရှောင်ပိုင် " ရေချိုးချင်စရာကြီး....အေးအေးလေးနဲ့"

ဆိုပြီး ရေစချိုးပါလေရော။ ဆပ်ပြာဘူးထဲက ဆပ်ပြာရည်အနည်းငယ်ယူပြီး နမ်းကြည်လိုက်သည်။

ရှောင်ပိုင် " ဟမ်.......မွှေးနေတာပဲ"

ဆိုပြီး ဆပ်ပြာဘူးအဖုံးကို ဖွင့်လိုက်ပြီး ဆပ်ပြာရည်တွေကို ကိုယ်ပေါ်လောင်ချလိုက်သည်။ မူးနေသည့်အတွက် လုပ်ချလိုက်တာဖြစ်သည်။ မူးသာမမူးနေရင် ရှောင်ပိုင်လုပ်မည်မဟုတ်။ ဘာလို့ဆို အဲ့ဆပ်ပြာက သူ့လစာလောက်ရှိတာကြောင့်ဖြစ်သည်။ အကန့်တန့်နဲ့ထုတ်သော ဆပ်ပြာ။ အဲ့ဆပ်ပြာကို ထုတ်တဲ့ ကုမ္ပဏီကလူကြီးပိုင်တာ။

ဆပ်ပြာဘူးကိုကြမ်းပြင်နဲ့ ပြစ်ချလိုက်သည်။ ဆပ်ပြာဘူးက အဖုံးမပိတ်ထားတာကြောင့် ဆပ်ပြာတွေ ကြမ်းပြင်မှာ မှောက်နေပါပြီး။

ရှောင်ပိုင်ရေချိုးပြီးတော့ တဘက်လိုက်ရှာပါတယ်။ မတွေ့ပါ။ မယူခဲ့မိတာပါ။ အဲ့ဒါ တစ်ရိုင်ရိုင်နဲ့ လမ်းလျှောက်ရင်း ...................................

'ဘုန်း......'

ပြသနာက အဲ့မှာပါ........

ဘာပြသနာလို့ထင်လဲ။ ပြောခဲ့ကြ။
အောက်ဘက်ကို မဖတ်ပဲနဲ့ပြော။ ပြောပြီးမှ ဆက်ဖတ်ကြနော်။



ရှောင်ပိုင် ရေချိုးခန်းထဲဝင်သွားတော့ ကျစ်ဟန်လည်း ကျန်နေသေးတဲ့ အလုပ်တွေကို ဆက်လုပ်နေလိုက်တယ်။ ဖုန်းလာတာကြောင့် ဖုန်းစကားပြောရင်း ဝရံသာကို သွားပြီး အတွင်းရေးမှူးနဲ့ အလုပ်ကိစ္စဆွေးနွေးနေသည်။
(အတွင်းရေမှူးကျန့်ရှင်း။ မှတ်မိသေးလား။
မမှတ်မိရင် part 28မှာဖတ်ကြည့်ကြနော်)

ဒါပေမဲ့ အလုပ်ကိစ္စအကြောင်းပြောနေတုန်း..............................

'ဘုန်း'

ဆိုပြီး အသံရေချိုးခန်းကနေကြားတာကြောင့် ဖုန်းပိတ်လိုက်ပြီး ရေချိုးခန်းဘက်ပြေးရသည်။ မပြေးလို့မရတာ ။ babyလေးကမူးနေတာ တစ်ခုခုဖြစ်ရင် ဒုက္ခ။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now