part 18

5.6K 362 14
                                    

Zawgyi


part 18

ဒီရက်ပိုင်း ရှောင်ပိုင်ကျောင်းနဲ့အိမ်ကလွဲ၍ ဘယ်မှမသွားဖြစ်။ စားမေးပွဲစာတွေကိုကျေညက်အောင်လုပ်နေရသည်။ အရင်ဘဝကလည်း ဥာဏ်ကောင်းသည့်အတွက် စာတွေကို အလွယ်တကူလုပ်နေသည်။ ဘယ်လောက်ပဲ ဥာဏ်ကောင်းကောင်း အမှားလုပ်တတ်သည့် ရှောင်ပိုင်အတွက် ကျေညက်အောင်လုပ်နေရခြင်းဖြစ်သည်။ မနက်ဖြန်ဆိုစာမေးပွဲဖြေပြီး

ဒီနေ့ရှောင်ပိုင် စာမေးပွဲဖြေသည့်နေ့ဖြစ်သည့်အတွက် ကျောင်းသို့ စောစောလာသည်။ စောစောလာမှ မတွေ့ချင်တဲ့မျက်နှာကိုတွေ့လိုက်တာကြောင့် ဂရုမစိုက်ပဲသွားမို့ပြင်လိုက်ပေမဲ့ ဟွားမုန့်က စတင်ပြီးစကားပြောလာသည်။

ဟွားမုန့် '' ရှောင်ပိုင် နင်ဘယ်လိုကြိုးစားကြိုးစား ငါ့ကိုမနိုင်ပါဘူး။''

ရှောင်ပိုင် ''နိုင် မနိုင် နင်ကကြိုသိနေရအောင် နင်ကမိစ်ဆာမလား။ ''

ဟွားမုန့် ''တစ်ကျောင်းလုံးသိတယ်။ နင်ကညံ့တယ်ဆိုတာ။ အောက်ကနေမတက်တော့တဲ့ကောင်မ
ကများ''

ရှောင်ပိုင် ''အဖြေထွက်လာတဲ့နေ့ ပါးရိုက်ခံရဖို့ပြင်ထား''

ရှောင်ပိုင်ပြောပြီး ဂရုမစိုက်တော့ပဲ ထွက်လာခဲ့သည်။ အနောက်က မိစ်ဆာမကတော့စွေ့စွေ့ခုန်နေလေရဲ့။ စာမေးပွဲ ဖြေပြီးတာနဲ့အိမ်သို့အရင်ပြန်လိုက်သည်။ ဒီနေ့ ကျောင်းမှာ ဒီအလောင်းအစားကနာမည်ကြီးလာတော့သည်။ ကျောင်းသားတော်တော်များများက တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင် ဘယ်သူနိုင်မယ်ဆိုတာလောင်းနေကြသည်။ ကျောင်းပြန်ဖွင့်မှပဲ အဖြေသိတော့မှာပေါ့။နွရောသီလေးကို ကောင်းမွန်စွာ ဖြတ်သန်းဖို့စဉ်းစားပေမယ့် သူကလဲ့စားချေတာမပြီးသေးဘူးလေ။



ဒီနေ့က ကျောင်ပိတ်ပြီးတစ်ပတ်အကြာပေါ့။ ကျောင်းပိတ်တာနဲ့ အခန်းအောင်းပြီး blကားတွေ၊ficတွေဖတ်၊ တရုတ်မင်းသားအတွဲ wang yiboနဲ့ xiao zhanကိုလဲအားပေးပြီး အပျင်းတွေတစ်နေတယ်။ ဒီနေ့တော့ အပျင်းတစ်လို့မရတော့။ အလုပ်ရှာရအုံးမယ်လေ။ ဘိုးတော်ကြီးကယုံလို့မရ။ တစ်ချက်ချက်ထဖောက်ပြီး အိမ်ပေါ်က မောင်းချရင် နေစရာမရှိမှ ဂွမ်းနေဦးမယ်။ သူအလုပ်လျှောက်ထားပြီပြီး။ ဒီနေ့က အင်တာဗျူးရမယ်။
အင်တာဗျူဆိုလို့ သူများတွေလို သပ်သပ်ရပ်ရပ်လေး ဝတ်ပြီး စိတ်လှုပ်ရှားမယ်ထင်လား။ သပ်သပ်ရပ်ရပ်ဝတ်မဲ့အစား တွေ့ကရာ အင်္ကျီဝတ်ပြီး ဖြစ်သလိုစီးထားတဲ့ဆံပင်လေးက ဟိုထောင် ဒီထောင်နဲ့။ စိတ်လှုပ်ရှားရမဲ့အစား စဉ်းစားလိုက်တာက @အလုပ်မရလဲဘာမှမဖြစ်ဘူး ဒီနိုင်ငံမှာ ကုမ္ပဏီတွေအများကြီးရှိတယ်@ဆိုပြီး ဖြစ်သလိုလုပ်နေတာ။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now