part 67

2.7K 178 4
                                    

Zawgyi


part 67

ကျောက်ဖုန်းကို အဝတ်လဲပေးလိုက်သည်။ ကျောက်ဖုန်းနဲ့တော်တဲ့အင်္ကျီမရှိတာကြောင့် ရှိတဲ့အင်္ကျီပွပွကြီးသာ ပေးဝတ်ထားရသည်။ ကျင်းရီက ဆေးဗူးသွားယူသည်။ ဆေးဗူးယူပြီးပြန်လာတော့
ကျင်းရီဖုန်းကို လိုက်ကလိနေတဲ့ ကျောက်ဖုန်းကိုတွေ့ရသည်။ lockခံထားတာကြောင့် ဖွင့်မရလို့ ကျောက်ဖုန်းက နှခမ်းလေးထော်ပြီး ဆူပုတ်နေသည်။

ကျင်းရီက ဆေးဗူးကို ကိုင်ပြီး ကျောက်ဖုန်းနားသွားလိုက်သည်။ ပြီးတာနဲ့ ကလေးဆိုးလက်ထဲက ဖုန်းကို ယူလိုက်ပြီး lockဖွင့်ပေးလိုက်သည်။ ကလေးဆိုးလေးမျက်နှာက ပြုံးသွားပြီး သူ့ပုံသူ ဓာတ်ပုံရိုက်နေသည်။

ကျောက်ဖုန်း ဓာတ်ပုံရိုက်နေတုန်း ကျင်းရီက ကျောက်ဖုန်းခြေထောက်ကို ဆေးထည့်ပေးသည်။
အရက်ကြောင့် နီရဲနေတဲ့ မျက်နှာလေးနဲ့ ငိုထားတာကြောင့် မျက်လုံးဖောင်းဖောင်းလေးနဲ့ တစ်မျိုးချစ်ဖို့ကောင်းနေသည်။

ကျင်းရီ "@ ရူးတော့မှာပဲ။ ယောကျာ်းလေးတစ်ယောက်ကို လှတယ်လို့ငါထင်နေမိတာလား@"

(ကျင်းရီက ကျောက်ဖုန်းကို မချစ်သေးပါဘူးနော်။
စိတ်ဝင်စားရုံပဲ။ နောက်မှချစ်သွာမှာ။ အခါးပြီးတော့ပေါ့။ နောက်မဟုတ်ရင် စိတ်ဝင်စားစရာမကောင်းတော့ဘူး)


ပြီးတာနဲ့ ပတ်တီးစည်းပေးလိုက်သည်။

အားလုံးပြီးသွားတော့ အိပ်ဖို့ပြင်ရသည်။ အိပ်ယာခင်းပေးနေတုန်း အဆိုးလေးကို ဆိုဖာပေါ်ကို ချီပို့ပေးရသည်။ အဆိုးလေးကတော့ ဖုန်းနိုပ်နေတုန်း။

အိပ်ယာခင်းပြီးတာနဲ့ ကျောက်ဖုန်းဆီ ကျင်းရီလာပြီးတော့ လက်ထဲက ဖုန်းကို ယူလိုက်သည်။
ကျောက်ဖုန်းက ရန်ပြန်တွေ့သည်။

ကျောက်ဖုန်း " ဘာလို့ဖုန်းလာလုနေတာလဲ"

ကျင်းရီ " ကိုယ်ဖုန်းကိုယ်ပြန်ယူတာ ပြသနာရှိလား!!. .."

ကျင်းရီက ကျောက်ဖုန်းကို ကြောက်အောင် အော်လိုက်သည်။ ကျောက်ဖုန်းမှာ လန့်ပြီး မျက်ရည်လေးတွေကျလာသည်။ နှခမ်းကိုလည်း အသံမထွက်မိအောင်ကိုက်ထားသည်။ သွေးတွေပါထွက်လာသည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now