part 28

4.9K 324 3
                                    

Zawgyi

Part 28

ရှောင်ပိုင်အလုပ်ရောက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးမှာလည်း ဟန်ဖုန်းကိုမေတ္တာပို့ဖို့မမေ့ခဲ့။ ရောက်တာနဲ့ ကုမ္ပဏီထဲဝင်လိုက်သည်။ အထဲသို့ရောက်တာနဲ့ ဓာတ်လှေကားကို စောင့်နေရင်နောက်ကျနေမှာမို့ လှေကားကနေပြေးတက်ရသည်။ အပေါ်ရောက်တော့ အဝတ်အစားသေချာပြင်ပြီး ပွသွားတယ့် ဆံပင်တွေကိုသေချာပြင်လိုက်သည်။ ထို့နောက်လမ်းသေချာလျှောက်လိုက်သည်။ မလျှောက်လို့ရမလား။ လူတွေရှိနေတဲ့ဟာကို။
ရှောင်ပိုင်ဘယ်လောက်ပဲလမ်းသေချာလျှောက်ပါစေ။ သေချာကြည့်ရင် ရှောင်ပိုင်းမပြေးရုံတမယ်လျှောက်နေတာကိုတွေ့ရလိမ့်မည်။

"ရှောင်ပိုင်"

ရှောင်ပိုင် အနောက်ကခေါ်သံကြောင့်လှည့်ကြည့် လိုက်သည်။ အင်တာဗျူးတုန်းက အမဖြစ်နေသည်။

ရှောင်ပိုင် "ဟုတ် အမ"

အမကြီး"ရှောင်ပိုင်လေး ဘာလို့နောက်ကျနေတာလဲ။ တစ်ခုခုဖြစ်လို့လား''

ရှောင်ပိုင် "ဘာမှမဖြစ်ပါဘူး။ ကားလမ်းပိတ် နေ လို့ပါ အမ''

ကျန့်ရှင်း"အော် ဟုတ်လား။ ကောင်းတာပေါ့ဘာမှမဖြစ်လို့ ။ ဒါနဲ့ အမနာမည်က ကျန်ရှင်း။bossရဲ့ အတွင်းရေးမှူး"

ရှောင်ပိုင် "ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်။ ရင်းရင်းနှီးနှီး
ကျဲရှင်းလို့ခေါ်မယ်နော်။"

ကျဲရှင်း "ရှောင်ပိုင်လေးက ယဉ်ကျေးလိုက်တာ။ သခင်မလေးဖြစ်ထိုက်ပါတယ်။''

ရှောင်ပိုင် "အမ်း...သခင်မလေး.....????? ဘာလို့သခင်မလေးဖြစ်ရမှာလဲကျဲရဲ့"
@ကျင်းရီနဲ့အမျိုးတော်တာလားမသိ။ သခင်မလေးလို့ပဲခေါ်နေတယ်@

ရှောင်ပိုင်ပြောလိုက်တော့မှ ပါးစပ်ကိုလက်နဲ့အုပ်ပြီး ထိတ်လန့်နေသည်။ ထို့နောက်

ကျဲရှင်း"ဒီလိုပဲမှားပြောမိတာပါ။ခု တော့ရှောင်ပိုင်းလေး နောက်ကျနေပြီး။ ရှောင်ပိုင်လေးထိုင်မဲ့နေရာပြပေးမယ်နော်"

ရှောင်ပိုင် "ဟုတ် ကျဲရှင်း ဒါနဲ့တစ်ခုမေးလို့ရလား။"

ရှောင်ပိုင်သွားရင်းမေးလိုက်သည်။

The CEO's Brave Girl Season (1) (Complete)Onde histórias criam vida. Descubra agora