part 42

4.5K 260 20
                                    

Zawgyi

part 42

ဂျွန်ဂူ orderအားလုံးကုန်သွားတာကြောင့်
ဝယ်ထားတဲ့ကွန်ဒိုသို့သွားမို့ပြင်လိုက်သည်။
ဒါပေမဲ့ ဆိုင်ဖုန်း(အလုပ်ဖုန်း)က မြည်လာတာကြောင့် သွားကိုင်လိုက်သည်။

' ဟယ်လို'

တက်တက်ကြွကြွပြောသံကြားလိုက်ရသည်။
ဂျွန်ဂူ ပြန်ပြောလိုက်တော့နဂိုထက်ပိုတက်ကြွတက်သွားပုံကြားလိုက်ရသည်။ ဒါကတော့ သူကို နည်းနည်းတော့ အံ့သြစေသည်။ ဘာလို့လဲဆိုတော့ သူအသံကြားတိုင်း မိန်းမတိုင်း ချိုသာသွားတာလေ။ ဒါပေမဲ့ ဒီမိန်းကလေးက တက်ကြွတဲ့ အသံနဲ့ပြောလာတာကြောင့်ပင်။

သူမက သူကိုယ်တိုင်လာပို့မှာလားလို့မေးတဲ့အချိန်မှာ သူစဉ်းစားမိတာက 'သူမရော တစ်ခြားမိန်းမတွေလိုပဲလားလို့' ထင်မိသည်။ ဘာပဲဖြစ်ဖြစ် နည်းနည်းထူးခြားနေတာတော့ အမှန်ပင်။ မှာထားတာ သွားပို့ပြီး ကြည့်လိုက်မည်ဟု တွေးပြီး မှာထားသည့် လိပ်စာအတိုင်း သွားတော့သည်။

တရုတ်ကိုရောက်တာ1နှစ်လောက်ရှိပြီး ဖြစ်ပေမဲ့ သိပ်မလည်တာကြောင့် လမ်းတွေသိပ်မသိပေ။
အဲ့ဒါကြောင့် လမ်းမှားသွားရသည်။ နောက်မှ သူများကိုလမ်းမေးပြီး လာတာကြောင့် နည်းနည်းနောက်ကျသွားရသည်။

မှာထားတဲ့လိပ်စာကိုရောက်တော့ ခြံရှေ့က ခုံမှာ ထိုက်နေတဲ့ မိန်းကလေးတစ်ယောက်တွေ့တယ်။ ကလေးမလေးပဲ။ အသက်18 နှစ်လောက်ပဲ ရှိသေးလောက်မယ်။ (ဂျွန်ဂူကအသက်29)
မိုးကတိတ်နေပေမဲ့ အေးနေတာကြောင့်
ကလေးမလေးက အနွေးထည်မဝတ်ထားတာကြောင့် တုန်နေသည်။ နှခမ်းကလည်း ထော်ထားသေး။ ဘာတွေ သဘောမကျမှန်းလဲမသိ။

ဂျွန်ဂူ "ဒီကညီမက ဆိုဂျူးမှာထားတဲ့တစ်ယောက်လားမသိ"

လို့ပြောလိုက်သည်။ ညီမလို့ခေါ်လိုက်ပေမဲ့ စိတ်ထဲမှာတော့ ကလေးမလို့ပဲခေါ်နေမိသည်။ မျက်လုံးဝိုင်းဝိုင်းတွေနဲ့ မော့ကြည့်လာသည်။ သူပုံကိုတွေ့တော့ မျက်လုံး လက်လက်လေးဖြစ်သွားသည်။ ဟန်ဖုန်းမကတော့ ပြောပြစ်မယ်လို့တွေးလိုက်တဲ့အတွေးတောင် ဘယ်မှာမှန်းမသိရှာလို့မရအောင်ပျောက်သွားလေပြီး။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now