Zawgyi
part 45
'ဒေါက်.,. ...ဒေါက်'
ဟန်ဖုန်း " ဒီချိန်ရီး ဘူလဲ"
#ဒီအချိန်ကြီး ဘယ်သူလဲ#ဟန်ဖုန်း မကျေမနပ်ပြောပြီး တံခါးကို ဖွင့်လိုက်သည်။
ဟန်ဖုန်း " ကိုချီး.....ကို... ကြီး...."
ဟန်ဖုန်းအစကတော့ မူးနေသေးတဲ့အတွက် ကိုချီးလို့ခေါ်လိုက်ပေမဲ့ ကျစ်ဟန်၏
အကြည့်စူးစူးကြောင့် အမူးပါပြေသွားသည်။
သူသေချာသိတာပေါ့။ သူ့ကိုကြီးက အဲ့လိုအကြည့်စူးစူးနဲ့ ကြည့်ပြီးဆို သူတော့ မကောင်းတာတစ်ခုခုဖြစ်တော့မယ်ဆိုတာ။ဟန်ဖုန်းကျောင်းတုန်းက
ကိုကြီးကို သူငယ်ချင်းတစ်ယောက်နဲ့ ဆက်ပေးမိပါတယ်။ အဲ့တုန်းကfujoshiမဟုတ်သေးတဲ့အတွက်ပေါ့။ အဲ့တုန်းက ကိုကြီးက သူကိုအဲ့လိုအကြည့်စူးစူးနဲ့ကြည့်ကြီး သူ့ကို အဖွားအိမ်ပို့လိုက်တာ မှတ်မိသေးတယ်။ အဖွားအိမ်မှာနေရတာတော့ ငရဲလိုပဲ။ ဖုန်းလဲ မကိုင်ရ။ အိမ်အလုပ်လဲလုပ်ရသေး။ မနက်အစောကြီးထ၊ ညအစောကြီးအိပ်ရတယ်။ အစားဆိုလည်း အဖွားကျွေးတာစားရတယ်။ အရမ်းကိုလည်း စည်းကမ်းကြီးတယ်။
အခုတော့ အဖွားက အတော်အသက်ကြီးနေပါပြီး။ ဟန်ဖုန်းတို့ကို ချစ်ပေမဲ့ အလိုမလိုက်ဘူး။ အဖိုးကတော့ ဆုံးသွားပြီး။ ဒီတစ်ခေါက်တော့ ဘာဖြစ်အုံးမလဲမသိ။လူကြီး " babyရော"
အေးစက်တဲ့အသံတစ်သံထွက်ပေါ်လာသည်။
အဲ့အသံကြောင့် ဟန်ဖုန်းကြက်သီးတွေထလာရသည်။ဟန်ဖုန်း " ဟို....ကု....ကုတင်ပေါ်.....,. ........."
ဟန်ဖုန်းပြောတာတောင်မပြီးသေး။ ကျစ်ဟန်က သွားနေလေပြီး။
ကျစ်ဟန်က ကုတင်ပေါ်က
ရှောင်ပိုင်ဆီသွားပြီး ကြည့်လိုက်တယ်။
ဆိုဂျူးပုလင်းကို ပိုက်ပြီးအိပ်နေတာ။ ချစ်စရာလေး။လူကြီး " Baby ထတော့ "
ရှောင်ပိုင် " အင်း... မထချင်ဘူး"
လူကြီး" babyက အရမ်းဆိုးတာပဲ။ အပြစ်ပေးမိတော့မယ်"
ဟန်ဖုန်း " သူ့မယားကိုကျတော့ ချိုသာပြနေတယ်။"
ဟန်ဖုန်းမကျေမနပ်တိုးတိုးလေးပြောလိုက်သည်။
YOU ARE READING
The CEO's Brave Girl Season (1) (Complete)
Romancetime travel အမျိုးအစားလေးပါ။ အမှားပါရင် ခွင့်လွှတ်ပါ။ ချစ်သူရဲ့ သစ္စာဖောက်ချင်းကို ခံရပြီး time travel ဖြစ်လာတဲ့ ပိုင်ကျင်းကျင်း ။ မိထွေးနဲ့ညီမ က နိုပ်စက်မှုကြောင့် သေသွားတဲ့ ရှောင်ပိုင်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာပြီး ဘယ်လိုကလဲ့စားချေမလဲ အချစ်ရေးလေးကလဲ...