part 93

2.1K 147 22
                                    

Zawgyi




part 93

လှေစီးပြီးသွားတော့ ရှောင်ပိုင်က စကားစလာသည်။

ရှောင်ပိုင် " ငါတို့ဘာလုပ်ဖို့ ကျန်သေးလဲ "

ဟန်ဖုန်း " ရေကူးရအုံးမယ်လေ "

ကျစ်ဟန် " တော်ပြီး "

ရှောင်ပိုင် " ကူးချင်တယ်လို့ နော်...နော် "

ရှောင်ပိုင်ရဲ့ ချွဲသံကြောင့် ကျစ်ဟန်က ပေးကူးချင်ပေမဲ့ မိုးချုပ်တော့မယ်ဆိုတာကြောင့် မပေးကူးတော့ပေ။

ကျစ်ဟန် " မရဘူး မိုးချုပ်တော့မယ် "

ရှောင်ပိုင် " မိုးမချုပ်ခင် ပြန်မယ်လေ "

ကျစ်ဟန် "ညဘက်အေးတယ် နေမကောင်း​ဖြစ်မယ် ဒီနေ့လေအေးထိတာများနေပြီး နေမကောင်းဖြစ်မယ် အိမ်ပြန်မယ်"

ရှောင်ပိုင် " အဲ့ဒါဆိုလဲ ပန်းခြံထဲခန သွားမယ်လေ နော် "

ဟန်ဖုန်း " ဟုတ်တယ် လမ်းလျှောက်ပြီး လေကောင်းလေသန့်ရှုကျတာပေါ့ "

ဂျွန်ဂူ " ကလေး သဘော "

ကျစ်ဟန်လည်း သဘောတူလိုက်လေသည်။
ပန်းခြံထဲမှာ ကျစ်ဟန်က ရှောင်ပိုင်ရဲ့လက်ကို တွဲပြီး လမ်းလျှောက်သည်။ ရှောင်ပိုင်ကလဲ ဘေးမှာ လမ်းလျှောက်နေတဲ့ ဟန်ဖုန်းရဲ့ လက်ကို တွဲထားလိုက်သည်။ ဂျွန်ဂူက ဟန်ဖုန်းလက်ကို ကိုင်လိုက်ပေမဲ့ ဟန်ဖုန်းက ပြန်ရိုက်ချလိုက်သည်။

ရှောင်ပိုင်က ဟန်ဖုန်းကို​ အချက်ပြလိုက်ကာ
ကျစ်ဟန်ရဲ့လက်ကို ဖြုတ်ချပြီး ဟန်ဖုန်းနဲ့ ရှောင်ပိုင်တူတူရှေ့ကိုပြေးလေသည်။ ကျစ်ဟန်လည်း ရုတ်တရက်မို့ လွှတ်ပေးလိုက်မိသည်။

ရှောင်ပိုင်က ပြေးနေရင်းနဲ့ အနောက်ကို လှည့်ပြီး
လျှာထုတ်ပြလိုက်သေးသည်။ ကျစ်ဟန်က မဲ့ပြုံးပြုံးလိုက်ပြီး ရှောင်ပိုင်ဆီရောက်အောင် ပြေးလေသည်။

ပြေးတာ သိပ်တောင်မကြာ ရှောင်ပိုင်ကို ဖမ်းမိသွားသည်။ ကျစ်ဟန်ရဲ့ ရှည်လှတဲ့ခြေထောက်တွေနဲ့ ကျယ်လှတဲ့ ခြေလှမ်းတွေကြောင့် ခနလေးနဲ့ ဖမ်းမိသည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now