part 73

2.7K 156 25
                                    

Zawgyi



part 73



ကျစ်ဟန်က သူ့ရုံးခန်းထဲသို့ သူဝင်သွားပြီး ရှောင်ပိုင်ကလည်း သူ့နေရာမှာသူဝင်ထိုင်လိုင်လိုက်သည်။အားလုံးမေးချင်နေကြပေမဲ့မမေးရဲပဲ ရှောင်ပိုင်ကိုသာကြည့်နေသည်။

ရှောင်ပိုင်က သူကိုကြည့်နေတာတောင် သတိမထားမိ။ ပေါက်စီတွေကိုသာ တစ်ဖြဲနှစ်ဖြဲစားနေသည်။ စားပြီးသွားတော့ကော်ဖီသွားသောက်သည်။ ပြီးတာနဲ့ ရုပ်ရှင်ထိုင်ကြည့်ပြီး အေဆေး နပ်နေလိုက်သည်။

ဟုတ်တယ်လေ။ သူမှဘာမှလုပ်စရာမရှိတာ။ သူများတွေလို အလုပ်ပင်ပန်းအောင်လုပ်စရာမလို။ ဘာလုပ်ရမလဲ သွားမေးရင်လည်း အာညောင်းတာပဲအဖက်တင်မယ်။ ဘာမှမလုပ်ခိုင်းမှာ။

ရှောင်ပိုင်ရုပ်ရှင်ကြည့်နေရင် ကျဲရှင်းခေါ်တဲ့အသံကြားလိုက်သည်။

ကျဲရှင်း " ရှောင်ပိုင် "

ရှောင်ပိုင် " ဟမ်...... ကျဲရှင်း "

ကျဲရှင်း " ရော့ ရှောင်ပိုင်ကို bossကပေးခိုင်းလိုက်လို့"

ရှောင်ပိုင်က မျက်လုံးလက်သွားသည်။

ရှောင်ပိုင် " ပေးပေး ကျေးဇူးပါ ကျဲရှင်း "

ကျစ်ဟန်ပေးလိုက်တာက scipy ကြက်ပေါင်တွေပင်ဖြစ်သည်။ အဲ့ ကြက်ပေါင်ကြော်တွေက တစ်ရက်ကိုမှ ကြက်ပေါင် အခု 30ပဲ ကြော်တာ နာမည်အရမ်းကြီးတဲ့ဆိုင်။ စားချင်ရင် တန်းစီပြီးစောင့်ရတာ။ တန်းစီပြီးရင်တောင် ကုန်သွားရင်မစားတော့ဘူး။ နာမည်ကြီးစားဖိုမှူးပဲလုပ်ထားတာ။ အရမ်းလည်းစားကောင်းတယ်။ အရမ်းလည်း ဈေးကြီးပြီး သူဠေးတွေပဲဝယ်စားနိုင်သည်။

ခုရှောင်ပိုင်ကို ဝယ်ခဲ့ပေးတာက အခု30လုံးပဲ။ အသည်းပုံနဲ့စာတစ်စောင်တောင်ပါသေးတယ်။

ရှောင်ပိုင် " ကျဲရှင်း ဒါတွေက ဟိုဆိုင်က အခု30ပဲထုတ်တဲ့....."

ကျဲရှင်း " ဟုတ်တယ်လေ "

ရှောင်ပိုင် " လူကြီးက အဲ့ဒါကို ဘယ်လိုလုပ် အခု30
လုံး....."

ကျဲရှင်း " အော် အဲ့ဒါbossရဲ့လက်အောက်က ဆိုတော့ ရှောင်ပိုင်လေးစားချင်တဲ့အချိန်တိုင်းစားလို့ရတယ် သိလား ဒီမှာ ရေခဲမုန့်တောင်ပါလာတယ်။ မပျော်ခင်စားလိုက်"

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now