part 9 (Unicode)

6.4K 391 5
                                    

part 9

  ရှောင်ပိုင် ကျောင်းကနေ ထွက်လာပြီး အိမ်သို့တန်းမပြန်ပဲ ဟိုတယ်တစ်ခုသို့မောင်းလာခဲ့သည်။
ဟိုတယ်သို့ရောက်တော့ အခန်း299ကို တစ်ညအိပ်ငှားလိုက်သည်။ ပြီးနောက် အခန်းထဲသို့ ဝင်ပြီး လုပ်စရာရှိတာ လုပ်လိုက်သည်။ ခနနေတော့ ထိုအခန်းထဲက ထွက်လာပြီး ဟိုတယ်အခန်းသော့ ပြန် ပေးလိုက်သည်။ ကောင်တာက ကောင်မလေးက ''တစ်ညအိပ်မဟုတ်လားလို့''မေးတော့ ရှောင်ပိုင်က

ရှောင်ပိုင် ''တစ်ညအိပ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အလုပ်ကိစ္စတစ်ခုကြောင့် ခရီးသွားရမှာမို့ အခန်းသော့ပြန်လာအပ်တာပါ။'' လို့ပြောပြီးထွက်လာခဲ့ပြီး ကြောက်စရာအပြုံးတစ်ခု ပြုံးလိုက်သည်။ ထို့နောက် ရှောင်ပိုင်အိမ်သို့ပြန်ခဲ့သည်။ရှောင်ပိုင်အိမ်ရောက်တော့ ရေချိုးလိုက်သည်။ ရေချိုးပြီး နည်းနည်းပါးပါးပြင်လိုက်သည်။ ထို့နောက် ရှောင်လုအခန်းသို့ လာခဲ့သည်။ ရှောင်ပိုင် ထင်သည့်အတိုင်း ရှောင်လုမရှိ။ လက်တွေခြေတွေတာမပြောက်သေးတာ ရည်းစားနဲ့ လိုက်လည်နေတာလား မသိ။ ရှောင်ပိုင်လည်း ရှောင်လုကိုစောင့်နေလိုက်သည်။ ခနကြာ​တော့ ကားသံကြားသည်။ ရှောင်လုလာပြီးဆိုတာသိလိုက်သည်။
ဘိုးတော်ကြီးကဒီချိန်ဆို ကုမ္ပဏီမှာရှိနေသည်။ မိထွေးက ခနလေးကမှ အပြင်ထွက်သွားတာ။ ရှောင်လုက ထွက်သွားတာကြာပြီးဆိုတော့ ဒီချိန်ဆိုလာလောက်ပြီးပေါ့။ ပြီးတော့ ရှောင်ပိုင်က လက်တွေခြေထောက်တွေ ကောင်းသေးတာမဟုတ်တဲ့ အတွက် ကားမောင်းနိုင်မှာ မဟုတ်ဘူး ။
ထို့ကြောင့် သူ့ရည်းစားလာပို့တယ်ဆိုတာသိလိုက်သည်။

       ရှောင်ပိုင် ကားသံကြားတာနဲ့ ခြံထဲသို့ ပြေးဆင်းပြီး ခြံထဲကနေ အပြင်ကို ကောင်းကောင်းမြင်ရတဲ့ အကွယ်တစ်နေရာမှာ ပုန်းပြီး ကြည့်လိုက်သည်။ ရှောင်လုက ကောင်လေးတစ်ယောက်က နမ်းနေကြသည်။ ကြည့်ရတာ နှုတ်ဆက်တဲ့အနေနဲ့ နမ်းနေကြတာဖြစ်မယ်။ ဒီအခြေအနေကို လက်လွှတ်မခံပဲ ဓာတ်ပုံရိုက်လိုက်တဲ့လူက ရှောင်ပိုင်ဖြစ်သည်။ ရှောင်ပိုင်ပဲလေ တစ်ပိုင်ပဲရှိတယ်တယ်😏။ ပြီးနောက် သူတို့ကနမ်းနေတာခွာလိုက်ပြီး လက်ပြနှုတ်ဆက်နေသည်။ ရှောင်ပိုင်ကတော့ အပုံနှစ်ဆယ်ပုံလောက်ရိုက်လိုက်သည်။
ကောင်လေးရဲ့ ပုံကိုလည်း ပေါ်အောင်ရိုက်ရသေး။ အဲ့တော့မှ ရှောင်ပိုင်စဥ်းစားမိသည်။ ရှောင်ပိုင် ရှော့ပင်းမောသွားတုန်းက ရှောင်ပိုင် တွေ့လိုက်တယ့် ကောင်လေးတစ်ယောက် ခုလည်းတစ်ယောက် ဘယ်နှစ်ယောက်တောင် ထားမှန်းမသိ။ ရိုက်ပြီးတာနဲ့ အိမ်ထဲပြေးဝင်ပြီး အခန်းထဲသို့သွားလိုက်တယ်။ ​ပြီးနောက် ကွန်ပျူတာကိုဖွင့်ပြီး လျို့ဝှက်ကင်မလာကနေ ဖမ်းယူထားတဲ့ ဗီဒီယိုထဲကပုံရိပ်တွေကို ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သည်။ ပြီးနောက်အဲ့ဗီဒီယိုရယ် ရှောင်လုရဲ့ ရည်းစားနဲ့ တွဲပြီး လမ်းလျှောက်နေတဲ့ပုံရယ်၊ နမ်းနေတဲ့ပုံရယ် ကို တစ်နေရထဲသို့စုပြီး USBထဲသို့ထည့်ပြီး USBကိုသိမ်းလိုက်သည်။ ထို့နောက်သူအိပ်ယာဝင်ခဲ့သည်။

The CEO's Brave Girl Season (1) (Complete)Waar verhalen tot leven komen. Ontdek het nu