Zawgyi
part 89
ဟန်ဖုန်း " ရှောင်ပိုင်မ နင်တော်တော်လွန်နေပြီးနော်"
ရှောင်ပိုင် " ငါဘယ်မှာ လွန်လို့လဲ "
ဟန်ဖုန်း " ငါက နင့်ကို ဓာတ်ပုံရိုက်မယ်ပဲ ပြောတာလေ နင်ကလိုင်းပေါ်မှာတောင် တင်ပြစ်မယ်ပေါ့ နင်မလွန်ရင် ဘယ်သူလွန်မှာလဲ "
ရှောင်ပိုင် " အဲ့ဒီတော့ "
ဟန်ဖုန်း " ရှောင်ပိုင် နင်........"
ဂျွန်ဂူ " တော်တော့ ရန်မဖြစ်နဲ့တော့ ကလေး "
ဆိုပြီး လက်ကိုဆွဲလိုက်သည်။
ရှောင်ပိုင် " အမလေး ကလေးတဲ့လား ဦးနဲ့ကလေး ဟ...ဟားဟား "
ဟန်ဖုန်း " ဘာရီစရာပါလို့လဲ "
ရှောင်ပိုင် " ကိုကြီး ဂျွန်ဂူ အဖြေတောင်းတာ စောလှချည်လား "
ဂျွန်ဂူ " ချစ်တော့လဲ လက်မနှေးရဘူးပေါ့ ဖြစ်နိုင်ရင် ချက်ချင်း လက်ထက်ချင်တာ "
ဟန်ဖုန်း " ဘာလက်ထက်ချင်တာလဲ အဖြေတောင်မပေးရသေးပဲနဲ့"
ဂျွန်ဂူ " ကလေးလည်း ကိုယ့်ကိုချစ်နေတာသိပါတယ်"
ဟန်ဖုန်း " သိနေရင်ဘာလို့မေးလဲ "
ဂျွန်ဂူ " ဒါဆိုရင် ကလေးကိုယ့်ကို တကယ်ချစ်တယ်ပေါ့ "
ဟန်ဖုန်း " ဘာ....ဘာမှမချစ်ဘူး "
ဂျွန်ဂူ " ကလေးရယ် လိမ်တာ ပီပီသသလိမ်ပါ "
ရှောင်ပိုင် " ငါတို့ ဟန်ဖုန်းလေး လင်ရတော့မယ် ရေးးးးးး "
ကျစ်ဟန် " .................."
အစ်ကိုတစ်ယောက်လုံးကို ရှေ့မှာထားပြီး ညီမလေးကို လင်ပေးစားနေတဲ့ ရှောင်ပိုင်က ဟန်ဖုန်းလင်ရတော့မယ်ဆိုတာကို သိနေတဲ့အတွက် တော်တော်လေးပျော်နေလေသည်။
ခနနေတော့ ကျောက်ဖုန်းတို့ ပြန်ရောက်လာသည်။
စိတ်လှုပ်ရှားပြီး ဘာမှမပြောတဲ့ ကျောက်ဖုန်းကို ရှောင်ပိုင်အကဲခတ်လိုက်သည်။ရှောင်ပိုင် " ကျင်းရီ ဘာလို့ ကျောက်ဖုန်းကို နင်အနိုင်ကျင့်ထားတာလား ဘာလို့ ကျောက်ဖုန်းက တစ်မျိုးကြီးဖြစ်နေတာလဲ "
![](https://img.wattpad.com/cover/258153420-288-k961213.jpg)
CITEȘTI
The CEO's Brave Girl Season (1) (Complete)
Dragostetime travel အမျိုးအစားလေးပါ။ အမှားပါရင် ခွင့်လွှတ်ပါ။ ချစ်သူရဲ့ သစ္စာဖောက်ချင်းကို ခံရပြီး time travel ဖြစ်လာတဲ့ ပိုင်ကျင်းကျင်း ။ မိထွေးနဲ့ညီမ က နိုပ်စက်မှုကြောင့် သေသွားတဲ့ ရှောင်ပိုင်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာပြီး ဘယ်လိုကလဲ့စားချေမလဲ အချစ်ရေးလေးကလဲ...