part 8

7.1K 393 2
                                    

Zwagyi

part 8

ခနကြာတော့ အခန်းရှေ့သို့ ဆရာမရောက်လာခဲ့သည်။ ဆရာမရောက်တော့ ရှောင်ပိုင်ပြုံးလိုက်သည်။ ဒီအပြုံးကိုတွေ့တဲ့ လူတိုင်းကြက်သီးထမှာသေချာလေသည်။ ရှောင်ပိုင်စိတ်ထဲမှာတွေးလိုက်တာကတော့ နင်တို့တွေ ဒုက္ခလှလှရောက်ဖို့ပြင်ထားတော့။ (ကြက်သီးထလာပြီး)

  ဆရာမအခန်းထဲဝင်တော့ မခြောက်သေးတဲ့ကြမ်းပြင်ပေါ်က ရေနဲ့ချောလဲပါလေရော။ တစ်ခန်းလုံးက သူတို့ရဲ့ အန္တာရယ်ကို မမြင်ဘဲ ဝိုင်းရယ်ကြလေသည်။ ဆရာမလဲသူကိုဝိုင်းရယ်ပြီး မထူပေတဲ့ ကျောင်းသားတွေကို ရှက်စိတ်နဲ့ဒေါသရောပြီး အသေသတ်ချင်တဲ့စိတ်ပါပေါက်လာသည်။ ဒါကိုသိတဲ့ရှောင်ပိုင်က မျက်နှာကြီးနီပြီး ဒေါသထွက်နေတဲ့ ဆရာမကိုသွားထူပေးလိုက်တယ်။ ပြီးနောက်ဆရာမကိုတွဲပြီးခုံပေါ်တင်ပေးလိုက်ပြီး သူနေရာသို့ ပြန်ထိုင်နေလိုက်သည်။ ဆရာမကဒေါသထွက်ပြီး

ဆရာမ ''ဒီရေတွေကိုဘယ်သူလုပ်တာလဲ''

ဆရာမမေးတော့ အားလုံးကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခနငြိမ်နေတယ်။ ထို့နောက် အခန်းထဲက ရှောင်ပိုင်ကို ဘယ်သူလဲမေးတဲ့ကျောင်းသားက ထပြီး ဆရာမရဲ့အမေးကို ပြန်ဖြေလိုက်တယ်။

ကျောင်းသား ''ဆရာမအဲ့ရေတွေကို ရှောင်ပိုင်လုပ်တာပါ။ ''

ဆရာမ'' ရှောင်ပိုင်နင်လုပ်တာမလို့ ငါ့ကို လာထူတာပေါ့။ နင်ထူလဲ ငါအပြစ်ပေးမှာ။ နင်လုပ်တာမဝန်ခံဘူးလား''

ရှောင်ပိုင်ဒီအချိန်ကိုစောင့်နေတာဖြစ်သည်။ သူစီစဉ်ထားတဲ့အကွက်ကို ရောက်လာတော့ ကစားဖို့အသင့်ပဲလေ။ စောနက သနားစရာကောင်းတဲ့ ချစ်စရာကောင်မလေးလုပ်ထားပြီးဆို ခုရက်စက်ပြီး ဥာဏ်များတဲ့ နတ်ဆိုးမလေးလုပ်မဲ့အချိန်ပေါ့။

ရှောင်ပိုင် ''ဆရာမသမီးမလုပ်တဲ့အရာကို သမီး
မဝန်ခံဘူး။ သမီးက စေသနာနဲ့ ဆရာမကိုထူပေးတာပါ။ သူတို့သမီးကို စွပ်စွဲနေတာပါ။''

ဆရာမ''နင်မလုပ်ပဲသူတို့ကပြောမလား။ နင့်ကိုသူတို့ကစွပ်စွဲတယ်လို့ပြောရအောင် နင်မှာဘာသက်သေရှိလဲ''

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now