part 10

8.2K 504 14
                                    

Zawgyi

part 10

ဘိုးတော်ကြီးက ဧည့်သည်တွေရှိတာ သတိမထားတော့ပဲ မိထွေးကို ပြသနာရှာတော့သည်။

ဘိုးတော် ''ဒီဟာတွေက အမှန်ပဲလား''

မိထွေး ''. .........''

မိထွေးလဲ ကြောင်နေသောကြောင့် ဘာမှမပြောမိ။

ဘိုးတော် ''နင်လဲ ဒီလိုဖောက်ပြန်နေမှတော့ နင်တို့ငါ့အိမ်ကထွက်သွား။ ငါ့ကို ကွာရှင်းပေး။ ''

မိထွေး ''အဲ့လိုမလုပ်ပါနဲ့။ ကျွန်မလေယောင်္ကျားပြောသမျှနားထောင်ပါ့မယ်။''

ဘိုးတော် '' ငါနင့်မိသားစုမျက်နှာကို ထောက်ပြီး
ခွင့်လွှတ်ပေးလိုက်မယ်။ ငါ့အိမ်မှာလည်း နေခွင့်ပြုတယ်။ ဒါပေမဲ့ ငါ့ကို ကွာရှင်းပေး။ငါမိသားစုအရေး ဝင်ပါခွင့်မရှိဘူး။ ငါမိန်းမယူလဲ ပြောပိုင်
ခွင့်မရှိဘူး။''

မိထွေး ''ဟုတ်။ ကျွန်မနားထောင်ပါ့မယ်။''

ဘိုးတော်ကပြောပြီး အပေါ်သို့ တက်သွားခဲ့တယ်။ မိထွေးလဲရှက်စိတ်နဲ့ အပေါ်သို့ပြေးပြီး  တက်သွားတယ်။ ကျန်ခဲ့တဲ့ ရှောင်ပိုင်က ဧည့်သည်တွေကို နှုတ်ဆက်မဲ့တာဝန်ပေါ့။ ခန်းမရဲ့စားပွဲ၌  အေးစက်တဲ့မျက်နှာ၊ပြုံးယောင်တန်းနေသော အပြုံးနဲ့
ရှောင်ပိုင်ကို ကြည့်နေတာ ရှောင်ပိုင် သတိမထားမိခဲ့။
    

     ဒီပွဲတွေကို ရှောင်ပိုင် ပြင်ဆင်ထားခဲ့တာ ဖြစ်တယ်။ ရှောင်လုရဲ့ ဓာတ်ပုံတွေကိုတော့ သိကြတဲ့အတိုင်းခိုးရိုက်ထားပေါ့။ မိထွေးရဲ့ ဗီဒီယိုကကြတော့ ဟိုတစ်ခေါက်က ကျောင်းတစ်ဝက်ပျက်ပြီး
hotel သွားတုန်းကပေါ့။ သူhotelမှာ ကင်မလာတွေတက်ထားခဲ့တယ်။ အခန်းနာမည်က ဘယ်လိုသိလဲဆိုတော့ ရှောင်လုက အရင်ဘဝတုန်းက အတိုက်ခိုက်တော်ရုံသာမကhackတာလဲ ကျွမ်းကျင်တယ်။ အဲ့ဒါကြောင့် မိထွေးရဲ့ ဖုန်းကို ဟက်လိုက်တာကြောင့် အခန်းနံပါတ်သိသွားတာ။ ငါရဲ့ အကြံအစီပြည့်စုံတယ်ဟုတ်😏။

 
    ရှောင်ပိုင် ဧည့်သည်တွေကို စိတ်မပါတပါနဲ့ နှုတ်ဆက်လိုက်တယ်။ နှုတ်ဆက်ပြီး အခန်းထဲမှာမနေချင်တာနဲ့ အပြင်ထွက်ပြီး
လေကောင်းလေသန့်ထွက်ရှူလိုက်တယ်။ ရှောင်ပိုင်စိတ်ထဲတစ်မျိုးဖြစ်လာတယ်။ ပူလာတယ်။ စိတ်ထဲမှာ လိုချင်သလိုမျိုးဖြစ်လာတယ်။ ငါဆေးခတ်ခံရတာလား။ ငါဘာသောက်လိုက်လဲ။ ရှောင်ပိုင်
စဉ်းစားနေရင် သတိရလာတယ်။ ရှောင်ပိုင်စားနေတုန်း ဘယ်ချိန်ကလာချမှန်းမသိတဲ့ ဝိုင်ကို သောက်ခဲ့မိတယ်။ ဒီလိုလုပ်တာ နှစ်ခါစဉ်းစားစရာမလိုအောင် ရှောင်လုလုပ်မှန်းသိနေသည်။
ရှောင်လုရဲ့လှည့်ကွက်ထဲ သူရောက်သွားပြီး။ ဒီနေရာကို ဘယ်သူမှ မလာခင် သူအိမ်ရောက်မှဖြစ်မယ်။ သူ့ကိုသူ သတိပေးနေတုန်း အနောက်က လူနှစ်ယောက်သူ့ပါးစပ်ကို အုပ်ပြီး ဆွဲခေါ်သွားတယ်။
ရှောင်ပိုက်ရုန်းသော်လည်း မရ။ အရင်ခန္ဓာကိုယ်ဆို အသာလေးဆိုပေမဲ့ အခု ကိုယ်ကအားနည်းတယ်။ ထိတာနဲ့ ကြွေကြမယ့်အတိုင်း။ ရှောင်ပိုင်ကို မျက်နှာပါအုပ်ပြီး ဟိုတယ်တစ်ခုစီခေါ်သွားကြတယ်။ ရှောင်ပိုင်ကို ဖျက်ဆီးမယ်လို့ပြောနေတယ်။   ဗီဒီယိုပါရိုက့်ကြမယ်တဲ့။ အခုဆိုရုန်းလို့အနည်းင်ါလွှတ်သွားလို့ရပေမဲ့ ဆေးအရှိန်ကြောင့် ဘယ်လိုမှမတတ်နိုင်။ ငှားထားတဲ့ အခန်းရှေ့သို့ ရောက်တော့ ရှောင်ပိုင် မရမကရုန်းပြီး လွှတ်သွားတော့ သူတို့နှစ်ယောက်ထဲကတစ်ယောက်ကို ခြေထောက်နဲ့ အငယ်ကောင်ကို ကန်ပြီး နောက်တစ်ယောက်ကိုကျ လက်ကိုကိုက်လိုက်တယ်။ ပြီးတာနဲ့ထွက်ပြေးတယ်။ ကိုက်ခံလိုက်ရတဲ့တစ်ယောက်က ရှောင်ပိုင်နောက်ကို ပြေးလိုက်တယ်။ နောက်တစ်ယောက်က အဲ့နေရာမှာပဲ လဲနေတယ်။ ရှောင်ပိုက်လဲတက်နိုင်သမျှ အမြန်ဆုံးပြေးသည်။ ရှောင်ပိုင်အားကုန်ခန်းပြီး လဲချင်နေပြီး။ မတက်နိုင်သည့်အဆုံး အခန်းတစ်ခန်းကို ဝင်ပုန်းလေသည်။ အခန်းထဲ၌
ယောင်္ကျားလေးတစ်ယောက်ကိုတွေ့ရသည်။ ထိုယောင်္ကျားလေးသည် ရေချိုးတပတ် တစ်ထည်ကိုသာ ပတ်ထားလေသည်။ ရှောင်ပိုင်ဝင်လာတာကို မြင်သောကြောင့် ရှောင်ပိုင်နားရောက်လာသည်။ ရှောင်ပိုင်လဲ လဲကြသွားသည်။ ထိုလူက ရှောင်ပိုင်ကို ဆွဲထိန်းလိုက်သည်။ ထိုလူက ကြွက်သားတွေနဲ့ ဗိုက်မှာလဲအဖုအထစ်တွေနဲ့။ ထိုကြွက်သားတွေက ရှောင်ပိုင်ထိမိတာနဲ့ အေးနေတဲ့အတွက်ကြောင့် ရှောင်ပိုင်ရဲ့ ပူနေတဲ့ ခန္ဓာကိုယ်က ထိုလူကို ဆွဲဖက်မိသည်။ ထိုလူက ရှောင်ပိုင်ကို ခနကြည့်နေပြီးနောက် ရှောင်ပိုင်ကိုယ်လေးကို ပွေ့ချီပြီး ကုတင်ပေါ်သို့ တင်လိုက်သည်။ ထို့နောက်ရှောင်ပိုင် ကိာ်ပေါ်ကနေအုပ်မိုးလိုက်ပြီး ရှောင်ပိုင်နားနာကပ်ပြီး ပြောလိုက်သည်က

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now