part 88

2.3K 159 14
                                    

Zawgyi




part 88

ရေခဲမုန့်ဆိုင်ရောက်တော့ ရေခဲမုန့်နှစ်ခွက်ဝယ်လိုက်ပြီး ခုံတန်းလေးမှာ နှစ်ယောက်တူတူထိုင်လိုက်ကြသည်။

ကျစ်ဟန် " baby စားကောင်းလား "

ပလုတ်ပလောင်းစားနေတဲ့ ရှောင်ပိုင်က လက်မလေးထောင်ပြီး လက်တစ်ဖက်ကလည်း ရေခဲမုန့်လေးကို ကိုင်ရင်း ဖြေလာသည်။

ရှောင်ပိုင် " အရမ်းကောင်းတယ် ဝတောင်မဝတော့ဘူး "

ကျစ်ဟန် " မဝရင် ကိုယ့်ဟာပါစား "

ဆိုပြီး ပေးလာသည်။ ရှောင်ပိုင်ကလည်း မငြင်းရှာပါဘူး။ ပေးတာနဲ့ယူတာပဲ။ ရေခဲမုန့်စားနေတဲ့ ရှောင်ပိုင်ကို ကျစ်ဟန်က စိုက်ကြည့်ပြီး မေးလိုက်သည်။

ကျစ်ဟန် " ဘေဘီ ဘာအကွက်တွေရွှေ့နေတာလဲ"

ရှောင်ပိုင်က စားနေတာ ရပ်သွားပြီး ကျစ်ဟန်ကို လှည့်ကြည့်လာသည်။

ရှောင်ပိုင် " ဘာရွှေ့တာလဲ"

ကျစ်ဟန် " ဟန်ဖုန်းနဲ့ ဂျွန်ဂူကို ပြောတာ"

ရှောင်ပိုင် " အော်....အဲ့ဒါ........လူကြီးက သိနေတာလား သူတို့နှစ်ယောက်ကို ဆက်ပေးနေတာ"

ကျစ်ဟန် " ဘာလို့??????"

ရှောင်ပိုင် " ဟဲဟဲ..သူတို့က လိုက်တယ်လေ "

ကျစ်ဟန်က ပြောဖို့ပြင်လိုက်ပေမဲ့ ရှောင်ပိုင်က ဖြတ်ပြောသည်။

ရှောင်ပိုင် " လူကြီး လက်မခံဘူးဆိုတာ သိပါတယ် ဒါပေမဲ့ လူကြီးကတိပေးထားတယ်လေ baby လိမ်လိမ်မာမာ နေရင် baby စိတ်တိုင်းကျဆို "

ကျစ်ဟန်က ရှောင်ပိုင်ရဲ့ ခေါင်းကို ဖွဖွပုတ်ပေးလိုက်သည်။

ကျစ်ဟန် " ဟုတ်ပါပြီး "

ရှောင်ပိုင်က ရေခဲမုန့်ကို ဆက်စားနေသည်။
ရေခဲမုန့်တွေစားပြီးသွားတော့ ရှောင်ပိုင်ရဲ့ ပါးစပ်မှာ ရေခဲမုန့်တွေပေနေလေသည်။

ကျစ်ဟန် " baby က ခလေးလိုပဲ ရေခဲမုန့်တောင် ပေအောင်စားတယ် "

ရှောင်ပိုင် " လူကြီးပဲ babyကို နှစ်ခုကျွေးတော့ စားကောင်းလွန်းပြီး ပေ....အွန့်.....ပြွစ် "

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now