Zawgyi
part 90
ဟန်ဖုန်း ဘေးက သရဲမရဲ့ အော်သံကြားလာတဲ့အခါ ဘေးကိုလှည့်ကြည့်လိုက်တော့ သွေးတွေ စီးကျနေတဲ့ သရဲမကြီးကိုမြင်တော့ လန့်သွားပြီး အော်သွားမိသည်။ ဂျွန်ဂူကလဲ ဟန်ဖုန်းအော်သံကြောင့် ဟန်ဖုန်းဆီသို့ လှည့်လာသည်။ ထိုအချိန် ဟန်ဖုန်းက ဂျွန်ဂူခါးကိုတက်ခွလိုက်သည်။ ဂျွန်ဂူကလည်း ဟန်ဖုန်းရဲ့ ခါးကို လှမ်းထိန်လိုက်သည်။
ထိုချိန် နှစ်ယောက်သား အကြည့်ချင်းဆုံပြီး ဘေးနားက သရဲမကို မေ့သွားပြီး အချစ်မျက်ဝန်းနဲ့5မိနစ်လောက် ကြည့်နေကြသည်။(ဒီပုံက ဟို့အပေါ်က ကြည့်လိုက်ပါ ပုံတင်လို့မရလို့ Zawgyi လို့ရေးထားတဲ့အပေါ့မှာ)
ဂျွန်ဂူ " ခုကိုယ်ကိုမြူဆွယ်နေတာလား"
ဟန်ဖုန်း " ဘာ......မြူဆွယ်လို့လဲ "
ဂျွန်ဂူ " အဲ့ဒါဆို ဘာလို့ဒီလိုလုပ်တာလဲ "
ဟန်ဖုန်း " အဲ့ဒါလန့်လို့လေ "
ဂျွန်ဂူ " ဟုတ်လို့လား "
ဟန်ဖုန်း " ဟုတ်တယ် လွှတ်ပေးတော့ ဆင်းမယ် "
ဂျွန်ဂူက ဟန်ဖုန်းကို ဆင်းခွင့်မပေးပါ။
ဂျွန်ဂူ " မလွှတ်ပေးနိုင်ပါဘူး ကလေးကိုယ်တိုင် ကိုယ့်ပေါ်တက်လိုက်တာ "
ဟန်ဖုန်း " လွှတ်ပေးဆို "
ဂျွန်ဂူ ".........."
ဟန်ဖုန်း ဘယ်လောက်ပြောပြော မလွှတ်ပေးတဲ့ ဂျွန်ဂူကြောင့် လက်လျော့လိုက်ရသည်။ သရဲကြောက်နေတာလဲ ပါသည်။
♥♥♥♥♥♦♥♥♥♥♥♥♥♥♥®
ကျောက်ဖုန်းနှင့် ကျင်းရီက တစ်လမ်းတည်း တူတူလာခဲ့သည်။ ကျောက်ဖုန်းက လှိုင်ခေါင်းထဲ သွားတဲ့ လမ်းတစ်လျှောက် လက်သီးကို ဆုပ်ထားမိသည်။
တစ်ဖြေးဖြေး မှောင်တဲ့နေရာကို ရောက်လာပြီး မီးအရောင် မှိန်တုန်မှိန်တုံးဖြစ်လာပြီး သရဲအရုပ်တွေကို ကြောက်စဖွယ်မြင်နေရသည်။ ကျောက်ဖုန်းက တစ်ဖြေးဖြေး လမ်းလျှောက်တာနှေးလာပြီး ချွေးတွေလည်း တစ်တီးတီး ကျလာသည်။
YOU ARE READING
The CEO's Brave Girl Season (1) (Complete)
Romancetime travel အမျိုးအစားလေးပါ။ အမှားပါရင် ခွင့်လွှတ်ပါ။ ချစ်သူရဲ့ သစ္စာဖောက်ချင်းကို ခံရပြီး time travel ဖြစ်လာတဲ့ ပိုင်ကျင်းကျင်း ။ မိထွေးနဲ့ညီမ က နိုပ်စက်မှုကြောင့် သေသွားတဲ့ ရှောင်ပိုင်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာပြီး ဘယ်လိုကလဲ့စားချေမလဲ အချစ်ရေးလေးကလဲ...