Zawgyi
part 94
ရှောင်ပိုင်လည်း ကျစ်ဟန်ရဲ့ ကိုယ်ပေါ်မှာ သက်တောင့်သက်သာဖြစ်ပြီး ဗိုက်နာတာ သက်သာတာကြောင့် ဘာမှမပြောပဲ အိပ်လိုက်သည်။ ကတိလည်းပေးထားတာပါသည်။
ရှောင်ပိုင်အိပ်နေတုန်း ခေါ်နိုးသံကြားလိုက်သည်။ကျစ်ဟန် " baby baby ထတော့ "
ကျစ်ဟန်က ခေါ်နိုးတော့ ရှောင်ပိုင်လည်း ' အွန်း အမ်း...' လုပ်ပြီးနိုးသွားသည်။ ရှောင်ပိုင်လည်း ထလိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။
ရှောင်ပိုင် " လူကြီး babyကို ဘယ်မှာ ပေးအိပ်ထားတာလဲ "
ကျစ်ဟန် " အိပ်ယာပေါ်မှာလေ ဘာဖြစ်လို့လဲ "
ရှောင်ပိုင် " ပေကုန်မယ်လေ "
ကျစ်ဟန် " လျှော်လို့ရတာပဲ "
ရှောင်ပိုင် " အိပ်ယာခင်းက အဖြူကြီးလေ လျှော်လို့ပြောင်ပါ့မလား "
ကျစ်ဟန် " မပြောင်ရင်လည်း အသစ်ထက်ဝယ်မှာပေါ့ ကိုယ်ရှာထားတဲ့ ပိုက်ဆံတွေ baby အတွက်ပဲ"
ရှောင်ပိုင်က ပြောစရာစကားမဲ့နေသည်။ ရှက်တာလည်းပါသည်။ ခနနေတော့ ပြန်ပြီး စကား စ,ကာမေးလိုက်သည်။
ရှောင်ပိုင် " ခုဘာလုပ်မို့လဲ "
ကျစ်ဟန် " ညစာမစားပဲ အိပ်နေရင် ဗိုက်အောင့်မယ် ပြီးတော့ ရေချိုးရအုံးမယ်လေ တစ်နေကုန်လည်ပြီးတော့ လေစိမ်းလဲထိထားတော့ ကိုယ်တွေပူနေတယ် "
ရှောင်ပိုင် " ဟိုလေ... ဟိုဟာဝယ်....."
ရှောင်ပိုင်ပြောတော့ ကျစ်ဟန်က အိတ်အမဲရောင် အထုတ်လေးကိုပြလာသည်။
ကျစ်ဟန် " ကိုယ်ဝယ်ခဲ့ပြီးပြီး baby ဘယ်အမျိုးအစားသုံးလဲ မသိတော့ ကောင်းမယ်ထင်တဲ့ဟာ
အကုန်ယူခဲ့တာပဲ "(ဘာလဲသိတယ်ဟုတ် အမျိုးသမီး လစဉ်သုံးလေ "
ရှောင်ပိုင် " အမ်....လူကြီး ကိုယ်တိုင်သွားဝယ်တာလား "
ကျစ်ဟန် " ဘယ်သူရှိသေးလို့လဲ "
ရှောင်ပိုင် " တခြားသူတွေကို ဝယ်ပေးခိုင်းလဲရရဲ့သားနဲ့ "
CZYTASZ
The CEO's Brave Girl Season (1) (Complete)
Romanstime travel အမျိုးအစားလေးပါ။ အမှားပါရင် ခွင့်လွှတ်ပါ။ ချစ်သူရဲ့ သစ္စာဖောက်ချင်းကို ခံရပြီး time travel ဖြစ်လာတဲ့ ပိုင်ကျင်းကျင်း ။ မိထွေးနဲ့ညီမ က နိုပ်စက်မှုကြောင့် သေသွားတဲ့ ရှောင်ပိုင်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာပြီး ဘယ်လိုကလဲ့စားချေမလဲ အချစ်ရေးလေးကလဲ...