part 99

2.5K 150 23
                                    

Zawgyi



part 99


ခနနေတော့ ဟန်ဖုန်း ပြန်လာသည်။ ​ဖုန်းကို လက်နှစ်ဖက်နဲ့ အသေအချာပိုက်ထားပြီး မျက်နှာမှာလဲ စိတ်လှုပ်ရှားနေပုံပေါ်သည်။

ကျောက်ဖုန်း " ဟန်ဖုန်း နင်ဘာဖြစ်လာတာလဲ "


ရှောင်ပိုင် " အေ့လေ ဘီလူးမ ပန်းပေးခံရတဲ့ရုပ်နဲ့ "

ရှောင်ပိုင်က မုန့်ကို ပလုတ်ပလောင်းစားရင်းပြော လိုက်သည်။

ဟန်ဖုန်း " ဦး ........ဦးပြောတယ် "

ကျောက်ဖုန်း " ဘာပြောလဲ "

ဟန်ဖုန်း " ငါဦးရဲ့မိဘကို သွားတွေ့ကြမယ်တဲ့ မနက်ဖြန်ကျရင် ငါအရမ်းစိတ်လှုပ်ရှားနေတယ် "

ရှောင်ပိုင် "ဝါးးးး မြန်လိုက်တာ ဟန်ဖုန်း လက်ထက်ရတော့မယ် "

ဟန်ဖုန်း " ဘာလက်ထက်တာလဲ မိဘတွေကို သွားတွေ့ရုံပဲ "

ရှောင်ပိုင် " သွားတွေ့ပြီး မိဘတွေက နင့်ကို သဘောကျသွားရင် တစ်ခါထဲ လက်ထပ်ပေးမှာ မြင်ယောင်သေးတယ် "

ကျောက်ဖုန်း " ငါလဲ ရှောင်ပိုင်ပြောတာကို လက်ခံတယ် နင့်ဦးပုံစံက အဲ့အတိုင်းပဲ "

ဟန်ဖုန်း " တကယ်လို့ အဲ့လိုဖြစ်သွားရင် ရှောင်ပိုင်နင့်ကို အလွှတ်မပေးဘူး နင့်ကို သတိုးသမီးအရံလုပ်ခိုင်းမှာ ​ကိုကြီးလဲ နင့်ကိုလက်ထက်ချင်နေတာ နင်ကိုက ချစ်တယ်မပြောလို့ ကိုကြီးက စောင့်နေတာ
နင်ချစ်တယ်တာ ပြောလိုက်ရင် တစ်ခါထဲ လက်ထက်မှာ မြင်ယောင်သေးတယ် 😛😛 "


ရှောင်ပိုင် " နင်မင်္ဂလာဆောင်ကြရင် ငါသတိုးသမီးအရံမလုပ်ပေးရဲဘူး "

ကျောက်ဖုန်း " ဘာလို့လဲ "

ရှောင်ပိုင် " ဘာလို့လဲဆိုတော့ ငါသတိုးသမီးအရံလုပ်တယ်ထားပါအုံး ငါကအရမ်းလှတာလေ  အလှပြင်ပြီး အင်္ကျီလှလှလေးတွေဝတ်လိုက်ရင် သတိုးသမီးထက်လှသွားရင် မကောင်းဘူးလေ "

ဟန်ဖုန်း " ကိုယ့်ကိုကိုယ် တိတ်အထင်မကြီးနဲ့
အငတ်မကြီး နောက် အစားစားတာများပြီး ဝက်ဖြစ်သွားရင် လှတော့မယ်ထင်နေလား "

The CEO's Brave Girl Season (1) (Complete)Dove le storie prendono vita. Scoprilo ora