part 19

5.3K 363 7
                                    

Zawgyi

part 19

ဦးလေးကြီး ''VVကုမ္ပဏီမှ ကြိုဆိုပါတယ်။ အလုပ်စလုပ်လို့ရပါသည်။ ''

ရှောင်ပိုင်အံ့သြသွားသည်။ ဒီလောက်လွယ်လား။ သူဒီကုမ္ပဏီအကြောင်း သိထားပြီးပြီး။ အင်တာဗျူးဖြေတာ အသေခက်သည်။ ခက်တဲ့မေးခွန်းတွေလည်း မေးသည်။ အင်တာဗျူးဖြေတဲ့လူ အယောက်100မှာဆို 5ယောက်ပဲအောင်တာ။ သူကအခု ဘာမေးခွန်းမှလည်းမမေးပဲ ဒီတိုင်း အလုပ်အပ်တယ်ဆိုတော့ တစ်မျိုးပဲ။

ရှောင်ပိုင် ''ဘာမေးခွန်းမှမမေးတော့ဘူးလား။''

ဦးလေးကြီး ''မေးစရာမလိုပါဘူး။''

ရှောင်ပိုင် ''@ငါကိုရိုသေစွာပြောနေသလိုပဲ။ ငါစိတ်ထင်နေတာပဲလား။ သူများတွေကိုစကားပြောပုံကအဲ့လိုမဟုတ်ပါဘူး@''

ရှောင်ပိုင် ''အဲ့ဒါဆိုဘယ်လောက်အလုပ်စလုပ်ရမှာလဲ''

ပုံမှန်ဆို အင်တာဗျူးအောင်တာနဲ့ မနက်ဖြန်လောက်အလုပ်ဆင်းရမှာဖြစ်သည်။ ရှောင်ပိုင်က တမင်မေးလိုက်တာဖြစ်သည်။

ဦးလေးကြီး ''ဘယ်နေ့လာချင်လို့လဲ''

ရှောင်ပိုင်မေးတာကိုပြန်မေးလာတဲ့ဦးလေးကြီးကြောင့် အနည်းငယ်အရွှဲ့တိုက်ချင်လာတာကြောင့်

ရှောင်ပိုင် ''နောက်သုံးရက်နေရင် လာမယ်ဆိုရင်ရော''

ဦးလေးကြီး ''နောက်သုံးရက်နေရင် ကုမ္ပဏီကိုလာလို့ရပါပြီး''

ရှောင်ပိုင် ''ဒါဆို လစာကရော ဘယ်လိုပေးတာလဲ''

ဦးလေးကြီး ''လစာကရော ဘယ်လိုမျိုးယူချင်တာလဲ''

ရှောင်ပိုင် ခုနကအတိုင်းပဲ အရွဲ့တိုက်လိုက်သည်။

ရှောင်ပိုင် ''ပထမလတစ်လပဲ လစာကြိုပေးလေ။ လကုန်ရင်ထက်ပေးပေါ့။ ကျန်လတွေမှာ လကုန်မှပေးပေါ့။ okလား''
(ပထမလမှာပဲအလုပ်မလုပ်ခင်ပိုက်ဆံကြိုပေးခိုင်းတာပါ။ အဲ့ပထမလကုန်ရင် လစာထက်ပေးပေါ့။ နောက်လတွေကျရင်တော့ လကုန်မှ လစာရမှာပေါ့။ နားလည်လား။ နားမလည်ရင် ပြန်မေးနိုင်ပါတယ်နော်)

အဲ့ဦးလေးကြီး လက်မခံမှန်းသိပေမဲ့ပြောလိုက်သည်။ လက်ခံချင်ရင်လည်း သူ့အတွက်အဆင်ပြေတာပေါ့။ ရှောင်ပိုင် အလုပ်မလုပ်ခင် ပိုက်ဆံပေးရင် သူကွန်ဒိုတစ်လုံးဝယ်မည်။ ဘိုးတော်ကြီး စိတ်ထဖောက်ပြီး အိမ်ပေါ်က မောက်းချရင်
သူကွန်ဒိုမှာသွားနေမို့ပေါ့။

The CEO's Brave Girl Season (1) (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ