စုန့်ချင်းရန် သခင်မတုရဲ့ အိပ်ယာနားထိုင်ပြီး " ဖွားဖွား ကျွန်မကို ခုချိန်မှာတော့ ဖွားဖွားနားခေါ်ထားပါ"
လို့ ငိုရင်းပြောနေတယ်။ သခင်မတု ဟာအိပ်ယာပေါ်က မထနိုင်တာတောင် သူမကို ဘာဖြစ်နေတာလဲလို့ မေးခဲ့တယ်။ သခင်မတု ကိုနှောက်ယှက်တာတော်သင့်ပြီ။

"တူမလေးဆီကပိုက်ဆံခိုးလို့ အမေထောင်ကျသွားပြီ။ ခုတော့ဦးလေးနဲ့ အန်တီအပါအဝင်ဆွေမျိုးတွေအကုန် ကျမကိုတအားမုန်းနေကြပြီ။ အိမ်စေတွေနဲ့ အိမ်တော်ထိန်းကတောင် ကျမကိုတွေ့ရင် လှောင်ပြောင်နေကြတယ်။ ကျမက ဒီအိမ်မှာ အကြီးဆုံးသမီးကြီးဖြစ်ပေမယ့် ကျမမှာဘာလုပ်ပိုင်ခွင့်မှ မရှိတော့ဘူး။"

အသနားခံ ငိုကြွေးနေတဲ့ စုန့်ချင်းရန်  ကို သခင်မတု ကကြည့်ပြီး

"ဥပဒေချိုးဖောက်ပြီး မင်းကိုဒီလိုဖြစ်အောင်လုပ်တဲ့ မင်းအမေကို အပြစ်တင်နေတာလား ချင်းရန်"

လို့မေးလိုက်တယ်။ သူမက
"မဟုတ်ပါဘူး"
လို့ခေါင်းကိုပြာပြာသလဲခါပြီး ငြင်းလိုက်တယ်။

" သူတို့နောက်ထပ် ကျမကို အနိုင်မကျင့်ရဲ့တော့အောင်လို့ ဝူအန်းအိမ်တော်ကိုဖိတ်ပြီး ကျမဘက်က ရပ်တည်ရှင်းပြ ပေးစေချင်ရုံပါ"

သခင်မတု ကသူမကို နှစ်သိမ့်ပေးပြီး

" ငါက ကျန်းအိမ်တော်ကဖြစ်တယ်။ ဝူအန်အိမ်တော်က လူတွေကို ဘယ်လိုလုပ်သွားပြီး ခြိမ်းခြောက်နိုင်ပါ့မလဲ။ မင်းအဖေနဲ့ အဖွားကိုသွားရှာပြီးမင်းဘက်က ရပ်တည်ပေးဖို့ပြောပေါ့။ ဒါဆိုမင်းကို ဘယ်သူမှနောက်ထပ် အပြစ်ရှာ ဝေဖန်ရဲတော့မှာ မဟုတ်ဘူး။"

"အဖေကအမြဲအလုပ်ရှုပ်နေတာ။ အိမ်ပြန်မလာ ရက်အတော်ကြာနေပြီ။ အဖွားကျတော့လည်း ကျမကို မြင်တိုင်း စားတော့ဝါးတော့မတတ်ဘဲ ပြီးရင် ဆူတော့တာဘဲ။ ကျမကိုလည်းဘယ်တုန်းကမှ ကာကွယ်ပေးတယ်ဆိုတာ မရှိဘူး။ ကျမမှာရွေးချယ်စရာမရှိလို ဖွားဖွားကိုလာရှာတာပါ။"

လို့ပြန်ဖြေရင်း စုန့်ချင်းရန်  လည်းမျက်နှာကို လက်ကိုင်ပဝါနဲ့အုပ်ပြီး တရှုတ်ရှုတ်ငိုနေတာ ကိုယ်လုံးလေးပါတုန်လို့။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now