ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part...

Von Azure5549

17.6K 1.4K 8

ချင်ယန်ဇီဟာ သစ္စာဖောက်တွေလက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံး ပြီးဆုံးသွားပြီလို့ထင်ရပေမဲ့ တကယ်တမ်းမှာတော့... Mehr

Book(80)Ch - 1095 - 1097
Ch 1098 - 1100
Ch 1101 - 1103
Book(81)Ch 1-3(or)Ch 1104 - 1106
Ch 1107 - 1109
Ch 1110 - 1112
Ch 1113 - 1115
Ch 1116 - 1118
Book(82)Ch1-3(or)Ch 1119 - 1121
Ch 1122 - 1124
Ch 1125 - 1127
Ch 1128 - 1130
Ch 1131 - 1133
Book(83)Ch 1-3(or)Ch 1134 - 1136
Ch 1137 - 1139
Ch 1140 - 1142
Ch 1143 - 1145
Ch 1146 - 1148
Book(84)Ch 1-3(or)Ch 1149 - 1151
Ch 1152 - 1154
Ch 1155 - 1157
Ch 1158 - 1160
Ch 1161 - 1163
Book(85)Ch 1-3(or)Ch 1164 - 1166
Ch 1167 - 1169
Ch 1170 - 1172
Ch 1174 - 1176
Ch 1177 - 1179
Book(86)Ch 1-3(or)Ch 1180 - 1182
Ch 1183 - 1185
Ch 1186 - 1188
Ch 1189 - 1191
Ch 1192 - 1194
Book(87)Ch 1-3(or)Ch 1195 - 1197
Ch 1198 - 1200
Ch 1201 - 1203
Ch 1204 - 1206
Ch 1207 - 1209
Book(88)Ch 1-3(or)Ch 1210 - 1212
Ch 1213 - 1215
Ch 1216 - 1218
Ch 1219 - 1221
Ch 1222 - 1224
Book(89)Ch 1-3(or)Ch 1225 - 1227
Ch 1228 - 1230
Ch 1231 - 1233
Ch 1234 - 1236
Ch 1237 - 1239
Book(90)Ch 1-3(or)Ch 1240 - 1242
Ch 1243 - 1245
Ch 1246 - 1248
Ch 1249 - 1251
Ch 1252 - 1255
Book (91) Ch 1-3 (or) Ch 1256 - 1258
Ch 1259 - 1261
Ch 1262 - 1264
Ch 1265- 1267
Ch 1268 - 1270
Book(92)Ch 1-2(or)Ch 1271 - 1273
Ch 1274 - 1276
Ch 1277 - 1279
Ch 1280 - 1282
Ch 1283 - 1285
Book(93)Ch 1-3(or)Ch 1286 - 1288
Ch 1289 - 1291
Ch 1292 - 1294
Ch 1295 - 1297
Ch 1298 - 1300
Book(94)Ch 1-3(or)Ch 1301 - 1303
Ch 1304 - 1306
Ch 1307 - 1309
Ch 1310 - 1312
Ch 1313 - 1315
Book(95) Ch1-3(or)Ch 1316 - 1318
Ch 1319 - 1321
Ch 1322 - 1324
Ch 1326 - 1328
Ch 1329 - 1331
Book(96)Ch 1-3(or)Ch 1332 - 1334
Ch 1335 - 1337
Ch 1338 - 1340
Ch 1341 - 1343
Ch 1344 - 1346
Book(97)Ch 1-3(or)Ch 1347 - 1349
Ch 1350 - 1352
Ch 1353 - 1356
Ch 1357 - 1359
Ch 1360 - 1362
Book(98)Ch 1-3(or)Ch 1363 - 1365
Ch 1366 - 1368
Ch 1369 - 1371
Ch 1372 - 1374
Ch 1375 - 1377
Book(99)Ch 1-3 (or) Ch 1378 - 1380
Ch 1381 - 1383
Ch 1384 - 1386
Ch 1387 - 1389
Ch 1390 - 1392
Book(100)Ch 1-3(or)Ch 1393 - 1395
Ch 1396 - 1398
Ch 1399 - 1401
Ch 1402 - 1404
Ch 1405 - 1407
Book(101)Ch 1 - 3(or)Ch 1408 - 1410
Ch 1411 - 1413
Ch 1414 - 1416
Ch 1417 - 1419
Ch 1420 - 1422
Book(102)Ch 1-3(or)Ch 1423 - 1425
Ch 1426 - 1428
Ch 1429 - 1431
Ch 1432 - 1434
Ch 1435 - 1437
Book (103)Ch 1-3(or)Ch 1438 - 1440
1441 - 1443
1444 - 1446
1447 - 1449
1450 - 1452
Book(104)Ch 1-3(or)Ch 1453 - 1455
Ch 1456 - 1458
1459 - 1461
1462 - 1464
1465 - 1467
up လေး ကြာနိုင်ပါတယ်နော်
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
Book (105) Ch 1 - 3 (or)Ch 1468 - 1470
1471 - 1473
1474 - 1476
1477 - 1479
1480 - 1482
Book 16 Ch 1483 - 1485 (or) Ch 1 - 3
1486 - 1488
1489 - 1491
1492 - 1494
1495 - 1497
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
Book 107 Ch 1 - 3 ( or ) Ch 1498 - 1500
1501 - 1503
1504 - 1506
1507 - 1509
1510 - 1512
Book (108) Ch 1 - 3 (or)Ch 1513 - 1515
Ch 1516 - 1518
Ch 1519 - 1521
Ch 1522 - 1524
Ch 1525 - 1527
Book (109) Ch 1 -3 (or) Ch 1528 - 1530
Ch 1531 - 1533
Ch 1534 - 1536
Ch 1537 - 1539
Ch 1540 - 1542
Book ( 110 ) Ch 1 - 3 ( or ) Ch 1543 - 1545
1546 - 1548
1549 - 1551
1552 - 1554
1555 - 1557
Book ( 111 ) Ch 1 - 3 ( or ) Ch 1558 - 1560
Ch 1561 - 1563
Ch 1564 - 1565
1566 - 1568
1569 - 1571
Book 112 , Ch 1 to 3 (or ) Ch 1752 - 1754
1755 - 1757
1758 - 1760
1761 - 1763
1764 - 1766
Book (113) Ch 1 - 3 (or) Ch 1767 - 1769
Ch 1770 - 1772
CH 1773 - 1775
Ch 1776 - 1778
Ch 1779 - 1781
Book (114) Ch 1 - 3 ( or )Ch 1782 - 1784
Ch 1785 - 1787
Ch 1791 - 1793
Ch 1794 - 1796
Book ( 115 ) Ch 1 to 5 ( or ) Ch 1797 - 1799

Ch 1788 - 1790

25 2 0
Von Azure5549

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

bOOK 114

Chapter-7

(တောက်ပတဲ့ အပြုအမူတစ်ခုတည်းနဲ့ လောကကြီးကို အံ့အားသင့်စေခဲ့တယ်)

လူတိုင်းက အလွန့်အလွန် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာများဖြင့် သက်လတ်ပိုင်းအရွယ်လူကို ကြည့်လိုက်ကြသည်။

"အဲဒါက နင်မိသားစုရဲ့ အကြီးအကဲ နင်လီရှောင်ပဲ… ဘုရားရေ… သူက လေလံဈေးကို သန်း၅၀၀အထိ တိုက်ရိုက်မြှင့်တင်လိုက်ပြီ….."

"နင်မိသားစုက မက်မွန်သီးတစ်လုံးအတွက် ဆီးသီးတစ်လုံး ပြန်ပေးပြီးတော့ အကြီးအကဲယီနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်နေတာလား….."

"ကြယ်သုံးပွင့် နတ်ဆေးလုံးတစ်လုံးကို နှစ်ဘီလီယမ်ပေးပြီး ဝယ်ယူနေတာဆိုတော့ ရူးသွားတာပဲ… တကယ်ရူးသွားပြီ….."

………..

တစ်စုံတစ်ယောက်က ဈေးမြှင့်ပေးလာခဲ့မည်ဟု ရှစ်စုန့်ကလည်း မျှော်လင့်မထားခဲ့ကြောင်း သိသာထင်ရှားပေ၏။ သူက နင်လီရှောင်ကို အလွန်အံ့ဩစွာ ကြည့်လိုက်သည်။

ရှစ်စုန့်က အံကြိတ်၍ ပြောဆိုခဲ့၏။
"၂.၁ ဘီလီယမ်….."

"၂.၅ ဘီလီယမ်….." နင်လီရှောင်က မျက်တောင်တစ်ချက်မခတ်ခဲ့ဘဲ အလွန်တည်ငြိမ်စွာပင် သန်း၄၀၀ တိုးမြှင့်ပေးလိုက်သည်။

ရှစ်စုန့်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး နင်လီရှောင်ကို တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုလိုက်သည်။ "နင်လီရှောင်… မင်းက ရူးသွားတာလား… ဒီလိုမျိုး လေလံဈေးမြှင့်ပေးတာက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး….."

နင်လီရှောင်က အေးအေးဆေးဆေး ပြောခဲ့၏။ "ငါက လေလံဈေးပေးခဲ့တယ်ဆိုမှတော့ အဲဒီဆေးလုံးက ဒီတန်ဖိုးနဲ့ ထိုက်တန်လို့ပဲ… ရှစ်ကျိယုံက အဲဒါကို လိုအပ်သလို ထျန်းဖျင်ကလည်း အဲဒါကိုလိုအပ်တယ်လေ… အရေးမပါတာတွေပြောနေတာ တော်လောက်ပြီ… ပိုမြင့်တဲ့ဈေးကို ပေးနိုင်တဲ့သူက အဲဒီဆေးလုံးကို ရရှိလိမ့်မယ်….."

ရှစ်စုန့်၏ မျက်နှာက အဆက်မပြတ် အရောင်ပြောင်းသွားခဲ့ပြီး သူက အံကြိတ်၍ ပြောလိုက်သည်။ "၂.၆ ဘီလီယမ်… နင်လီရှောင်… တကယ်လို့ မင်းက အစွမ်းရှိတယ်ဆိုရင် သုံးဘီလီယမ်အထိ ဈေးမြှင့်ပေးလိုက်လေ….."

နင်လီရှောင်က ရှစ်စုန့်ကို တစ်ချက်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောဆိုခဲ့၏။ "၃.၅ ဘီလီယမ်….."

"ဝှူး….."

လူတိုင်းက လေအေးများ ရှူသွင်းလိုက်ရသည်။ ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးက အလွန်တန်ဖိုးကြီးမည်ဟု အစောကြီးကတည်းက မျှော်လင့်ထားခဲ့သည့်တိုင် ယခုကဲ့သို့သော ပမာဏတစ်ခုအထိ အမှန်တကယ် တန်ဖိုးကြီးနေမည်ဟု သူတို့က ထင်မထားခဲ့ကြပေ။

၃.၅ ဘီလီယမ် တန်ဖိုးဖြင့်ဆိုလျှင် လူတစ်ယောက်က အကာအကွယ် နတ်သခင် ဆန်းကြယ်ရတနာ အချို့ကိုပင် ဝယ်ယူနိုင်ပြီဖြစ်၏။

သို့ရာတွင် ထိုအရာက ကြယ်သုံးပွင့် နတ်ဆေးလုံးတစ်လုံးအတွက် တန်ဖိုးမျှသာ ဖြစ်နေခဲ့သည်။

ရှစ်စုန့်၏ မျက်နှာအမူအရာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားခဲ့ပြီး သူက အလွန်အမင်း မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောဆိုလိုက်သည်။ "နင်လီရှောင်… မင်းက ရက်စက်တယ်လို့ပဲ သတ်မှတ်လိုက်မယ်… ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးက မင်းတို့နင်မိသားစုအပိုင်ပဲ….."

နင်လီရှောင်က လက်သီးလက်ဝါးဆုပ် အရိုအသေပေးလိုက်ပြီး ပြုံး၍ ပြောဆိုခဲ့၏။ "အစ်ကိုရှစ်စုန့်… အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်….."

"၃.၅ ဘီလီယမ်… နင်မိသားစုက ၃.၅ ဘီလီယမ် ဈေးပေးနေပါပြီ… ပိုပေးချင်တဲ့သူ ရှိပါသေးလား….."

တာဝန်ခံကျန်းက စကားပြောဆိုခြင်းကို အချိန်အနည်းငယ်ကြာ ရပ်တန့်လိုက်ပြီး သူ၏အကြည့်က လူအများပေါ်သို့ ရောက်ရှိသွားပြီးမှ သူက ဆက်လက်ပြောဆိုလိုက်သည်။ "၃.၅ ဘီလီယမ် တစ်ကြိမ်၊ ၃.၅ ဘီလီယမ် နှစ်ကြိမ်၊ ၃.၅ ဘီလီယမ် သုံးကြိမ်… ရောင်းလိုက်ပါပြီ… နင်မိသားစုက ကောင်းကင်လင်းယုန် အင်ပါရီရယ်မြို့ကြီးရဲ့ သမိုင်းမှာ ပထမဆုံးပေါ်ထွက်လာတဲ့ ဟင်းလင်းပြင်ဝိညာဥ် နတ်အဆင့် ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးကို ရရှိသွားခဲ့အတွက် ဂုဏ်ယူပါတယ်….."

နောက်ဆုံးတန်ဖိုး ထွက်ပေါ်လာခဲ့ပြီး လေလံပွဲအနိုင်ရရှိသူကို ဆုံးဖြတ်ပေးသွားခဲ့၏။

လူတိုင်းက မှင်တက်မိနေခဲ့ကြပြီး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကာ ဤတန်ဖိုးကို ယုံကြည်ရဲခြင်း မရှိခဲ့ကြသေးပေ။

ကောင်းကင်တမျှမြင့်မားသော တန်ဖိုးဖြစ်သည့် အဆင့်နိမ့် နတ်စွမ်းအင်ကျောက်တုံး ၃.၅ဘီလီယမ်ဖြင့် ကြယ်သုံးပွင့် နတ်ဆေးလုံးတစ်လုံးကို ရောင်းချနိုင်ခဲ့ခြင်းအား တစ်ကြိမ်တစ်ခါမျှပင် မကြားဖူးခဲ့ပေ။

နင်မိသားစုက အခြေအနေနှင့်အချိန်အခါကို အကောင်းဆုံး အသုံးချခဲ့သည်ဟုပင် သူတို့က ခံစားခဲ့ရ၏။

ဤဆေးလုံးက သမိုင်းတွင် ပထမဆုံးထွက်ပေါ်လာခဲ့သော ဟင်းလင်းပြင်ဝိညာဥ် နတ်အဆင့် ဆေးလုံးတစ်လုံး ဖြစ်သည့်တိုင် ၃.၅ ဘီလီယမ် တန်ဖိုးဖြင့် ထိုက်တန်ခြင်းမရှိဟု သူတို့ကို ခံစားရစေခဲ့ပေ၏။

သို့ရာတွင် နင်လီရှောင်က ဤအချက်ကို တွေးမိခဲ့ခြင်းမရှိကြောင်း သိသာထင်ရှားပေသည်။

ဆေးလုံးကို လက်ခံယူဆောင်ပြီးနောက် သူက ယီယွမ်ထံသို့သွား၍ လက်သီးလက်ဝါးဆုပ် အရိုအသေပေးကာ ပြုံးပြခဲ့ပြီး ပြောလိုက်၏။ "အကြီးအကဲယီ… ဒီရက်အနည်းငယ်အတွင်းမှာ ကောင်မလေးစစ်ယွီက အကြီးအကဲယီရဲ့ ဂရုစိုက်မှုအောက်မှာ ရှိနေခဲ့ပါတယ်… နင်မိသားစုက အကြီးအကဲယီကို အဆုံးမရှိတဲ့ ကျေးဇူးကြွေးတင်နေပြီလို့ ကျုပ်က မိသားစုရဲ့ကိုယ်စား ပြောချင်ပါတယ်….."

နင်လီရှောင်က အလွန်ပါးနပ်သူတစ်ယောက် ဖြစ်သည်။ သူက ဆေးလုံးကို ၃.၅ ဘီလီယမ် တန်ဖိုးဖြင့် ဝယ်ယူခဲ့သည့်တိုင် သူက ထိုကိစ္စကို ထုတ်ဖော်ပြောဆို၍ မျက်နှာသာပေးမှုတောင်းခံရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

ဤဆေးလုံးက ၃.၅ ဘီလီယမ် တန်ဖိုးနှင့် အမှန်တကယ် ထိုက်တန်သည့်ပုံ ပြုမူနေခဲ့၏။

ထိုအစား သူက နင်စစ်ယွီ၏ အရေးကိစ္စများအတွက် ယီယွမ်ထံသို့ ကျေးဇူးတင်စကား လာရောက်ပြောဆိုခဲ့သည်။

အမှန်တကယ်တွင် နင်မိသားစုက နင်စစ်ယွီကို အကြီးအကျယ် အလေးထားပေ၏။

နင်မိသားစုက သိုင်းမျှော်စင်တွင် အလွန်အစွမ်းထက်သော အင်အားကို ပိုင်ဆိုင်ထားသော်လည်း ဆေးမျှော်စင်တွင် သူတို့၏ လွှမ်းမိုးမှုကမူ မရှိလုနီးပါး အနေအထားသို့ ရောက်နေခဲ့သည်။

ထိုအရာက အံ့အားသင့်စရာမရှိပေ။ မှော်ဆေးပညာ ထူးချွန်သူတစ်ယောက်ကို ပြုစုပျိုးထောင်ပေးခြင်းက သိုင်းပညာ ထူးချွန်သူတစ်ယောက်ကို ပြုစုပျိုးထောင်ပေးခြင်းထက် အများကြီး ပိုမိုခက်ခဲသောကြောင့်ပင် ဖြစ်၏။

သို့သော် နင်မိသားစုက ခေါင်းကိုက်နေရသည်မှာ နင်စစ်ယွီက အမြဲတမ်း ပျင်းရိနေပြီး အတိတ်တွင် တိုးတက်မှုရှာဖွေရန် ကြိုးစားအားထုတ်မှု လုံးဝမရှိခဲ့သည့်အတွက်ပင် ဖြစ်၏။

သို့သော် ယနေ့တွင် နင်စစ်ယွီက လုံးဝပြောင်းလဲသွားခဲ့သည်ကို နင်မိသားစုက မြင်တွေ့ခဲ့ရပြီး ဤကိစ္စကြောင့် သူတို့က အလွန်ဝမ်းသာသွားခဲ့ကြ၏။

ဤအချိန်တွင် နင်စစ်ယွီကို ယီယွမ်က အမှန်တကယ် သင်ကြားပေးခဲ့ခြင်း ရှိမရှိကို မည်သူက သံသယဝင်ရဲကြတော့မည်နည်း။

ယီယွမ်မှလွဲ၍ မည်သူက အချိန်တိုလေးအတွင်း နင်စစ်ယွီကို ယခုကဲ့သို့ အကြီးအကျယ် ပြောင်းလဲသွားစေရန် လုပ်ဆောင်နိုင်မည်နည်း။

ထို့ပြင် သူတို့၏ မျက်စိရှေ့မှောက်မှ ဤလူငယ်လေးက ထုတ်ဖော်ပြသခဲ့သော ကြောက်စရာကောင်းသည့် အရည်အချင်းက နင်မိသားစု မိတ်ဆွေဖွဲ့ရန်အတွက် အပြည့်အဝ ထိုက်တန်ပေ၏။

၃.၅ ဘီလီယမ်က အနည်းငယ် ဈေးကြီးလွန်းနေသည့်တိုင် ဤငွေကြေးက သုံးစွဲရန် ထိုက်တန်ပေ၏။

ယီယွမ်က စိတ်ထဲတွင် ကောင်းစွာနားလည်ခဲ့၍ ပြုံးလိုက်ပြီး ပြောဆိုခဲ့သည်။ "အဲဒီကောင်မလေးရဲ့ အရည်အချင်းက တော်တော်ကောင်းပါတယ်… တကယ်လို့ ဆွေးနေတဲ့ သစ်သားတုံးတစ်တုံး ဖြစ်နေမယ်ဆိုရင် ကျုပ်က အဲဒါကို အရောင်တင်ပေးနိုင်မှာ မဟုတ်ပါဘူး….."

နင်လီရှောင်က ပြုံး၍ ပြောဆိုခဲ့၏။ "အကြီးအကဲယီပြောတာ မှန်ပါတယ်… အကြီးအကဲယီက မသိလို့ပါ… ကောင်မလေးနင်စစ်ယွီက သူများတွေထက် သူ့ရဲ့ အရည်အချင်းသာလွန်မှုကို ဂုဏ်ယူနေပြီးတော့ အခြားသူတွေကို ပြဿနာရှာပြီး ကစားရတာ သဘောကျတယ်… နင်မိသားစုတစ်ခုလုံးက နင်စစ်ယွီအတွက် စိုးရိမ်ပူပန်နေခဲ့ရပါတယ်… အဲဒီလိုဖြစ်နေတာက အကြီးအကဲယီနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်အထိပါပဲ… အခုတော့ သူမက တောင်တစ်လုံးထက် ပိုမြင့်တဲ့ တောင်တစ်လုံးရှိပြီး လူတစ်ယောက်ထက် သာလွန်တဲ့ တစ်စုံတစ်ယောက် အမြဲတမ်းရှိနေတယ်ဆိုတာကို နောက်ဆုံးမှာတော့ သိသွားပါပြီ… အကြီးအကဲယီရဲ့ ရှေ့မှောက်မှာ ထူးချွန်သူတိုင်းက လွှမ်းမိုးခံလိုက်ရတာပါပဲ….." 

ထိုစကားက မြှောက်ပင့်ပြောဆိုသည်နှင့် တူနေခဲ့သော်လည်း အမှန်တကယ်တွင် နင်လီရှောင်၏ နှလုံးသားထဲမှ ထွက်လာခဲ့သော စကားများပင် ဖြစ်သည်။

နင်စစ်ယွီ၏ အရည်အချင်းက မြင့်မားသော်လည်း စုန့်ချီယန်၏ အရည်အချင်းက သူမနှင့် နှိုင်းယှဥ်လိုက်လျှင် နိမ့်ကျခြင်းမရှိဘဲ ပိုမိုမြင့်မားနေခဲ့သည်။

ဒါပေမဲ့ ရလဒ်က ဘယ်လိုဖြစ်သွားလဲ…..

စုန့်ချီရန်က ယီယွမ်၏ ဖိနပ်ကို ကိုင်ပေးရန်ပင် အဆင့်မီလိမ့်မည်မဟုတ်ပေ။

ယီယွမ်က ဘယ်သူလဲ…..

သူက အကြီးအကဲချုပ်ကို တစ်ခါတည်းနှင့် အပြတ်အသတ် အနိုင်ယူခဲ့သော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။

ယီယွမ်က နတ်သခင်အဆင့်သို့ ချိုးဖျက်တက်ရောက်သွားသည်နှင့် ဆေးမျှော်စင်၏ အထင်သေး၍မရသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး မဟာအကြီးအကဲနှစ်ယောက်နှင့် ပခုံးချင်းယှဥ်၍ ရပ်တည်နိုင်လုနီးပါးဖြစ်သော တည်ရှိမှုတစ်ခု ဖြစ်လာနိုင်ပေသည်။

ယနေ့ပြီးနောက် ယီယွမ်၏ နာမည်ဂုဏ်သတင်းက ကောင်းကင်လင်းယုန် အင်ပါရီရယ်မြို့ကြီး တစ်ခုလုံးကို ပျံ့နှံ့သွားပေလိမ့်မည်။ ယီဂေဟာ၏တံခါးက လူအုပ်ကြီးကြောင့် ပျက်စီးသွားနိုင်ပေသည်။

"ဖန့်ရုံ… မင်းက ဘာလို့ အကြီးအကဲယီကို အရိုအသေမပေးတာလဲ… မင်းက စည်းမျဥ်းစည်းကမ်းတွေကို သိလား မသိဘူးလား….." နင်လီရှောင်က ရုတ်တရက်ပင် သူ၏ဘေးတွင်ရှိနေသော နင်ဖန့်ရုံကို ပြောလိုက်သည်။

နင်ဖန့်ရုံက သူ၏ဘေးတွင် အပြစ်ပေးခံထားရသော အိမ်ထောင်ရှင်မတစ်ဦးသဖွယ် ငြိမ်သက်စွာ ရှိနေခဲ့သည်။

အတိတ်တွင် သူက ယီယွမ်၏ရှေ့မှောက်၌ ခြိမ်းခြောက်သော စကားများကို လွန်ကဲစွာ ပြောဆိုခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ယီယွမ်က ဆေးမျှော်စင်၏ အကြီးအကဲတစ်ယောက် အမှန်တကယ်ဖြစ်လာခဲ့မည်ဟု သူက မျှော်လင့်မထားခဲ့ပေ။

ဤအပြောင်းအလဲက အလွန့်အလွန် ဆိုးရွားပေသည်။

"ဖန့်ရုံ… အကြီးအကဲယီကို အရိုအသေပေးပါတယ်….." နင်ဖန့်ရုံက လက်သီးလက်ဝါးဆုပ် အရိုအသေပေး၍ ပြောဆိုခဲ့၏။

ယီယွမ်က ပြုံး၍ ပြောလိုက်သည်။ "မတွေ့တာကြာပြီ သခင်လေးနင်… အခုလိုမျိုး စိတ်မသက်မသာဖြစ်နေဖို့ မလိုပါဘူး….."

နင်ဖန့်ရုံက ရှက်ရွံ့စွာ ပြောဆိုခဲ့၏။ "အတိတ်တုန်းက ဖန့်ရုံက အသိမရှိခဲ့လို့ပါ… အကြီးအကဲယီက အဲဒီကိစ္စကို အပြစ်မယူဖို့ မျှော်လင့်ပါတယ်….."

ယီယွမ်က ခေါင်းညိတ်၍ ပြောလိုက်သည်။ "ငါက အဲဒီလောက်အထိ အငြိုးမကြီးပါဘူး… အတိတ်တုန်းက ကိစ္စတွေကို စိတ်ထဲကနေ ထုတ်လိုက်ပါ….."

ယီယွမ်နှင့် နင်ဖန့်ရုံအကြားမှ သေးငယ်သော ပဋိပက္ခကို ပုံမှန်အားဖြင့် နင်လီရှောင်က ကောင်းစွာသိရှိပေ၏။

ယီယွမ်က ထိုသို့ပြောလိုက်သည်ကို ကြားလိုက်ရ၍ နင်လီရှောင်၏ လှုပ်ရှားနေသော စိတ်နှလုံးက ပြန်လည်တည်ငြိမ်သွားခဲ့သည်။

ဤအချိန်တွင် ရှစ်မိသားစု၏ အကြီးအကဲ ရှစ်စုန့်ကလည်း ရောက်လာခဲ့ပြီး ယီယွမ်ကို လက်သီးလက်ဝါးဆုပ် အရိုအသေပေးကာ ပြောဆိုလိုက်သည်။ "အကြီးအကဲယီက တောက်ပတဲ့ အပြုအမူတစ်ခုတည်းနဲ့ လောကကြီးကို တကယ်ပဲ အံ့အားသင့်စေခဲ့တယ်… ဟင်းလင်းပြင်ဝိညာဥ် နတ်အဆင့် ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးကို ဒီရှစ်မျိုးရိုးက လိုအပ်နေပါတယ်… နောက်ထပ်တစ်ကြိမ် ဖော်စပ်ပေးဖို့ အကြီးအကဲယီကို ကျုပ်က တောင်းဆိုလို့ရမလားဆိုတာ သိချင်မိပါတယ်… ကျုပ်တို့ရှစ်မိသားစုက နတ်စွမ်းအင်ကျောက်တုံး နှစ်ဘီလီယမ်နဲ့ ကမ်းလှမ်းပါမယ်… အကြီးအကဲယီ… ကျေးဇူးပြုပြီးတော့ နောက်ထပ်တစ်ကြိမ် ဖော်စပ်ပေးပါလား….." 

ရှစ်မိသားစု၏ အင်အားက နင်မိသားစုနှင့် အတူတူပင် ဖြစ်သည်။ ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးကို ဖော်စပ်ရန်အတွက် လိုအပ်သော ဝိညာဥ်ဆေးပင်တစ်ဖုံကို စုဆောင်းခြင်းက ပုံမှန်အားဖြင့် ခက်ခဲမှု လုံးဝမရှိပေ။

သို့ရာတွင် ဝိညာဥ်ဆေးပင်များက ရှာဖွေရလွယ်ကူသော်လည်း ဟင်းလင်းပြင်ဝိညာဥ် နတ်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်စွမ်းရှိသော မှော်ဆေးပညာရှင်တစ်ယောက်နှင့် တွေ့ဆုံရန် အလွန့်အလွန် ခဲယဥ်းပေ၏။

ယီယွမ်က ပြုံး၍ ပြောဆိုခဲ့သည်။ "အကြီးအကဲရှစ်ရဲ့ တန်ဖိုးထားမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်… ဒီယီမျိုးရိုးက မဖော်စပ်ပေးချင်လို့ မဟုတ်ပါဘူး… ဒီယီမျိုးရိုးက ဟင်းလင်းပြင်ဝိညာဥ် နတ်အဆင့် ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးကို တကယ်ပဲ သာမန်ကာလျှံကာ မဖော်စပ်နိုင်လို့ပါ… ဒီနေ့မှာ ဖော်စပ်နိုင်ခဲ့တာက တော်တော်လေးကို ကံကောင်းနေခဲ့လို့ပါပဲ… အကြီးအကဲရှစ်က အချိန်နည်းနည်းလောက် စောင့်ဆိုင်းပေးပါလား… ဒီယီမျိုးရိုးရဲ့ ခွန်အားက အဆင့်တစ်ခုပိုမြင့်လာပြီး အခြေအနေတစ်ခုအထိ ယုံကြည်ချက် ရှိလာပြီဆိုရင် ကျုပ်က နောက်တစ်ကြိမ် ဖော်စပ်ပေးပါ့မယ်… ဘယ်လိုသဘောရလဲ….."

အမှန်တကယ်တွင် ဟင်းလင်းပြင်ဝိညာဥ် နတ်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်မည်ဟု ယီယွမ်က ဆယ်ပုံခုနစ်ပုံအထိ သေချာမှုရှိနေခဲ့ပြီဖြစ်၏။

သို့သော် ဤစကားများကို ပုံမှန်အားဖြင့် ယီယွမ်က ရှစ်စုန့်အား ပြောဆိုလိမ့်မည် မဟုတ်ပေ။

နင်မိသားစုက ၃.၅ ဘီလီယမ် တန်ဖိုးဖြင့် ဤဆေးလုံးကို လေလံဆွဲ၍ ရယူခဲ့သည်။

ခင်ဗျားက ဆေးလုံးဖော်စပ်ပေးဖို့အတွက် ကျုပ်ကို နှစ်ဘီလီယမ် ကမ်းလှမ်းခဲ့တယ်ဆိုတော့ အဲဒါက ကျုပ်,ယီယွမ်ကို အထင်သေးနေတာ မဟုတ်ဘူးလား…..

ပြီးတော့ ခင်ဗျားတို့အတွက် နှစ်ဘီလီယမ်နဲ့ ဖော်စပ်ပေးလိုက်ရင် နင်မိသားစုရဲ့ ဂုဏ်သိက္ခာက ဘယ်နေရာကို ရောက်သွားတော့မှာလဲ…..

ထိုအရာကို ရှင်းရှင်းလင်းလင်း ပြောရမည်ဆိုလျှင် ဟင်းလင်းပြင်ဝိညာဥ် နတ်အဆင့် ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးက ၃.၅ ဘီလီယမ် တန်ဖိုးနှင့် ထိုက်တန်ခြင်းမရှိဟု ရှစ်မိသားစုက ခံစားခဲ့ရခြင်းဖြစ်၏။

သို့ရာတွင် ၃.၅ ဘီလီယမ် တန်ဖိုးက နင်မိသားစု အကျိုးအမြတ်ရရှိခဲ့ခြင်း ဖြစ်ကြောင်းကို ယီယွမ်က ရှင်းရှင်းလင်းလင်း သိရှိပေသည်။

မကြာမီပင် နင်မိသားစုက နားလည်သွားပေလိမ့်မည်။

နင်မိသားစုနှင့် ရှစ်မိသားစုတွင် မည်သည့်မိသားစုက နီးကပ်၍ မည်သည့်မိသားစုက ဝေးကွာသည်ကို ယီယွမ်က အလွန်ရှင်းလင်းစွာ ခွဲခြားသိရှိနိုင်ဆဲပင် ဖြစ်၏။ သူက ပုံမှန်အားဖြင့် ကျွေးသည့်လက်ကို ပြန်ကိုက်သော ဤလုပ်ရပ်မျိုးကို လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။

ရှစ်စုန့်က နှမြောသွားသော အမူအရာတစ်ခု ပေါ်လာခဲ့ပြီး ပြောဆိုလိုက်သည်။ "ဒါဆိုရင် အကြီးအကဲယီ အဆင့်တက်သွားပြီးတဲ့အခါ ဒီရှစ်မျိုးရိုးက အရေထူထူနဲ့ ဆေးလုံးဖော်စပ်ပေးဖို့ နောက်တစ်ကြိမ် လာတောင်းဆိုပါ့မယ်….."

Chapter 8 is coming…..

🕊️🕊️🕊️🕊️🕊️🕊️

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 114

Chapter-8

(အကွာအဝေး အမွေအနှစ်)

မှန်ပေ၏။ ရက်အနည်းငယ်အတွင်း ယီဂေဟာ၏ တံခါးက လူအုပ်ကြီးကြောင့် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။

ဆေးလုံးဖော်စပ်ပေးရန် လာရောက်တောင်းဆိုသူများ၊ ဆရာအဖြစ် တင်မြှောက်ရန် လာရောက်တွေ့ဆုံကြသူများ၊ အစေခံနောက်လိုက်အဖြစ် နေထိုင်ရန် လာရောက်ခွင့်တောင်းကြသူများ အစရှိသဖြင့် လူမပြတ်နိုင်အောင် ဖြစ်နေခဲ့၏။

လက်ရှိအချိန်တွင် လုံကျန်းက ယီဂေဟာ၏ အိမ်တော်ထိန်း ဖြစ်လာခဲ့သည်။ ဤရက်အနည်းငယ်အတွင်း၌ သူက ကြောက်စရာကောင်းအောင် အလုပ်ရှုပ်နေခဲ့၏။

ယီဂေဟာသို့ ရောက်လာသောလူများတွင် အနိမ့်ဆုံးက နတ်သခင်အဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

မူလဇာစ်မြစ် နတ်တန်ခိုးရှင်အဆင့် ဂျူနီယာမျိုးဆက်များကမူ သူတို့၏ အကြီးအကဲများနောက်တွင် နာနာခံခံဖြင့် လိုက်ပါ၍ ယီယွမ်ကို လေးလေးစားစား ဂါရဝပြုခဲ့ရသည်။

မူလတွင် သူက ထိုအခြေအနေနှင့် သက်တောင့်သက်သာ ဖြစ်ခဲ့ခြင်း မရှိပေ။ သို့သော် နောက်ပိုင်းတွင် လူတိုင်းက သူ့ကို မယုံကြည်နိုင်စရာကောင်းအောင် ယဥ်ကျေးနေခဲ့ကြောင်း လုံကျန်းက တွေ့ခဲ့ရ၏။

ထိုသို့ဖြစ်လာခဲ့မှသာ သူက ယီယွမ်၏ အရိပ်အောက်တွင် ရှိနေခဲ့၍ သူ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားခြင်း မရှိသည့်တိုင် သူက ကောင်းကင်လင်းယုန် အင်ပါရီရယ်မြို့ကြီး၏ နာမည်အကြီးဆုံး အိမ်တော်ထိန်း ဖြစ်နေခဲ့ပြီဟု လုံကျန်းက သိရှိသွားခဲ့သည်။

လက်ရှိအချိန်တွင် အကြီးအကဲချုပ်နှင့် ဒုတိယအကြီးအကဲ၏ အိမ်တော်ထိန်းများကပင် သူ့ကို ယှဥ်ပြိုင်နိုင်ခြင်း မရှိတော့လုနီးပါး ဖြစ်ကောင်းဖြစ်ပေမည်။

နှစ်ပေါင်းများစွာကြာအောင် အတူရှိနေခဲ့၍ လေ့လာစစ်ဆေးပြီးနောက် ဤတစ်ကြိမ် ပြန်ရောက်လာခဲ့ချိန်တွင် ယီယွမ်က သူ့ကို လွတ်လပ်ခွင့် ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်သည်။

ထိုအချိန်မှစ၍ လုံကျန်းက ယီယွမ်ကို အများကြီး ပိိုမိုလေးစားသွားခဲ့၏။

ယီယွမ်က သူ့ကို အဆုံးမရှိသော ဖြစ်နိုင်စွမ်းများ ပြည့်နှက်နေသည့် အနာဂတ်တစ်ခု ပေးနိုင်ကြောင်း လုံကျန်းက သိရှိပေသည်။

ဤအချိန်တွင် သူက လင်းတုန်ကို အထက်စီးဆန်သော အနေအထားတစ်ခုဖြင့် ကြည့်နေခဲ့ပြီး အေးအေးဆေးဆေး ပြောဆိုလိုက်၏။ "ခင်ဗျားက ပြန်သွားလိုက်ပါ… အရှင်က ခင်ဗျားကို လက်ခံတွေ့ဆုံမှာ မဟုတ်ဘူး….."

လင်းတုန်၏ နှလုံးသားထဲတွင် ခါးသီးမှုများ ပြည့်နှက်နေခဲ့သည်။ ယီယွမ်က ယခုကဲ့သို့ ထိတ်လန့်တုန်လှုပ်စရာကောင်းအောင် မြင့်မားသော အရည်အချင်းတစ်ခုကို အမှန်တကယ် ပိုင်ဆိုင်ထားမည်ဟု သူက မည်သည့်အတွက် သိနိုင်ခဲ့မည်နည်း။

ခေတ္တခဏ တွေဝေတုံ့ဆိုင်းမိခြင်းက မဟာပုဂ္ဂိုလ်ဖြစ်သော အကြီးအကဲယီကို အဆုံးစွန်အထိ အပြစ်ပြုမိခဲ့၏။

လင်းတုန်က ခါးသီးစွာပြုံး၍ ပြောဆိုခဲ့သည်။ "အိမ်တော်ထိန်းလုံ… အကြီးအကဲယီက ဒီလင်းမျိုးရိုးနဲ့ ပတ်သက်ပြီးတော့ မကျေမနပ်ဖြစ်နေတယ်ဆိုတာ ကျုပ်သိပါတယ်… ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ကျုပ်က ရိုးရိုးသားသားတောင်းပန်ပြီး အပြစ်ခံယူဖို့ ရည်ရွယ်ပြီး ရောက်လာခဲ့တာပါ… အိမ်တော်ထိန်းလုံ… ကျေးဇူးပြုပြီး သတင်းပို့ပေးပါ….." 

လုံကျန်းက ယီယွမ်ထံမှ ညွှန်ကြားချက် တောင်းခံခြင်းပင် မပြုခဲ့ဘဲ လင်းတုန်၏ရှေ့တွင်ပင် ချက်ချင်းတံခါးပိတ်လိုက်သည်။

လုံကျန်းက လင်းတုန်ကို တစ်ချက်ကြည့်၍ အေးအေးဆေးဆေး ပြောဆိုခဲ့၏။ "ကာကွယ်သူလင်း… တစ်ခါတစ်ရံမှာတော့ အခွင့်အရေးဆိုတာ တစ်ကြိမ်ပဲရလိမ့်မယ်… အဲဒါကို လွဲချော်သွားပြီဆိုရင် ဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်တော့ဘူး… အခွင့်အရေး ရောက်လာတဲ့အချိန်မှာ တွေဝေတုံ့ဆိုင်းနေမိရင် ခင်ဗျားရဲ့အနာဂတ်ကိုပဲ ပျက်စီးသွားစေလိမ့်မယ်….." 

လင်းတုန်က ကသိကအောက်ဖြစ်နေဟန်ဖြင့် ပြောဆိုလိုက်သည်။ "အိမ်တော်ထိန်းလုံ… အဲဒီကိစ္စက တကယ်ကို ဒီလင်းမျိုးရိုးရဲ့ အမှားပါ… ဒါပေမဲ့ အဲဒါက….."

လုံကျန်းက လင်းတုန်၏စကားကို ကြားဖြတ်၍ ပြောဆိုခဲ့သည်။ "အဲဒါက အကြီးအကဲချုပ် အစွမ်းထက်လို့ ခင်ဗျားက မဆန့်ကျင်ရဲဘူး… ဟုတ်တယ်မလား… ကာကွယ်သူလင်း… တကယ်လို့ အရှင့်နေရာမှာ ခင်ဗျားဖြစ်နေရင် သူက ခင်ဗျားကို ဆက်သုံးမယ်လို့ ခင်ဗျားထင်လား… အကြီးအကဲချုပ်က အစွမ်းထက်လို့ အဲဒီအချိန်မှာ ခင်ဗျားက ရဲရဲရင့်ရင့် ရှေ့ထွက်ပြီး ဖြေရှင်းမပေးချင်အောင် တားဆီးထားခဲ့တာ မဟုတ်ဘူးလား… ခင်ဗျားက အကြီးအကဲချုပ်နဲ့ ဒုတိယအကြီးအကဲတို့ အကြားမှာ အနိုင်ရသူကို ဆုံးဖြတ်ပြီးတဲ့ အချိန်အထိ စောင့်ဆိုင်းပြီးတော့ ဘယ်ဘက်ကနေ ရပ်တည်ရမလဲဆိုတာ ရွေးချယ်ချင်နေတယ်ဆိုတော့ အဲဒါက တော်တော်လေး ရှက်စရာကောင်းတယ်လို့ ခင်ဗျားက မခံစားရဘူးလား….." 

လင်းတုန်က ပါးစပ်ဟလိုက်သော်လည်း ငြင်းဆန်နိုင်သည့် စကားလုံးများ ရှာဖွေနိုင်ခြင်းမရှိခဲ့ပေ။

လုံကျန်းက အေးအေးဆေးဆေး ပြောဆိုခဲ့၏။ "ကာကွယ်သူလင်း… ကျုပ်က အရေးမပါတဲ့ အစေခံလေးတစ်ယောက်ပါ… ကျုပ်က ခင်ဗျားအတွက် ကိစ္စတွေခက်ခဲသွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ မဟုတ်ဘူး… ကျုပ်ကလည်း အထက်ကလူရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ ကြိုးစားရတယ်လေ… တကယ်လို့ ကျုပ်က အရှင့်ရဲ့ကိစ္စတွေကို ဝေမျှဖြေရှင်းမပေးနိုင်ဘူးဆိုရင် မကြာခင်မှာပဲ အရှင်က ကျုပ်ကို ကန်ထုတ်လိမ့်မယ်… ခင်ဗျားက စွမ်းအားကြီးတဲ့ နတ်သခင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေမဲ့ ကျုပ်က အဆင့်နိမ့်ကျတဲ့ သိုင်းပညာရှင်လေးတစ်ယောက်ပါ… ကျုပ်ကို အရှင်က ကန်ထုတ်လိုက်တာနဲ့ ကောင်းကင်လင်းယုန် အင်ပါရီရယ်မြို့ကြီးမှာ ကျုပ်က ရှင်သန်နိုင်တဲ့နေရာ ရှိတော့မှာ မဟုတ်ဘူး….."

လုံကျန်းက ဤစကားများကို နှိမ့်ချခြင်းလည်းမရှိ၊ မောက်မာခြင်းလည်းမရှိသော လေသံဖြင့် ပြောဆိုလိုက်ပြီး အခက်တွေ့နေသော အခြေအနေမှ သူ့ကိုယ်သူ အသာအယာ ဆွဲထုတ်ခဲ့ခြင်းလည်း ဖြစ်သည်။ ထိုအရာက လင်းတုန်
ဆက်လက်တောင်းဆိုမည်ကို ယတိပြတ် တားဆီးလိုက်ခြင်းဟု ပြောနိုင်ပေ၏။

လင်းတုန်က လုံကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ခါးသီးစွာပြုံး၍ ပြောဆိုခဲ့သည်။ "အကြီးအကဲယီနောက်ကို လိုက်ပါရလို့ အိမ်တော်ထိန်းလုံရဲ့ အနာဂတ်အောင်မြင်မှုတွေက ဒီလင်းမျိုးရိုးထက် နိမ့်ကျမှာမဟုတ်ဘူးဆိုတာ သေချာတယ်… ကျုပ်က လူတိုင်းကို အနှောင့်အယှက်ပေးမိပါပြီ… ဒါဆိုရင် ဒီလင်းမျိုးရိုးက ထွက်သွားပါတော့မယ်….."

စကားအဆုံးတွင် လင်းတုန်က ထွက်ခွာသွားခဲ့၏။

ယီယွမ်က ဟင်းလင်းပြင်ဝိညာဥ် နတ်အဆင့် ကျယ်ပြန့်သောနေမင်း စကြဝဠာဆေးလုံးကို ဖော်စပ်နိုင်စွမ်း ရှိခဲ့ပေသည်။ နတ်သခင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ကို မွေးထုတ်ဖန်တီးလိုလျှင် ထိုအရာက အမှန်တကယ် လွယ်ကူလွန်းပေ၏။

လုံကျန်း၏ အရည်အချင်းဖြင့်ဆိုလျှင် နတ်သခင်အဆင့်သို့ လုံးဝတက်လှမ်းနိုင်မည် မဟုတ်ပေ။ သို့သော် သူ့ကို အဆင့်တက်ရောက်စေရန် ကူညီပေးနိုင်စွမ်းရှိသော သခင်ကောင်းတစ်ယောက်၏ နောက်သို့ သူက လိုက်ပါနေခဲ့ရသည်။

လင်းတုန်၏ ထွက်ခွာသွားသော နောက်ကျောကို ကြည့်နေရင်း လုံကျန်းက ပြုံးရုံသာပြုံးလိုက်သည်။

အမှန်တကယ်တွင် သူကလည်း ထိုသို့တွေးမိနေခဲ့၏။

……….

"မင်းက ကျင့်ကြံဖို့အတွက် သိုင်းမျှော်စင်ကို ဝင်ရောက်ချင်တာလား….."

ယီဂေဟာ၏ ဧည့်ခန်းအတွင်း၌ ယီယွမ်က ကျင့်ကြံရန်အတွက် သိုင်းမျှော်စင်သို့ အမှန်တကယ် ဝင်ရောက်လိုကြောင်း ကြားသိခဲ့ရချိန်တွင် ရွှမ်ယုက အံ့အားသင့်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

အကြီးအကဲတစ်ယောက်ဖြစ်၍ သူတို့က နှစ်ပေါင်းတစ်ရာတွင်တစ်ကြိမ် သိုင်းမျှော်စင် သို့မဟုတ် ဆေးမျှော်စင် အတွင်းသို့ ဝင်ရောက်နိုင်ပေ၏။

လက်ရှိအချိန်တွင် ဆေးမျှော်စင်နှင့်သိုင်းမျှော်စင် ဖွင့်လှစ်ထားခဲ့ပြီဖြစ်သည်။ ရွေးချယ်ခံထားရသော တပည့်များကလည်း မျှော်စင်အတွင်းသို့ဝင်၍ ကျင့်ကြံကြပေမည်။

သို့သော် ယီယွမ်က ကျင့်ကြံရန်အတွက် ဆေးမျှော်စင်အတွင်းသို့ အမှန်တကယ် ဝင်ရောက်လိုခြင်း မရှိခဲ့ဘဲ ထိုအစား သိုင်းမျှော်စင်အတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့မည်ဟု ရွှမ်ယုက တစ်ကြိမ်တစ်ခါမျှပင် မတွေးမိခဲ့ပေ။

အံ့အားသင့်နေသော ရွှမ်ယုကို ကြည့်၍ ယီယွမ်က ပြုံးလိုက်ပြီး ပြောဆိုခဲ့၏။ "ကျုပ်က ဆေးမျှော်စင်အတွင်းထဲကို ဝင်ရောက်ပြီးရင် ဘာတွေကို ထပ်ပြီးနားလည်လာမယ်လို့ ဒုတိယအကြီးအကဲက ခံစားရလို့လဲ….."

ရွှမ်ယုက ကူရာကယ်ရာမဲ့စွာဖြင့် ဆွံ့အသွားခဲ့သည်။ အချိန်အနည်းငယ်ယူ၍ တွေးကြည့်လိုက်ပြီးနောက် ယီယွမ်က ဆေးမျှော်စင်အတွင်းသို့ ဝင်ရောက်ခြင်းဖြင့် မည်သည့်အရာကိုမှ နားလည်သဘောပေါက်နိုင်မည့်ပုံ မပေါ်ကြောင်း သူက အမှန်တကယ် တွေ့ရှိသွားခဲ့၏။

ယီယွမ်၏ မှော်ဆေးပညာတာအို စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။

ဖြစ်နိုင်သည်မှာ
ဆေးမျှော်စင်အတွင်းရှိ နားလည်သဘောပေါက်မှုများက သူ့အတွက် အနည်းငယ်မျှသာ အသုံးဝင်ပေလိမ့်မည်။

ယီယွမ်က ဟင်းလင်းပြင်ဝိညာဥ် နတ်အဆင့် နတ်ဆေးလုံးတစ်လုံးကိုပင် ဖော်စပ်နိုင်ခဲ့၏။ သူ့ကို အမှန်တကယ် ကူညီပေးနိုင်သော နားလည်သဘောပေါက်မှုများက အနည်းငယ်မျှသာ ရှိပေလိမ့်မည်။

ဆက်လျှောက်ရမည့် လမ်းကို ယီယွမ်က သူ့ကိုယ်သူ အားကိုး၍သာ လျှောက်လှမ်းရပေမည်။

ရွှမ်ယုက ထိုအကြောင်းကို စဥ်းစားလိုက်ပြီး ရယ်မော၍ ပြောဆိုခဲ့သည်။ "ကောင်စုတ်လေး… ဒီစကားတွေကိုသာ အပြင်လူတွေ ကြားသွားခဲ့မယ်ဆိုရင် သူတို့တွေ ဘယ်လိုတွေးမိကြမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ… ဒါပေမဲ့… မင်းပြောတာမှန်တယ်… ဆေးမျှော်စင်အတွင်းမှာ မင်းကို ကူညီပေးနိုင်တဲ့အရာတွေ အများကြီး မရှိဘူးဆိုတာ အမှန်တရားပဲ….."

ယီယွမ်က ပြုံး၍ ပြောဆိုလိုက်၏။ "သိုင်းမျှော်စင်အတွင်းမှာ အကွာအဝေးဥပဒေသ နားလည်သဘောပေါက်မှုတွေ ရှိနေတယ်လို့ ကျုပ်ကြားထားပါတယ်….."

ရွှမ်ယု၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူက ပြောဆိုလိုက်သည်။ "မင်းက အဲဒီကိုသွားပြီး အကွာအဝေး ဥပဒေသတွေကို လေ့လာချင်တာလား… မဖြစ်ဘူး… အဲဒါက အန္တရာယ်ကြီးမားလွန်းတယ်….."

ယီယွမ်က သိချင်စွာဖြင့် ပြောဆိုခဲ့၏။ "အဲဒါက တာအိုကို လေ့လာကြည့်ရုံပဲ မဟုတ်ဘူးလား… အဲဒါက ဘာလို့ အန္တရာယ်ကြီးမားလွန်းတာလဲ….."

သူက သိုင်းမျှော်စင်အတွင်းသို့ ဝင်ရောက်ရန် အတွေးဝင်လာခဲ့သော အကြောင်းရင်းမှာ အကွာအဝေး ဥပဒေသကြောင့်ပင် ဖြစ်သည်။

သူက အကွာအဝေး ဥပဒေသကို သူကိုယ်တိုင် နားလည်သဘောပေါက်ခြင်းဖြင့် အဆင့်တက်ရောက်မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပုံ ပေါ်နေသော်လည်း တစ်လျှောက်လုံးတွင် အဆင့်တက်ရောက်နိုင်သော အခွင့်အရေးကို လုံးဝမရှာဖွေနိုင်ခဲ့ပေ။

သိုင်းမျှော်စင်တွင် ပြည့်စုံသော အကွာအဝေး အမွေအနှစ်တစ်ခု ရှိနေခဲ့ကြောင်း ကြားလိုက်ရချိန်တွင် ယီယွမ်၏စိတ်ထဲ၌ လေ့လာကြည့်ရန် အတွေးပေါ်လာခဲ့သည်။ သို့သော် ထိုအရာက အမှန်တကယ် အန္တရာယ်ကြီးမားလွန်းနေမည်ဟု သူက လုံးဝထင်မထားခဲ့ပေ။

ရွှမ်ယုက ပြောလိုက်၏။ "အကွာအဝေး ဥပဒေသ နားလည်သဘောပေါက်မှုတွေကို ကောင်းကင်လင်းယုန် အင်ပါရီရယ်မြို့ကြီးရဲ့ ဘိုးဘေးတစ်ယောက်က ချန်ထားပေးခဲ့တာပဲ… မျှော်စင်ထဲမှာ ပြည့်စုံတဲ့ ကောင်းကင်အလွှာတစ်၊ ကောင်းကင်အလွှာနှစ် အကွာအဝေး ဥပဒေသတွေ ရှိနေတယ်… ဒါပေမဲ့ အကွာအဝေး ဥပဒေသတွေကို လေ့လာဖို့က တော်တော်လေးကို အန္တရာယ်ကြီးမားလွန်းတယ်… ခြေတစ်လှမ်းမှားလိုက်တာနဲ့ မင်းက အထဲမှာ လမ်းပျောက်သွားပြီးတော့ တစ်သက်လုံး ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး….."

ယီယွမ်က မျက်ခုံးပင့်လိုက်ပြီး အလွန်အံ့ဩသွားဟန်ဖြင့် ပြောဆိုခဲ့သည်။ "အဲဒါက တကယ်ပဲ အန္တရာယ်ကြီးမားလွန်းတာလား….."

ရွှမ်ယုက ခေါင်းညိတ်၍ ပြောလိုက်၏။ "အကွာအဝေး ဥပဒေသက အဆုံးစွန်အထိ အဆင့်မြင့်တဲ့ အန္တိမဥပဒေသတစ်ခုပဲ… အဲဒါက အန္တရာယ်မကြီးဘဲနေပါ့မလား… ဒါပေမဲ့ အဲဒီဘိုးဘေးက အမွေအနှစ်ကို ချန်ထားခဲ့ပြီးတဲ့နောက်မှာ သူက အနာဂတ်မျိုးဆက်သစ်တွေကို သတိပေးတဲ့အနေနဲ့ ငါတို့တွေ အထဲကိုမဝင်ခင် နှစ်ကြိမ်စဥ်းစားဖို့ ပြောဆိုခဲ့တယ်… ဒါပေမဲ့ လူဘယ်လောက်များများက အကွာအဝေး ဥပဒေသရဲ့ ဖမ်းစားမှုကို တွန်းလှန်နိုင်မှာလဲ… အဲဒီမျိုးဆက်မှာပဲ တပည့်တွေ ဒါဇင်အများကြီးနဲ့ အကြီးအကဲတွေ တော်တော်များများကတောင် အထဲကို ဝင်သွားခဲ့ကြတယ်… ဒါပေမဲ့… တစ်ယောက်မှ ပြန်ထွက်မလာနိုင်ခဲ့ဘူး… နောက်ပိုင်းမှာ အဲဒီအကြောင်း သူများတွေပြောတာကို မယုံကြည်တဲ့ တပည့်တွေကလည်း ခေါင်းမာမာနဲ့ အထဲကို ဝင်သွားခဲ့ကြတယ်… ဒါပေမဲ့ အခုအချိန်အထိ အထဲကိုဝင်သွားပြီးတော့ အပြင်ပြန်ထွက်လာနိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး… အဲဒီနေရာက သိုင်းမျှော်စင် တပည့်တွေအားလုံးရဲ့ တားမြစ်နယ်မြေတစ်ခု ဖြစ်နေပြီ….." 

ထိုစကားကိုကြားချိန်တွင် ယီယွမ်က ထိတ်လန့်သွားခဲ့သည်။ အကွာအဝေး ဥပဒေသကို လေ့လာခြင်းက ထိုမျှအထိ အန္တရာယ်ကြီးမားလိမ့်မည်ဟု သူက မျှော်လင့်မထားခဲ့ပေ။

ယီယွမ်၏ မျက်နှာအမူအရာကို မြင်သော် ယီယွမ်က ကြောက်လန့်နေပြီဟု ရွှမ်ယုက ထင်သွားခဲ့၍ ပြုံးပြလိုက်ပြီး ပြောဆိုခဲ့သည်။ "ယီယွမ်… မင်းရဲ့ မှော်ဆေးပညာ အရည်အချင်းက မြင့်မားလွန်းတယ်… ဒါကြောင့် မင်းက မှော်ဆေးပညာတာအိုမှာ အာရုံစိုက်ထားသင့်တယ်… မင်းက အနာဂတ်မှာ ပိုပြီးကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိလိမ့်မယ်… လူတစ်ယောက်ရဲ့ခွန်အားကို ခွဲခြမ်းအသုံးပြုလို့ မရတဲ့အချိန်တွေ ရှိလာတတ်တယ်… သိုင်းပညာလမ်းနဲ့ မှော်ဆေးပညာလမ်းကို တစ်ပြိုင်တည်း လျှောက်လှမ်းနေမယ်ဆိုရင် အဆုံးသတ်မှာ လက်ဗလာပဲ ကျန်ရစ်ရလိမ့်မယ်….." 

ယီယွမ်က ပြုံး၍ ပြောဆိုလိုက်၏။ "ဒုတိယအကြီးအကဲရဲ့ စိုးရိမ်ပူပန်ပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမဲ့ ကျုပ်စိတ်ထဲမှာ ဆုံးဖြတ်ပြီးသွားပါပြီ… ဒါကြောင့် သိုင်းမျှော်စင်ကို သွားပြီးတော့ ကျုပ်က အဲဒါကို ကြိုးစားကြည့်မှာပါ….."

သူက ယီယွမ်ကို နားချနိုင်ခဲ့ပြီဟု ရွှမ်ယုက ထင်ထားခဲ့မိသည်။ သူ၏ပြောစကားများက ထိရောက်ခြင်းမရှိခဲ့ဘဲ ယီယွမ်က သိုင်းမျှော်စင်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့မည်ဟု မည်သူက ကြိုသိခဲ့မည်နည်း။

ဆေးမျှော်စင်က နောက်ဆုံးတွင် ယခုကဲ့သို့ ပြိုင်ဖက်ကင်းသော ထူးချွန်သူတစ်ယောက်ကို ရရှိခဲ့ပြီဖြစ်၏။ အကယ်၍ သူကသာ သိုင်းမျှော်စင်အတွင်း၌ ကျဆုံးသွားခဲ့မည်ဆိုလျှင် ထိုအရာက သူတို့အားလုံး အသက်ရှူနိုင်ခြင်း မရှိတော့သည်အထိ အမှန်တကယ် နာကျင်စေပေလိမ့်မည်။

ဒီကောင်လေးက ဘာကြောင့် တော်တော်လေး ခေါင်းမာနေရတာလဲ…..

ယီယွမ်က ပုံမှန်အားဖြင့် သူ၏ကိုယ်ပိုင်အတွေး ရှိပေသည်။ ဒုတိယအကြီးအကဲ၏ အမြင်တွင် သိုင်းမျှော်စင်၏ အကာအကွယ် ရှိနေခဲ့၍ သူတို့က မှော်ဆေးပညာတာအိုကို လေ့လာရာတွင် အာရုံစူးစိုက်ထားနိုင်ပေသည်။

သို့သော် ယီယွမ်ကမူ သူ၏မျှော်လင့်ချက်များကို အခြားသူများထံတွင် ပုံအပ်ထားလိမ့်မည် မဟုတ်ပေ။

လူတစ်ယောက်၏ ကိုယ်ပိုင်ခွန်အားက အစွမ်းထက်နေချိန်မှသာ သူက သူ့ကိုယ်သူ ကာကွယ်နိုင်ပေလိမ့်မည်။

ဤအရာက သူ၏ဘဝကို ပေးဆပ်၍ နားလည်လာခဲ့သော သင်ခန်းစာတစ်ခုဖြစ်သည်။ ထို့ကြောင့် သူက ထိုအဖြစ်အပျက်မျိုး ထပ်ဖြစ်လာစေလိမ့်မည် မဟုတ်ပေ။

Chapter 9 is coming…..

🕊️🕊️🕊️🕊️🕊️

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 114

Chapter-9

(ဖရိုဖရဲနေရာလပ်)

"ဟေး… မင်းတို့တွေ ကြားပြီးကြပြီလား… အကြီးအကဲယီက သိုင်းမျှော်စင်ရဲ့ အကွာအဝေး အမွေအနှစ်ထဲကို တကယ်ဝင်ရောက်ချင်နေတယ်တဲ့….."

"မဖြစ်နိုင်ဘူး မဟုတ်လား… ဒါက သူ့ကိုယ်သူ သေကြောင်းကြံနေတာ မဟုတ်ဘူးလား… အဲဒီနေရာကနေ ပြန်ထွက်လာနိုင်တဲ့ တစ်စုံတစ်ယောက်ရှိတယ်လို့ ငါတစ်ခါမှမကြားဖူးဘူး….."

"အကြီးအကဲယီက အခုလိုမျိုး ပြိုင်ဖက်ကင်းတဲ့ ထူးချွန်သူတစ်ယောက်ဖြစ်ပေမဲ့ သူက တကယ်ပဲ အဲဒီကိုသွားပြီးတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံချင်နေတယ်ပေါ့….."

"ဖြစ်နိုင်တာက… အခြားအကြီးအကဲတွေက အကြီးအကဲယီ သူ့ကိုယ်သူ သေကြောင်းကြံနေတာကို ဒီအတိုင်း ရပ်ကြည့်နေကြတော့မှာလား….."

……….

အမွေအနှစ်ကို ဖွင့်လှစ်ခြင်းကဲ့သို့သော အရာမျိုးကို ဖုံးကွယ်ထား၍ မရနိုင်ပေ။ မကြာမီအချိန်အတွင်း ယီယွမ်က အကွာအဝေး အမွေအနှစ် အတွင်းသို့ ဝင်ရောက်လိုသော သတင်းက အတွင်းပိုင်းမြို့တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

ယီယွမ်၏ ဤအပြုအမူက လူတိုင်းကို အလွန်အမင်း ပဟေဠိဖြစ်သွားစေခဲ့သည်။

ဆေးမျှော်စင် အကြီးအကဲတစ်ယောက်က ဘာအတွက်နဲ့ သိုင်းမျှော်စင်ရဲ့ အမွေအနှစ်တစ်ခုကို ဝင်ရောက်လေ့လာချင်နေတာလဲ…..

အကယ်၍ ထိုအရာက သိုင်းမျှော်စင်အတွင်းသို့ ဝင်ရောက်သည်ဆိုရုံမျှသာ ဖြစ်နေလျှင် ပြဿနာမရှိပေ။ သူက ကြောက်စရာအကောင်းဆုံး အကွာအဝေး အမွေအနှစ် အတွင်းသို့ အမှန်တကယ် ဝင်ရောက်လိုခဲ့၏။

ဒါက အသက်ရှင်ရတာကို ငြီးငွေ့နေတာ မဟုတ်ဘူးလား…..

"ဟားဟား… လူငယ်တွေက အခုလိုပုံစံမျိုးပါပဲ… သူတို့မှာ အရည်အချင်းအချို့ ရှိလိုက်တာနဲ့ လူတိုင်း၊ အရာရာတိုင်းကို သတိထားစရာမလိုတော့ဘူးလို့ တွေးလာကြတယ်… သူက အခြားသူတွေနဲ့ ကွဲပြားလို့ အကွာအဝေး အမွေအနှစ်ကနေ ပြန်ထွက်လာနိုင်တယ်လို့ ထင်နေတာပဲ… ဒါပေမဲ့ အမှန်တရားကတော့ အတိတ်တုန်းက အဲဒီလိုတွေးပြီး ဝင်သွားကြတဲ့ လူတွေထဲမှာ တစ်ယောက်မှ ပြန်ထွက်မလာနိုင်ခဲ့ကြဘူး….." 

အကြီးအကဲချုပ်က ဤသတင်းကို ကြားချိန်တွင် အကြီးအကျယ် ဝမ်းသာသွားခဲ့သည်။

ဤရက်အနည်းငယ်အတွင်း၌ သူက သူ့ဂေဟာ၏ ရှေ့တံခါးမှနေ၍ အပြင်သို့ ထွက်ခွာရဲခြင်းပင် မရှိခဲ့ပေ။ သူက လူအများကို အမှန်တကယ် မျက်နှာပြရဲခြင်းမရှိပေ။

မြင့်မြတ်သော အကြီးအကဲချုပ်,သူက ကြယ်သုံးပွင့် မှော်ဆေးပညာနတ်ဘုရား တစ်ယောက်၏ လက်ထဲတွင် အမှန်တကယ် ရှုံးနိမ့်သွားခဲ့သည်။ ဤအရာက သူ့ကို အခြားလူများအား မျက်နှာမပြရဲတော့သည်အထိ အရှက်ရစေခဲ့၏။

သို့သော် ယနေ့တွင်မူ သူ၏စိတ်အခြေအနေက ထူးထူးခြားခြား ကောင်းမွန်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယီယွမ်က အကွာအဝေး အမွေအနှစ်ကို အမှန်တကယ် စိန်ခေါ်တော့မည့်အတွက်ပင် ဖြစ်၏။

"ဆရာ… ဒီယီယွမ်က တစ်ချက်ကြည့်လိုက်ရုံနဲ့ သူက ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားကျယ်ပြန့်မှုကို မသိဘူးဆိုတာ ထင်ရှားတယ်… ဒီလိုလူမျိုးရဲ့ အရည်အချင်းက ဘယ်လောက်ပဲမြင့်မားပါစေ သူက အသက်ရှည်နိုင်မှာ မဟုတ်ပါဘူး….." ဘေးတွင်ရှိသော စုန့်ချီယန်က ပြောဆိုခဲ့သည်။

ဤရက်အနည်းငယ်အတွင်း၌ သူတို့ဆရာတပည့်နှစ်ယောက်က ရှေ့တံခါးမှ မထွက်သကဲ့သို့ အနောက်တံခါးမှလည်း မထွက်ခဲ့ကြပေ။ သူတို့က ဧည့်သည်များကို လက်ခံတွေ့ဆုံရန်အတွက်ပင် ရှက်ရွံ့နေခဲ့ကြ၏။

ရို့ရှုက ခေါင်းညိတ်လိုက်ပြီး ပြုံး၍ ပြောဆိုခဲ့သည်။ "အကွာအဝေး ဥပဒေသတွေက တော်တော်လေးကို ခက်ခဲတယ်… အဲဒီဘိုးဘေးက နှစ်သောင်းပေါင်းများစွာ အချိန်ယူခဲ့တာတောင် အဆင့်နှစ်ဆင့်ပဲ နားလည်နိုင်ခဲ့တယ်… ယီယွမ်က သူ့ကိုယ်သူ ဘယ်သူထင်နေတာလဲ….."

စုန့်ချီယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "ဒုတိယအကြီးအကဲက သူ့ကို တကယ်မတားဆီးနိုင်ခဲ့ဘူး… ဒီလိုဆိုရင် ဒုတိယအကြီးအကဲရဲ့ဘက်မှာ လတ်တလော ရရှိထားတဲ့ ဗိုလ်ချုပ်တစ်ယောက်က တကယ်ပဲ ချက်ချင်း ပျောက်ကွယ်သွားတော့မယ်… ဟားဟားဟား….."

ရို့ရှုက အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောဆိုခဲ့သည်။ "ရွှမ်ယုက အဲဒီကောင်လေးကို ထိန်းချုပ်နိုင်တယ်လို့ မင်းကထင်နေတာလား… အဲဒီကောင်လေးရဲ့ ရည်မှန်းချက်နဲ့ဆိုရင် သူက ဘယ်သူ့ကိုမှ နာခံမှာမဟုတ်ဘူး… ပြီးတော့ ရွှမ်ယုက အလွန်ဆုံးမှ ငါနဲ့ အဆင့်တူလောက်ပဲ ရှိမှာလေ… သူက ဘာအဆင့်ရှိလို့ ယီယွမ်က သူ့ရဲ့ ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာရမှာလဲ….."

စုန့်ချီယန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက ဤကိစ္စနှင့်ပတ်သက်၍ အမှန်တကယ် မတွေးမိခဲ့ပေ။

"ဒါဆိုရင် သူတို့နှစ်ယောက်က ဘယ်လိုဆက်ဆံရေးမျိုး ရှိနေကြတာလဲ….." စုန့်ချီယန်က ဦးနှောက်ခြောက်လုမတတ် စဥ်းစားကြည့်ခဲ့သော်လည်း အဖြေမထုတ်နိုင်ခဲ့၍ အံ့ဩစွာ ပြောဆိုလိုက်၏။

ရို့ရှုက အေးစက်စွာပြုံး၍ ပြောဆိုခဲ့သည်။ "ဟမ့်… ဘယ်လိုဆက်ဆံရေးမျိုး ရှိနိုင်မှာလဲ… တကယ်လို့ ငါခန့်မှန်းတာ မှန်ကန်မယ်ဆိုရင် ရွှမ်ယုက ယီယွမ်ဆီကနေ တော်တော်များများ သင်ယူထားတာဖြစ်မယ်… တကယ်လို့ မင်းက ဆက်ဆံရေးတစ်ခု သတ်မှတ်မှကိုဖြစ်မယ်ဆိုရင် အဲဒါက အလွန်ဆုံးမှ မဟာမိတ်ဖွဲ့ထားတယ်လို့ပဲ သတ်မှတ်နိုင်လိမ့်မယ်….."

"ဝှူး….."

စုန့်ချီယန်က လေအေးများကို ရှူသွင်းလိုက်ရ၏။

သူ့ထက် နှစ်အများကြီး ငယ်ရွယ်သော ကောင်လေးတစ်ယောက်က ယခုကဲ့သို့ ကြောက်စရာကောင်းသော မှော်ဆေးပညာတာအို ဉာဏ်အလင်းများ အမှန်တကယ် ရှိနေခဲ့သည်ကို သူက ယခုအချိန်အထိ ယုံကြည်နိုင်ခြင်း မရှိသေးပေ။

ဆရာနှင့် ဒုတိယအကြီးအကဲကဲ့သို့ တည်ရှိမှုများကပင် တစ်ဖက်လူကို လှုပ်ခါနိုင်စွမ်း မရှိခဲ့ကြပေ။

………..

သိုင်းမျှော်စင်ကို စီမံခန့်ခွဲနေသော တာဝန်ခံတစ်ယောက်က ယီယွမ်ကို ဇဝေဇဝါဖြစ်ဟန်ဖြင့် မေးမြန်းလိုက်သည်။ "အကြီးအကဲယီ… ခင်ဗျားက အကွာအဝေး အမွေအနှစ်ကို တကယ်ဝင်ရောက်ချင်တာလား….."

ယီယွမ်က အကွာအဝေး အမွေအနှစ်၏ အန္တရာယ်ကို မသိရှိခဲ့ဟု ပြောမည်ဆိုလျှင် သူက ယုံကြည်ခြင်း မရှိပေ။ သို့သော် ယီယွမ်က ဤနေရာသို့ ရောက်လာခဲ့ပေသေးသည်။

ဤအရာက အတုအယောင်ဆန်လွန်းသည်ဟု သူက ခံစားနေခဲ့ရ၏။

ဤသို့တုံးအသောအရာမျိုးကို လုပ်ဆောင်မည့် တစ်စုံတစ်ယောက် မည်သည့်အတွက် ရှိနေခဲ့သနည်း။ 

သူ့ရဲ့ အရည်အချင်းကို ယုံကြည်မှုရှိနေတာလား…..

အကယ်၍ ဆေးမျှော်စင်တွင် ဖြစ်နေခဲ့လျှင် မည်သူတစ်ဦးတစ်ယောက်မှ ထိုအရာကို သံသယဝင်ကြလိမ့်မည် မဟုတ်ပေ။

သို့သော် ဤနေရာက သိုင်းမျှော်စင် ဖြစ်ပေသည်။

ယီယွမ်က ပြုံး၍ ပြောဆိုခဲ့၏။ "ကျုပ်ကို အထဲပို့ပေးဖို့ တာဝန်ခံလင်ကို ဒုက္ခပေးရပါဦးမယ်….."

တာဝန်ခံလင်က ကူရာကယ်ရာမဲ့စွာဖြင့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသက်သွင်းလိုက်ရန်သာ တတ်နိုင်ခဲ့သည်။

ယီယွမ်က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အတွင်းသို့ လမ်းလျှောက်ဝင်သွားခဲ့၏။ အလင်းတစ်ခု ထွက်ပေါ်သွားခဲ့ပြီး သူက သိုင်းမျှော်စင်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

"ဒီနေရာက….."

ယီယွမ်က ပတ်ဝန်းကျင်ရှိ မြင်ကွင်းကို မြင်တွေ့ခဲ့ချိန်တွင် ကူရာကယ်ရာမဲ့စွာဖြင့် လေအေးများကို ရှူသွင်းလိုက်မိ၏။

သူက မရေမတွက်နိုင်သော ကြေးမုံများအလယ်သို့ ရောက်ရှိနေခဲ့ပုံ ပေါ်နေခဲ့သည်။ ကြေးမုံများအတွင်း၌ မရေမတွက်နိုင်သော သူ၏ ပုံရိပ်များ ရှိနေခဲ့သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏မျက်လုံးများက မှုန်ဝါးသွားပြီး ခေါင်းမူးလာသည်ဟု ယီယွမ်က ခံစားခဲ့ရ၏။

"ဒီနေရာက ဖရိုဖရဲနေရာလပ်ပဲ… မင်းရဲ့ ပုံရိပ်တစ်ခုချင်းစီက မရေမတွက်နိုင်တဲ့ နေရာလပ်တွေအတွင်းမှာ ပုံရိပ်ပေါ်နေခဲ့လို့ အခုလို အဖြစ်အပျက်မျိုး ပေါ်ထွက်လာခဲ့တာပဲ… တကယ်လို့ မင်းက အပြင်ထွက်နိုင်တဲ့လမ်းကို မရှာနိုင်ဘူးဆိုရင် မင်းက ဒီနေရာလပ်တွေထဲမှာ လမ်းပျောက်ပြီး ထာဝရပိတ်မိနေလိမ့်မယ်… ပြီးတော့ နေရာလပ်တွေကြားမှာ ကြမ်းတမ်းသော အကွာအဝေးစီးကြောင်းလို အကွာအဝေးပုံသွန်းမှုတွေ ထွက်ပေါ်လာနိုင်တယ်… ခြေတစ်လှမ်းမှားလိုက်တာနဲ့ မင်းက ဘာမှမကျန်တော့တဲ့အထိ အကြိတ်ခံလိုက်ရလိမ့်မယ်….." အမှုန်မဲ့၏ စကားသံက ယီယွမ်၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ယီယွမ်က ချက်ချင်းနားလည်သွားခဲ့ပြီး အံ့ဩစွာ ပြောဆိုလိုက်၏။ "အကွာအဝေး ဥပဒေသကို ကျင့်ကြံဖို့အတွက် ဒီလိုနည်းလမ်းမျိုးကို အသုံးပြုထားတယ်ဆိုတော့ တကယ်ကို မယုံကြည်နိုင်စရာကိစ္စပဲ… ဒီအမွေအနှစ်ကို ချန်ထားရစ်ခဲ့တဲ့ စီနီယာက တကယ်ကို တုန်လှုပ်စရာကောင်းတဲ့ ထူးချွန်သူတစ်ယောက်ပဲ….."

"ဟမ့်… မင်းက အရင်ဆုံး အခြားသူကို ချီးကျူးဖို့ အလျင်မလိုနဲ့ဦး… ဒီထပ်နေတဲ့နေရာလပ်တွေက ရှင်းလင်းဖို့ မလွယ်ကူဘူး… အဲဒီလိုမဟုတ်ဘူးဆိုရင် ဒီနေရာမှာ ထူးချွန်သူတွေအများကြီး ကျဆုံးသွားခဲ့ကြမှာ မဟုတ်ဘူး… မင်းကိုယ်တိုင်တောင် ခြေတစ်လှမ်းမှားလိုက်တာနဲ့ ဒီနေရာမှာ မင်းရဲ့အသက်ကို ဆုံးရှုံးသွားရလိမ့်မယ်….." အမှုန်မဲ့က သတိပေးခဲ့သည်။

ယီယွမ်က ခေါင်းညိတ်၍ ပြောဆိုလိုက်၏။ "ဒီနေရာမှာ အကွာအဝေး ဥပဒေသကို ကျွန်တော်က ခံစားနိုင်တယ်… အခုအချိန်မှာ ကျွန်တော်က အကွာအဝေး ဥပဒေသကို အပေါ်ယံလေးပဲ ဆုပ်ကိုင်ထားနိုင်သေးပေမဲ့ ဒီကောင်းကင်အလွှာတစ်က အကွာအဝေးချုံ့တာ ဖြစ်လိမ့်မယ်… အဲဒါက ကျွန်တော့်ကို ချုပ်နှောင်မထားနိုင်ဘူးလို့ ကျွန်တော်ထင်တယ်….."

အစတွင် ယီယွမ်က ဓားတာအိုမှတစ်ဆင့် အကွာအဝေး ဥပဒေသကို နားလည်သဘောပေါက်ခဲ့ရုံမျှသာ ဖြစ်သည့်အတွက် အကွာအဝေး ဥပဒေသအကြောင်း လုံးဝမသိခဲ့ပေ။

သို့သော် နောက်ပိုင်းတွင် အကွာအဝေး ဥပဒေသအပေါ် ယီယွမ်၏ နားလည်သဘောပေါက်မှုက နက်ရှိုင်းသည်ထက် ပိုမိုနက်ရှိုင်းလာခဲ့၍ တဖြည်းဖြည်းနှင့် သူ၏စိတ်ထဲတွင် နားလည်သဘောပေါက်မှု အရိပ်အယောင်တစ်ခု ရှိလာခဲ့ပေသည်။

ကောင်းကင်အလွှာတစ်က သေးငယ်သော နယ်မြေတစ်ခုတွင် နေရာလပ်ကို အသုံးပြုခြင်း ဖြစ်ပုံရပေ၏။

ရှင်းရှင်းလင်းလင်း ပြောရမည်ဆိုလျှင် ထိုအရာက အကွာအဝေးချုံ့ခြင်း ဖြစ်သည်။

နားလည်သဘောပေါက်ထားသော ဉာဏ်အလင်းများကို အသုံးပြု၍ ဟင်းလင်းပြင်ကို အသေးစား ဖောက်ထွက်ခြင်းဖြင့် လူအများကို ရုတ်တရက် အငိုက်ဖမ်းခြင်း ဖြစ်ပေ၏။

သို့ရာတွင် ယီယွမ်နားလည်ထားသည်က အပေါ်ယံနားလည်ခြင်းမျှသာ ဖြစ်ပေ၏။ ယီယွမ်က အမှန်တကယ် အစွမ်းထက်သောအရာမှာ ဓားတာအို ဥပဒေသများ ဖြစ်သည်။

အကွာအဝေး ဥပဒေသက ဓားတာအို ဥပဒေသများအပေါ် အစွမ်းပိုထည့်ပေးသော သက်ရောက်မှုတစ်ခုသာ ပေးစွမ်းနေခဲ့၏။

သို့သော် အကယ်၍ ကောင်းကင်အလွှာတစ် အကွာအဝေး ဥပဒေသကို အပြည့်အဝ နားလည်နိုင်ခဲ့လျှင် ရလဒ်က လုံးဝကွဲပြားသွားပေလိမ့်မည်။

နတ်သခင် တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်များကို တစ်ချက်တည်းနှင့် အသေသတ်နိုင်သော စွမ်းရည်ကိုပင် အလွယ်တကူ ရရှိနိုင်ပေလိမ့်မည်။

"မကောင်းတော့ဘူး… ဒီဖရိုဖရဲနေရာလပ်တွေက မတည်မြဲဘူး… အဆက်မပြတ် ရွေ့လျားနေတယ်… ယီယွမ်… မင်းက သတိထားရမယ်….." အမှုန်မဲ့က ပြောဆိုခဲ့သည်။

မှန်ပေ၏။ ထပ်နေသော ထိုနေရာလပ်များက အမှန်တကယ်ပင် တဖြည်းဖြည်းနှင့် စတင်လှုပ်ရှားနေခဲ့ပြီဖြစ်သည်။

ခရက်… ခရက်…..

နေရာလပ် ကျုံ့၍ ပျက်စီးလာသော အသံက လူအများကို အကြီးအကျယ် ထိတ်လန့်တုန်လှုပ်စေခဲ့၏။

ယီယွမ်ရှိနေသော နေရာလပ်က အမှုန့်ဖြစ်အောင် အကြိတ်ခံရလုနီးပါး ဖြစ်လာခဲ့သည်။

မည်သည့်အရာမှ လုပ်ဆောင်ခြင်းမရှိဘဲ စောင့်ဆိုင်းနေမည်ဆိုလျှင် ယီယွမ်က မြှုပ်နှံစရာ သင်္ချိုင်းမရှိဘဲ သေဆုံးရပေလိမ့်မည်။

ယီယွမ်က မည်သည့်အတွက် ဆက်လက်နေထိုင်ရဲမည်နည်း။ အကွာအဝေး ဥပဒေသကို ချက်ချင်းထုတ်ဖော်၍ နောက်ထပ် နေရာလပ်နေရာတစ်ခုသို့ ထွင်းဖောက်ပြောင်းရွှေ့သွားခဲ့၏။

သို့သော် မကြာမီပင် ဤနေရာလပ်ကလည်း ထပ်မံပြိုလဲလာခဲ့သည်။

ယီယွမ်က အလွန့်အလွန် သနားစရာကောင်းနေခဲ့ပြီး နေရာလပ်ကို ဆက်တိုက်ဖောက်ထွက်၍ သွားလာနေရန်သာ တတ်နိုင်ခဲ့၏။

သို့သော် မကြာမီပင် သူ၏ အပေါ်ယံမျှသော အကွာအဝေး ဥပဒေသ နားလည်သဘောပေါက်မှုက ဤနေရာတွင် အသုံးပြုရန် လုံလောက်ခြင်း လုံးဝမရှိကြောင်း ယီယွမ်က တွေ့ရှိသွားခဲ့သည်။

နေရာလပ်က ပို၍ပို၍ ပရမ်းပတာဖြစ်လာခဲ့၏။ နေရာလပ်ကို ဖောက်ထွက်ရခြင်းကလည်း ခက်ခဲသည်ထက် ပိုမိုခက်ခဲလာခဲ့၏။

ဤသို့ဖြစ်ရခြင်းမှာလည်း ယီယွမ်ဖြစ်နေခဲ့၍သာ ဖြစ်သည်။ အကယ်၍ အကွာအဝေး ဥပဒေသနှင့် ပတ်သက်၍ လုံးဝမသိထားသော တစ်စုံတစ်ယောက်သာ ဤနေရာတွင်ရှိနေခဲ့လျှင် ထိုသူက အစောကြီးကတည်းက အမှုန့်ဖြစ်သွားပေလိမ့်မည်။

………..

သိုင်းမျှော်စင်၏ ပထမအလွှာက သိုင်းမျှော်စင်တစ်ခုလုံးကို အဓိက စီမံခန့်ခွဲသောနေရာလည်း ဖြစ်ပေသည်။

ရက်ပေါင်းများစွာကြာပြီးနောက် အကြီးအကဲချုပ်ရို့ရှု၏ ခန္ဓာကိုယ်က ဤနေရာတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

"လင်ယွင်… အကြီးအကဲယီက အကွာအဝေး အမွေအနှစ်ကို ဝင်ရောက်သွားခဲ့တယ်လို့ ငါကြားတယ်… အခု အခြေအနေဘယ်လိုရှိလဲ….." ရို့ရှုက မေးမြန်းခဲ့၏။

လင်ယွင်က ဆေးမျှော်စင်ကို စောင့်ကြပ်နေသော တာဝန်ခံပင် ဖြစ်သည်။

အကြီးအကဲချုပ်က ထိုကိစ္စကို မေးမြန်းခဲ့သည်အား ကြားလိုက်ချိန်တွင် လင်ယွင်က သူ၏ခေါင်းကိုခါယမ်း၍ ပြောဆိုလိုက်သည်။ "အခြေအနေက တော်တော်လေး ကောင်းမွန်နေတာမျိုး မဖြစ်ဖို့များပါတယ်… အကြီးအကဲယီရဲ့ အော်ရာအငွေ့အသက်က အားနည်းတာထက် ပိုပြီးအားနည်းလာပြီ… အဖြစ်နိုင်ဆုံးက… သူက ဖရိုဖရဲနေရာလပ် အတွင်းထဲမှာ လမ်းပျောက်သွားတာ ဖြစ်လောက်ပါတယ်….."

စကားပြောနေရင်းပင် တာဝန်ခံလင်က မန္တန်တစ်ခု ရွတ်ဆိုခဲ့၏။ အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအပေါ်တွင် အဝါရောင် အစက်အပြောက်တစ်ခု ရှိနေခဲ့၏။ ထိုအရာက ယီယွမ်၏အသက် အော်ရာအငွေ့အသက်ကို ကိုယ်စားပြုနေခဲ့ကြောင်း ရို့ရှုက သိရှိပေသည်။

ဤအချိန်တွင် ထိုအဝါရောင်အစက်အပြောက်က မှုန်မှိုင်းနေခဲ့ပြီဖြစ်ပြီး ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့ပေသည်။

Chapter 10 is coming…..

Weiterlesen

Das wird dir gefallen

74K 6.7K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
25.2K 2.5K 200
ချင်ယန်ဇီဟာ သစ္စာဖောက်တွေလက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံး ပြီးဆုံးသွားပြီလို့ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။သူဟာ ယီယွမ်လို့ခေါ်တဲ...
134K 28.4K 200
Sequel of book (700 - 900)
239K 27.6K 200
(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီး...