ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part...

By Azure5549

17.4K 1.4K 8

ချင်ယန်ဇီဟာ သစ္စာဖောက်တွေလက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံး ပြီးဆုံးသွားပြီလို့ထင်ရပေမဲ့ တကယ်တမ်းမှာတော့... More

Book(80)Ch - 1095 - 1097
Ch 1098 - 1100
Ch 1101 - 1103
Book(81)Ch 1-3(or)Ch 1104 - 1106
Ch 1107 - 1109
Ch 1110 - 1112
Ch 1113 - 1115
Ch 1116 - 1118
Book(82)Ch1-3(or)Ch 1119 - 1121
Ch 1122 - 1124
Ch 1125 - 1127
Ch 1128 - 1130
Ch 1131 - 1133
Book(83)Ch 1-3(or)Ch 1134 - 1136
Ch 1137 - 1139
Ch 1140 - 1142
Ch 1143 - 1145
Ch 1146 - 1148
Book(84)Ch 1-3(or)Ch 1149 - 1151
Ch 1152 - 1154
Ch 1155 - 1157
Ch 1158 - 1160
Ch 1161 - 1163
Book(85)Ch 1-3(or)Ch 1164 - 1166
Ch 1167 - 1169
Ch 1170 - 1172
Ch 1174 - 1176
Ch 1177 - 1179
Book(86)Ch 1-3(or)Ch 1180 - 1182
Ch 1183 - 1185
Ch 1186 - 1188
Ch 1189 - 1191
Ch 1192 - 1194
Book(87)Ch 1-3(or)Ch 1195 - 1197
Ch 1198 - 1200
Ch 1201 - 1203
Ch 1204 - 1206
Ch 1207 - 1209
Book(88)Ch 1-3(or)Ch 1210 - 1212
Ch 1213 - 1215
Ch 1216 - 1218
Ch 1219 - 1221
Ch 1222 - 1224
Book(89)Ch 1-3(or)Ch 1225 - 1227
Ch 1228 - 1230
Ch 1231 - 1233
Ch 1234 - 1236
Ch 1237 - 1239
Book(90)Ch 1-3(or)Ch 1240 - 1242
Ch 1243 - 1245
Ch 1246 - 1248
Ch 1249 - 1251
Ch 1252 - 1255
Book (91) Ch 1-3 (or) Ch 1256 - 1258
Ch 1259 - 1261
Ch 1262 - 1264
Ch 1265- 1267
Ch 1268 - 1270
Book(92)Ch 1-2(or)Ch 1271 - 1273
Ch 1274 - 1276
Ch 1277 - 1279
Ch 1280 - 1282
Ch 1283 - 1285
Book(93)Ch 1-3(or)Ch 1286 - 1288
Ch 1289 - 1291
Ch 1292 - 1294
Ch 1295 - 1297
Ch 1298 - 1300
Book(94)Ch 1-3(or)Ch 1301 - 1303
Ch 1304 - 1306
Ch 1307 - 1309
Ch 1310 - 1312
Ch 1313 - 1315
Book(95) Ch1-3(or)Ch 1316 - 1318
Ch 1319 - 1321
Ch 1322 - 1324
Ch 1326 - 1328
Ch 1329 - 1331
Book(96)Ch 1-3(or)Ch 1332 - 1334
Ch 1335 - 1337
Ch 1338 - 1340
Ch 1341 - 1343
Ch 1344 - 1346
Book(97)Ch 1-3(or)Ch 1347 - 1349
Ch 1350 - 1352
Ch 1353 - 1356
Ch 1357 - 1359
Ch 1360 - 1362
Book(98)Ch 1-3(or)Ch 1363 - 1365
Ch 1366 - 1368
Ch 1369 - 1371
Ch 1372 - 1374
Ch 1375 - 1377
Book(99)Ch 1-3 (or) Ch 1378 - 1380
Ch 1381 - 1383
Ch 1384 - 1386
Ch 1387 - 1389
Ch 1390 - 1392
Book(100)Ch 1-3(or)Ch 1393 - 1395
Ch 1396 - 1398
Ch 1399 - 1401
Ch 1402 - 1404
Ch 1405 - 1407
Book(101)Ch 1 - 3(or)Ch 1408 - 1410
Ch 1411 - 1413
Ch 1414 - 1416
Ch 1417 - 1419
Ch 1420 - 1422
Book(102)Ch 1-3(or)Ch 1423 - 1425
Ch 1426 - 1428
Ch 1429 - 1431
Ch 1432 - 1434
Ch 1435 - 1437
Book (103)Ch 1-3(or)Ch 1438 - 1440
1441 - 1443
1444 - 1446
1447 - 1449
1450 - 1452
Book(104)Ch 1-3(or)Ch 1453 - 1455
Ch 1456 - 1458
1459 - 1461
1462 - 1464
1465 - 1467
up လေး ကြာနိုင်ပါတယ်နော်
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
Book (105) Ch 1 - 3 (or)Ch 1468 - 1470
1471 - 1473
1474 - 1476
1477 - 1479
1480 - 1482
Book 16 Ch 1483 - 1485 (or) Ch 1 - 3
1486 - 1488
1489 - 1491
1495 - 1497
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
Book 107 Ch 1 - 3 ( or ) Ch 1498 - 1500
1501 - 1503
1504 - 1506
1507 - 1509
1510 - 1512
Book (108) Ch 1 - 3 (or)Ch 1513 - 1515
Ch 1516 - 1518
Ch 1519 - 1521
Ch 1522 - 1524
Ch 1525 - 1527
Book (109) Ch 1 -3 (or) Ch 1528 - 1530
Ch 1531 - 1533
Ch 1534 - 1536
Ch 1537 - 1539
Ch 1540 - 1542
Book ( 110 ) Ch 1 - 3 ( or ) Ch 1543 - 1545
1546 - 1548
1549 - 1551
1552 - 1554
1555 - 1557
Book ( 111 ) Ch 1 - 3 ( or ) Ch 1558 - 1560
Ch 1561 - 1563
Ch 1564 - 1565
1566 - 1568
1569 - 1571
Book 112 , Ch 1 to 3 (or ) Ch 1752 - 1754
1755 - 1757
1758 - 1760
1761 - 1763
1764 - 1766
Book (113) Ch 1 - 3 (or) Ch 1767 - 1769
Ch 1770 - 1772
CH 1773 - 1775
Ch 1776 - 1778
Ch 1779 - 1781
Book (114) Ch 1 - 3 ( or )Ch 1782 - 1784
Ch 1785 - 1787
Ch 1788 - 1790
Ch 1791 - 1793
Ch 1794 - 1796
Book ( 115 ) Ch 1 to 5 ( or ) Ch 1797 - 1799

1492 - 1494

88 6 0
By Azure5549

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 106

Chapter-10

(ငါ့အမှားလား)

ယီယွမ်က ဓားပညာကို ကျင့်ကြံပြီး ရှုပ်ထွေးမှုကို ရိုးရှင်းမှုအဖြစ် ပြောင်းလဲသွားစေခဲ့၍ ထိုအရာက ပုံမှန်ဖြစ်ရိုးဖြစ်စဥ် အခြေအနေနှင့် ကွာခြားသွားခဲ့ပြီဖြစ်သည်။

"ဖြိုခွင်းခြင်းကြယ်များ" သိုင်းကွက်၏ အနှစ်သာရက 'ခုတ်ပိုင်းခြင်း' အပေါ်တွင် မူတည်ပေ၏။

"ဖန်တီးခြင်းလမင်း" သိုင်းကွက်၏ အနှစ်သာရကမူ 'ထိုးသွင်းခြင်း' အပေါ်တွင် မူတည်နေခဲ့သည်။

တစ်ချက်ထိုးသွင်းခြင်းသာ ဖြစ်သော်လည်း ထိုအရာက သိုင်းကွက်ပေါင်း သန်းချီ၍ ဆင့်ကဲပြောင်းလဲနိုင်ပေ၏။ သို့ရာတွင် ထိုသိုင်းကွက်ပေါင်းသန်းချီ၏ အဓိကအုတ်မြစ်က 'ထိုးသွင်းခြင်း'သာ ဖြစ်ပေသည်။

နည်းလမ်းအမျိုးမျိုး ပြောင်းလဲရန် ထိုးထွင်းသိမြင်ခြင်းက အသုံးပြုသူ၏ တီထွင်ဖန်တီးမှုစွမ်းရည်အပေါ် မူတည်ပေသည်။

သိုင်းကွက်တိုင်း၊ ရွေ့လျားမှုတိုင်းကို တရားသေ မှတ်သားထားခြင်းက တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားပေလိမ့်မည်။

ဓားတာအို ကောင်းကင်ဒုတိယအလွှာ ပြည့်စုံမှုအဆင့်ကို ရောက်ရှိသွားခဲ့၍ ယီယွမ်၏ခွန်အားက နောက်တစ်ဆင့်သို့ ရောက်ရှိသွားခဲ့သည်။

လန်ကဲကို နောက်တစ်ကြိမ် သတ်ဖြတ်ရမည်ဆိုလျှင် သိုင်းကွက်တစ်ကွက်တည်းဖြင့် လုံလောက်သည်ဟု ယီယွမ်က ယုံကြည်ချက်ရှိပေ၏။

ဤအချိန်တွင် အပြင်မှ လုံကျန်း၏အသံကို ကြားလိုက်ရသည်။ "သခင်… လီကျီမိန်းကလေးက သခင်နဲ့တွေ့ဖို့ ရောက်လာပါတယ်….."

"သိပြီ….." ယီယွမ်က တည်ငြိမ်စွာ တုံ့ပြန်ခဲ့၏။

လီကျီကို မြင်တွေ့ချိန်တွင် သူမ၏နောက်၌ ကောင်းကင်ဘုံမြင်ယောင်ခြင်း နတ်တန်ခိုးရှင်အဆင့် သိုင်းပညာရှင်နှစ်ယောက်ကို မြင်တွေ့ခဲ့ရသည်။

ထိုနှစ်ယောက်က ယီယွမ်ကို မြင်တွေ့ခဲ့ချိန်တွင် ရန်လိုသော အကြည့်များ ရှိနေခဲ့ကြ၏။

ယီယွမ်က စိတ်ထဲတွင် နားလည်ခဲ့သည်။ ဤနှစ်ယောက်ကလည်း ဖန်းမိသားစု၏ ဧည့်သိုင်းပညာရှင်များ ဖြစ်ပေလိမ့်မည်။ သူ၏လစာက သူတို့ထက် နှစ်ဆဖြစ်ကြောင်း သိသွားခဲ့၍ သူတို့က အလွန်အမင်း မကျေမနပ်ဖြစ်သွားခဲ့ကြသည်။ ထို့ကြောင့် သူတို့က သူ့အပေါ် ရန်လိုနေခဲ့ကြခြင်းဖြစ်ပေ၏။

လီကျီ၏ဘေးတွင် ငယ်ရွယ်သော မိစ္ဆာမျိုးနွယ် ယောက်ျားတစ်ယောက် ရှိနေခဲ့သည်။

သူက ယီယွမ်ကို စိုက်ကြည့်လိုက်ပြီး လီကျီကို ပြောဆိုခဲ့၏။ "လီကျီ… မင်းပြောတဲ့ ထူးချွန်တဲ့သူဆိုတာ သူလား… သူက တော်တော်လေး သာမန်ဆန်နေတာပဲ….."

လီကျီက သူ့ကို မျက်လုံးပြူးကြည့်လိုက်ပြီး ပြောဆိုခဲ့သည်။ "ဖန်းယု… နင့်လူတွေကိုပဲ ကောင်းကောင်းစီမံစမ်းပါ… ငါ့လူတွေကို နင်ဝေဖန်စရာ အကြောင်းမရှိဘူး….."

ဖန်းယုက ပြုံး၍ ပြောဆိုလိုက်၏။ "ကောင်းပြီ… ကောင်းပြီ… ငါမဝေဖန်ပါဘူး… မဝေဖန်တော့ဘူး… ဒါပေမဲ့ မင်းက အဲဒါကို လက်ခံရလိမ့်မယ်… ဒီကောင်လေးက ချောလွန်းတယ်… နောက်ပိုင်းကျရင် အချို့လူတွေက မနာလိုဖြစ်လာကြလိမ့်မယ်….."

လီကျီက နှုတ်ခမ်းစူလိုက်ပြီး ပြောဆိုခဲ့သည်။ "သူတို့ဘာသာ ဘာတွေပဲဖြစ်ဖြစ် အဲဒါက ငါနဲ့ ဘာသက်ဆိုင်လို့လဲ….."

ဖန်းယုက လီကျီ၏ အစ်ကိုအရင်းဖြစ်သည်။

မိစ္ဆာမျိုးနွယ်တွင် အမျိုးသမီးများ၏ အဆင့်အတန်းက နိမ့်ကျပြီး မျိုးရိုးနာမည်ဆက်ခံရန် ခွင့်ပြုခံရခြင်းမရှိပေ။

အကယ်၍ လီကျီ၏ရုပ်ရည်က နတ်သမီးတစ်ပါးကဲ့သို့ လှပနေခဲ့လျှင်ပင် ထိုအရာက ခြွင်းချက်မရှိပေ။

စကားအဆုံးတွင် သူမက ယီယွမ်ကို ပြောဆိုလိုက်သည်။ "အစ်ကိုအမှောင်ည… အစ်ကိုကြီးနဲ့ ကျွန်မက သခင်လေးခါရှင်းရဲ့ တွေ့ဆုံပွဲကို သွားတက်ကြမလို့ပါ… လော့ချီနဲ့ ဖေးလန်တို့နဲ့အတူတူ ကျွန်မတို့နဲ့ လိုက်ခဲ့ပါလား….."

ပုံမှန်အားဖြင့် ယီယွမ်က ငြင်းဆန်ရန် အကြောင်းပြချက်
မရှိသည့်အတွက် ခေါင်းညိတ်ပြလိုက်၏။

………

မိစ္ဆာမျိုးနွယ်၏ အထက်တန်းလွှာများက စာပေအနုပညာကို နားလည်ခံစားနိုင်စွမ်း ရှိမည်မဟုတ်၍ မြို့ပိုင်အရှင်သခင်ဂေဟာက အလွန်မသပ်မရပ်ဖြစ်နေမည်ဟု မူလတွင် ယီယွမ်က ထင်ထားခဲ့သည်။

သို့သော် အထဲသို့ဝင်လာပြီး လေ့လာကြည့်လိုက်ချိန်တွင် ထိုအရာက မိစ္ဆာမျိုးနွယ်အပေါ် သူ၏ နားလည်သဘောပေါက်မှုကို လုံးဝပြောင်းလဲသွားစေခဲ့သည်။

တောင်အတုများ၊ မျှော်စင်များ၊ တစ်ဆက်တည်း ဆောက်လုပ်ထားသောအိမ်များ၊ စမ်းချောင်းများကို အတူတကွ ပေါင်းစည်းလိုက်သောအခါ ထိုအရာက လူသားမျိုးနွယ်၏ ဂေဟာများနှင့် နှိုင်းယှဥ်လျှင် အနည်းငယ်မျှပင် နိမ့်ကျခြင်းမရှိတော့ပေ။

"ဝိုး… ချောလိုက်တဲ့ မောင်လေးတစ်ယောက်ပဲ… ကျွတ်ကျွတ်… ညီမလေးလီကျီက မြင့်မြတ်ပြီး သန့်စင်လို့ ငါတို့ မိစ္ဆာမျိုးနွယ် မိန်းမတွေနဲ့ တော်တော်လေး ကွဲပြားတယ်လို့ လူတိုင်းပြောကြတယ်… ကြည့်ရတာတော့… ညီမလေးက ကိုယ်ပိုင်အတွေးတွေ ရှိနေတဲ့ပုံပဲ….."

ရှေ့တွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်က သူတို့ကို လာရောက်ကြိုဆိုခဲ့သည်။

ထိုမိန်းမက လီကျီ၏နောက်တွင်ရှိနေသော ယီယွမ်ကို မြင်တွေ့ချိန်တွင် သူမ၏ မျက်လုံးများက ချက်ချင်းပင် တောက်ပသွားခဲ့ပြီး လှပသောမျက်ဝန်းတစ်စုံဖြင့် ယီယွမ်၏ ခန္ဓာကိုယ်အပေါ်သို့ စိုက်ကြည့်နေခဲ့သည်။

ဤမိန်းမက အလွန်ညှို့ဓာတ်ပြင်းပေ၏။ သူမ၏ရုပ်ရည်က လီကျီနှင့် တန်းတူအနေအထားတွင် အမှန်တကယ်ရှိနေခဲ့သည်။

သို့သော် ထိုယောက်ျား၏အကြည့်က အေးစက်သွားခဲ့ပြီး ယီယွမ်ကိုကြည့်နေသော သူ၏အကြည့်တွင် ရေခဲတမျှအေးစက်နေသော လူသတ်လိုစိတ် ပြည့်နှက်နေခဲ့သည်။

ထိုမိန်းမ၏စကားများကြောင့် လီကျီ၏မျက်နှာက နီရဲသွားခဲ့ပြီး သူမက ပြောဆိုလိုက်သည်။ "အစ်မကြီးလျန့်ဟွာက ဘာတွေပြောနေတာလဲ… အမှောင်ညက ကျွန်မအသစ်ခန့်အပ်ထားတဲ့ ဧည့်သိုင်းပညာရှင်ပါ….."

လျန့်ဟွာက လီကျီ၏လက်ကိုဆွဲ၍ ပြုံးပြလိုက်ပြီး ပြောဆိုခဲ့သည်။ "ငါနားလည်ပါတယ်… အစ်မကြီးက ဘာလို့နားမလည်ဘဲနေရမှာလဲ….."

ထိုသို့ပြောရင်း သူမက လီကျီ၏အနားသို့ကပ်၍ တီးတိုးပြောလိုက်သည်။ "ဒီမောင်လေးက တကယ်ကို ချောလွန်းတယ်… အစ်မကြီးကစားဖို့ နှစ်ရက်လောက် ဘာလို့ငှားမပေးတာလဲ….."

လီကျီက ယီယွမ်ကိုတစ်ချက်ကြည့်လိုက်ပြီး သူမ၏မျက်နှာအမူအရာက အလွန်ရုပ်ဆိုးသွားခဲ့ကာ ပြောဆိုလိုက်သည်။ "အစ်မကြီးလျန့်ဟွာ… တကယ်လို့ အစ်မကြီးက ဒီလိုမျိုး ဟာသဆက်လုပ်နေဦးမယ်ဆိုရင် လီကျီက ထွက်သွားတော့မှာပါ….."

ထိုယောက်ျားက မျက်မှောင်ကုတ်သွားခဲ့ပြီး သူက ပို၍ပင် မကျေမနပ်ဖြစ်သွားခဲ့၏။ သို့သော် သူက ဝင်ရောက်ထိန်းသိမ်းပြောဆိုလိုက်သည်။ "လျန့်ဟွာ… မင်းက လီကျီရဲ့ အမူအကျင့်ကို မသိတာလည်း မဟုတ်ဘူး… ဟာသလုပ်နေတာကို ရပ်လိုက်တော့….."

ဤယောက်ျားက ထင်ရှားပြတ်သားသော ရုပ်ရည်သွင်ပြင်နှင့် ရည်မွန်သော အမူအရာမျိုး ရှိနေခဲ့ပြီး မိစ္ဆာမျိုးနွယ်တွင် ရှားပါးလှသည့် ချောမောသော ယောက်ျားတစ်ယောက် ဖြစ်ပေ၏။

သို့ရာတွင် ယီယွမ်နှင့် နှိုင်းယှဥ်လိုက်လျှင်မူ သူက အဆင့်တစ်ဆင့် ပိုမိုနိမ့်ကျပေသည်။

ဤယောက်ျားက မြို့ပိုင်အရှင်သခင်ဂေဟာ၏ သခင်လေး ခါရှင်းမှလွဲ၍ အခြားသူတစ်ယောက်မဟုတ်ပေ။

လျန့်ဟွာက ခါရှင်းကို မျက်လုံးပြူးကြည့်ပြီး ပြောဆိုလိုက်သည်။ "ငါ့အစ်ကိုကောင်းကြီး… ငါက နင့်ကို ကူညီပေးနေတာလေ… ဒါကိုတောင် နင်က ဘယ်လိုလုပ်ပြီးတော့ ငါ့ကို တင်းတင်းမာမာ ပြောဆိုနေနိုင်တာလဲ….."

သို့သော် ခါရှင်းက သူမကို လျစ်လျူရှုထားခဲ့ပြီး အေးအေးဆေးဆေး ပြောဆိုခဲ့၏။ "ဖန်းယု၊ လီကျီ… ကျေးဇူးပြုပြီး အထဲကိုဝင်ပါ….."

မကြာမီပင် တန်ဖိုးကြီးအဝတ်အစားများကို ဝတ်ဆင်ထားသည့် မိစ္ဆာမျိုးနွယ် ယောက်ျားများ ရောက်ရှိလာခဲ့ပြီး ခါရှင်းတို့မောင်နှမနှစ်ယောက်ကို လာရောက်နှုတ်ဆက်ခဲ့ကြသည်။

သို့သော် လီကျီ၏နောက်တွင်ရှိနေသော ယီယွမ်ကို မြင်လိုက်ချိန်တွင် သူတို့တစ်ဦးချင်းစီက လူသတ်လိုသော အကြည့်များ ထွက်ပေါ်လာခဲ့ကြသည်။

သူတို့က ယီယွမ်ကို လီကျီ၏ ကိုယ်ပိုင်ကစားစရာလေးအဖြစ် မြင်နေခဲ့ကြ၍ သူတို့၏ မနာလိုစိတ်ကြောင့် ယီယွမ်ကို သတ်ဖြတ်လိုကြခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။

ယီယွမ်က ကြယ်နှစ်ပွင့် အလတ်အလတ်အဆင့် မိစ္ဆာဗိုလ်ချုပ်တစ်ဦးသာ ဖြစ်သော်လည်း လီကျီ၏ ဧည့်သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုကိစ္စတွင် အခြားအရာများမပါဝင်ဟု ပြောဆိုမည်ဆိုလျှင် သူတို့ကို အသေရိုက်နှက်၍ ယုံကြည်ခိုင်းမည်ဆိုလျှင်ပင် သူတို့က ယုံကြည်ကြမည်မဟုတ်ပေ။

သူတို့၏အမြင်အရ ယီယွမ်က သူ၏ ချောမောသော ရုပ်ရည်ကို အမှီသဟဲပြု၍ ဧည့်သိုင်းပညာရှင်ရာထူးကို ရရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထိုသခင်လေးများ၏ အကြည့်များကိုမြင်သော် လော့ချီနှင့် ဖေးလန်တို့နှစ်ယောက်က အကြည့်ချင်းဖလှယ်မိလိုက်ပြီး သူတို့နှစ်ယောက်စလုံး၏ မျက်နှာတွင် ကျေနပ်နေသော အပြုံးများ ပေါ်လာခဲ့ကြသည်။

ဤရန်လိုသောအကြည့်များကို ယီယွမ်က အရေးမလုပ်သော အမူအရာတစ်ခု ရှိနေခဲ့၏။

ငါက ရုပ်ချောနေရုံလေးပဲလေ… အဲဒါက ငါ့အမှားလား…..

မင်းတို့မိစ္ဆာတွေအားလုံးက မင်းတို့မိဘတွေလို ကြောက်စရာကောင်းတဲ့ ရုပ်ရည်တွေ ပိုင်ဆိုင်ကြဖို့ ဘယ်သူက ပြောခဲ့လို့လဲ…..

စကားအနည်းငယ် ပြောဆိုပြီးနောက် တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။ "သခင်လေးခါရှင်း… အချိန်ပြည့်လုနီးပါပြီ… စွမ်းရည်ဖလှယ်တဲ့ လက်ရည်စမ်းပွဲ စတင်လိုက်ကြတော့မလား….."

မိစ္ဆာမျိုးနွယ်က တိုက်ခိုက်ခြင်းကို နှစ်သက်ကြပေ၏။ ဤသို့သော တွေ့ဆုံပွဲမျိုးတွင် ပုံမှန်အားဖြင့် တိုက်ခိုက်မှုများနှင့် ရှောင်လွှဲကင်းကွာ၍မရပေ။ 

သို့သော် ခါရှင်းက အသာအယာပြုံး၍ ပြောဆိုလိုက်သည်။ "နေ့တိုင်း စွမ်းရည်ဖလှယ်ပြီး လက်ရည်စမ်းနေရတော့ ငါတို့တွေအားလုံးက ငါတို့ရဲ့ အင်အားကို သိနေကြပြီပဲ… ဒီနေ့တော့ ငါတို့က ကိစ္စတွေ အပြောင်းအလဲ လုပ်ကြည့်မယ်ဆိုရင်ရော ဘယ်လိုလဲ….."

လူတိုင်းက ထိုစကားကိုကြားချိန်တွင် ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့ကြ၏။

"ဘယ်လိုအပြောင်းအလဲမျိုးကို သခင်လေးခါရှင်းက လုပ်ဆောင်ချင်တာလဲ….."

ခါရှင်းက အသာအယာပြုံး၍ ပြောဆိုခဲ့သည်။ "မိသားစုတစ်ခုရဲ့ အင်အားက ငါတို့တွေအပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူးလေ… မိသားစုအစောင့်တွေရဲ့ အင်အားကလည်း တော်တော်လေး အရေးပါတယ်… ဒီနေ့မှာ လူတိုင်းက ကိုယ့်မိသားစုရဲ့ အစောင့်တွေကို ယှဥ်ပြိုင်ခိုင်းကြမယ်လေ… ဘယ်လိုလဲ….."

လူတိုင်းက ထိုစကားကိုကြားချိန်တွင် 'သိနေသည်'ဟူသော အပြုံးများ ချက်ချင်းထွက်ပေါ်လာခဲ့၏။

ဤလုပ်ဆောင်မှုက အမှောင်ည(ယီယွမ်)ကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။

"အကြံကောင်းပဲ… သခင်လေးခါရှင်းပြောတာ မှန်တယ်… မိသားစုအစောင့်တွေရဲ့ ခွန်အားက မိသားစုတစ်စုရဲ့ အင်အားကို အတိုင်းအတာကြီးတစ်ခုအထိ ကိုယ်စားပြုတယ်….." ခါရှင်း၏စကားအဆုံးတွင် တစ်စုံတစ်ယောက်က ချက်ချင်းထောက်ခံလိုက်၏။

သို့သော် လီကျီက ထိုစကားကိုကြားချိန်တွင် တုန်လှုပ်သွားခဲ့ပြီး စကားပြောရန် ပြင်ဆင်လိုက်သော်လည်း ဖန်းယုက သူမကို တားဆီးထားခဲ့သည်။

ဖန်းယုက ပြုံး၍ ပြောဆိုလိုက်၏။ "သခင်လေးခါရှင်းပြောတာ မှန်ပါတယ်… ဖန်းယုကလည်း သဘောတူပါတယ်….."

"နင်က….." လီကျီက ဒေါသတကြီး ပြောဆိုခဲ့သည်။

ဖန်းယုက မျက်မှောင်ကုတ်သွားခဲ့ပြီး လီကျီကို တင်းမာစွာ တစ်ချက်ကြည့်လိုက်၏။

လီကျီ၏ တစ်ကိုယ်လုံးက တုန်ယင်နေခဲ့သော်လည်း သူမက စကားထပ်ပြောခြင်း မရှိတော့ပေ။

ဤသို့သော တွေ့ဆုံပွဲမျိုးက အပေါ်ယံတွင် ရိုးရှင်းပုံပေါ်ပေသည်။ အမှန်တကယ်တွင် ဤအရာက အဓိကမိသားစုကြီးများ တိတ်တဆိတ် လျှို့ဝှက်၍ ယှဥ်ပြိုင်နေခဲ့ကြသော ပြိုင်ကွင်းလည်း ဖြစ်ပေ၏။

ဤအချိန်တွင် သတ္တိကြောင်နေခဲ့မည်ဆိုလျှင် ဖန်းမိသားစု၏ ဂုဏ်သိက္ခာကို လုံးဝပျက်စီးသွားစေပေလိမ့်မည်။

ခါရှင်းက ပြုံး၍ ပြောဆိုခဲ့သည်။ "ဒီလိုဆိုရင်တော့ ဒီမှာလူရှစ်ယောက်ရှိတယ်… လူတစ်ယောက်စီတိုင်းက မိသားစုအစောင့် သုံးယောက်စီ ထုတ်ပေးရမယ်… အဖွဲ့လိုက်ယှဥ်ပြိုင်ပြီး အဖွဲ့ထဲက လူသုံးယောက်စလုံး ဖယ်ရှားခံလိုက်ရတဲ့အထိ တိုက်ခိုက်ရမယ်… အင်း… ဒါက မိသားစုအစောင့်တွေ ယှဥ်ပြိုင်တဲ့ ပြိုင်ပွဲဖြစ်နေတော့ ဆုကြေးနည်းနည်းလောက် ထည့်ပေးကြတာပေါ့….."

ထိုသို့ပြောရင်း ခါရှင်းက ပုလင်းလေးတစ်လုံးကို ထုတ်လိုက်၏။ အထဲတွင် အနှစ်နှင့်တူသော အနက်ရောင်အရာတစ်ခု ပြည့်နှက်နေခဲ့သည်။

မိသားစုအစောင့်များက ထိုအရာကို မြင်တွေ့လိုက်ချိန်တွင် အံ့အားတကြီး ရေရွတ်သံများ ချက်ချင်းထွက်ပေါ်လာခဲ့၏။

"ဒါက ကျောက်စိမ်းနက် နက်နဲဝိညာဥ်လိမ်းဆေးပဲ… ဒီဟာက ခန္ဓာကိုယ်ကျင့်ကြံခြင်းအတွက် တော်ဝင်ဆေးတစ်မျိုးပဲ….."

"ဒီပစ္စည်းနဲ့ဆိုရင် ငါက ကြယ်သုံးပွင့် မိစ္ဆာတပ်မှူးအဆင့်ကို တက်ရောက်သွားနိုင်တယ်….."

"ဟမ့်… ကျောက်စိမ်းနက် နက်နဲဝိညာဥ်လိမ်းဆေးက ငါ့အပိုင်ပဲ… ငါနဲ့ အဲဒါကို ယှဥ်လုရဲတဲ့သူတွေရဲ့ အဆုံးသတ်ရလဒ်က သေခြင်းတရားပဲကွ….."

……..

ယီယွမ်ကိုယ်တိုင်ပင် အကြည့်များ တောက်ပသွားခဲ့သည်။

ကျောက်စိမ်းနက် နက်နဲဝိညာဥ်လိမ်းဆေးက ကြယ်နှစ်ပွင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း တော်ဝင်ဆေးတစ်မျိုး ဖြစ်၏။ သူ၏ ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်က ပထမပြောင်းလဲခြင်း၏ ပြည့်စုံခြင်းအဆင့်တွင် ရပ်တန့်နေခဲ့ပြီး အဆင့်တက်ရန် ကျရှုံးနေခဲ့သည်မှာ အချိန်ကြာမြင့်နေခဲ့ပြီဖြစ်၏။

ကျောက်စိမ်းနက် နက်နဲဝိညာဥ်လိမ်းဆေးဖြင့်ဆိုလျှင် အဆင့်တက်ရောက်ခြင်းက မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာနိုင်ပေ၏။

လျန့်ဟွာက ချိုသာစွာပြုံး၍ ပြောဆိုခဲ့သည်။ "အစ်ကိုကြီးက တော်တော်လေးရက်ရောနေတာ ဆိုမှတော့ ငါကလည်း ကပ်စေးနည်းလွန်းနေလို့ မရတော့ဘူးမဟုတ်လား… မြကျောက်စိမ်း သတ္တုနှလုံးသားပုလဲက ငါ့ရဲ့ဆုကြေးပဲ….."

"ဝှူး….."

လေအေးများကို ရှူသွင်းလိုက်သော အသံများ ထွက်ပေါ်လာခဲ့၏။

ဆုကြေးပစ္စည်းများ တစ်ခုပြီးတစ်ခု ထွက်လာသည်နှင့်အမျှ မိသားစုအစောင့်များအားလုံး၏ မျက်လုံးများတွင် အလွန်အမင်း စိတ်အားထက်သန်နေသော အကြည့်များ ထွက်ပေါ်လာခဲ့ကြသည်။

Chapter 11 is coming…..

......

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 106

Chapter-11

(သိက္ခာကျပြီ မဟုတ်လား)

ခါရှင်း၏ရှေ့တွင် ရတနာရှစ်ခု ထားရှိခဲ့သည်။

ရတနာတစ်ခုစီတိုင်းက အလွန်ရှားပါးသောပစ္စည်းများ ဖြစ်ကြပေ၏။

"ဒီရတနာရှစ်ခုကို ပထမဆုရတဲ့ သုံးယောက်အဖွဲ့က ရရှိလိမ့်မယ်… လူတိုင်းက ဘယ်သူယှဥ်ပြိုင်မလဲဆိုတာ ရွေးချယ်ပြီးသွားပြီဆိုရင် သူတို့ကို လူစားလဲလို့မရဘူး… တကယ်လို့ သူတို့က အရေးနိမ့်သွားခဲ့မယ်ဆိုရင် နောက်တစ်ဆင့်ကို ဆက်ပြီးတော့ တိုက်ခိုက်ခွင့်ရှိတယ်… တကယ်လို့ တစ်ယောက်သေသွားမယ်ဆိုရင် ကျန်နေတဲ့ လူနှစ်ယောက်ကပဲ နောက်တစ်ဆင့်ကို ဆက်ပြီးယှဥ်ပြိုင်ခွင့်ရှိမယ်… ဒီလိုပုံစံမျိုး ယှဥ်ပြိုင်ရလိမ့်မယ်… လူတိုင်းက လက််မခံနိုင်တာ တစ်ခုခု ရှိလား….." ခါရှင်းက အေးအေးဆေးဆေး ပြောဆိုလိုက်သည်။

"မရှိဘူး… မရှိပါဘူး….."

"လုံးဝမရှိပါဘူး….."

………

မိသားစုအစောင့်များအားလုံးက ထပ်ကာထပ်ကာ လက်ခါပြနေခဲ့ကြပြီး ခါရှင်း၏ စကားများကို လက်မခံနိုင်သောသူ လုံးဝမရှိခဲ့ပေ။

ဤသို့သော စည်းမျဥ်းများက လူသားမျိုးနွယ် နယ်မြေများတွင် အလွန်ရှားပါးပေသည်။

သို့သော် မိစ္ဆာမျိုးနွယ်ပိုင်နက်တွင်မူ ထိုအရာက ပုံမှန်ဖြစ်ရပ်သာ ဖြစ်၏။

တိုက်ခိုက်သူများ ဒဏ်ရာမရသော၊ သေဆုံးခြင်းမရှိသော တိုက်ခိုက်မှုကသာ ထူးဆန်းသော အရာတစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော် မိစ္ဆာမျိုးနွယ်ဝင်များကို သတ်ဖြတ်လိုလျှင်မူ ထိုအရာက လွယ်ကူသောအရာတစ်ခု မဟုတ်ပေ။

မိစ္ဆာမျိုးနွယ်၏ အဓိက အရေးအကြီးဆုံး အရာမှာ မိစ္ဆာစိတ်ဝိညာဥ်ဖြစ်သည်။ မိစ္ဆာစိတ်ဝိညာဥ် အမြစ်ဖြုတ်သုတ်သင်ခံရခြင်း မရှိသရွေ့ သူတို့က အသက်ပြန်ရှင်နိုင်ပေ၏။

သို့ဖြစ်၍ မိစ္ဆာမျိုးနွယ်ဝင်များအကြားတွင် ခွန်အားကွာခြားချက် အလွန်ကြီးမားနေခြင်း မရှိလျှင် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာလေ့မရှိပေ။

မိသားစုအစောင့်များအားလုံးက ကြယ်နှစ်ပွင့် ပြည့်စုံခြင်းအဆင့် မိစ္ဆာဗိုလ်ချုပ်များ ဖြစ်ကြသည်။ အဆင့်တူသော မိစ္ဆာမျိုးနွယ်ဝင်ကို သတ်ဖြတ်ခြင်းက လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။

ဤသို့သော တွေ့ဆုံပွဲမျိုးကို ရောက်လာချိန်တွင် မိသားစုကြီးလေးခု၏ မျိုးဆက်များက လျှို့ဝှက်၍ ပြိုင်ဆိုင်နေခဲ့ကြသည်။ သူတို့ ခေါ်လာခဲ့သော မိသားစုအစောင့်များမှာလည်း ပုံမှန်အားဖြင့် သူတို့၏ မိသားစုအစောင့်များထဲမှ ထူးချွန်သူများ ဖြစ်ကြပေသည်။

ကြယ်နှစ်ပွင့် အလယ်အလတ်အဆင့် မိစ္ဆာဗိုလ်ချုပ်က ယီယွမ်တစ်ဦးတည်းသာ ဖြစ်ပေ၏။

ပစ်မှတ်ထားသော ရည်ရွယ်ချက်က သိသာထာင်ရှားလွန်းပေသည်။

ပြိုင်ပွဲက စုစုပေါင်း အဆင့်သုံးဆင့် ကျင်းပပေမည်။ အခြားသူများ၏ အမြင်တွင် ယီယွမ်ကဲ့သို့ အားနည်းသူတစ်ယောက်က အဆင့်သုံးဆင့်ကို ကျော်လွန်၍ အသက်ရှင်သန်နိုင်ရန် မျှော်လင့်ချက်မရှိလုနီးပါး ဖြစ်ပေသည်။

သူ၏ရုပ်ရည်ကို အမှီသဟဲပြု၍ ဧည့်သိုင်းပညာရှင်ရာထူးကို ရရှိထားခဲ့သော မိသားစုအစောင့်တစ်ယောက်က ခွန်အားမည်မျှအထိ ရှိနိုင်မည်နည်း။

"တောက်ပကြယ်… ခဏနေရင် မင်းတို့သုံးယောက် ကောင်းကောင်းကြိုးစားကြ… လူတိုင်းရဲ့ခွန်အားက တော်တော်လေးမြင့်မားတယ်ဆိုတာ ငါမြင်နေရတယ်… ဒါကြောင့် မင်းတို့က မြို့ပိုင်အရှင်သခင်ဂေဟာရဲ့ နာမည်ဂုဏ်သတင်းကို ကျဆင်းစေလို့မရဘူး….." ခါရှင်းက သူ၏ဘေးတွင်ရှိနေသော မိသားစုအစောင့်တစ်ယောက်ကို လေးနက်သော အဓိပ္ပာယ်ပါဝင်သည့် စကားတစ်ခွန်း ပြောဆိုလိုက်၏။

တောက်ပကြယ်က ခါရှင်း၏နောက်လိုက် ဖြစ်နေသည်မှာ အချိန်အလွန်ကြာမြင့်နေပြီဖြစ်၏။ ခါရှင်း၏ စကားအဓိပ္ပာယ်ကို နားမလည်ဘဲနေရန် မည်သို့ဖြစ်နိုင်မည်နည်း။

သူက ယီယွမ်နှင့် ဆုံတွေ့ရမည်ဆိုလျှင် သေချာပေါက် သတ်ပစ်ရမည်ဖြစ်သည်။

"သခင်လေး စိတ်အေးအေးထားပါ… တောက်ပကြယ်က အစွမ်းကုန်ထုတ်သုံးပြီး ကြိုးစားမှာပါ… သခင်လေး စိတ်မပျက်စေရပါဘူး….." တောက်ပကြယ်က အရိုအသေပေး၍ ပြောဆိုလိုက်၏။

အခြားတစ်ဖက်တွင် လီကျီက ယီယွမ်ကို တီးတိုးပြောဆိုခဲ့သည်။ "အစ်ကိုအမှောင်ည… တကယ်လို့ တိုက်ပွဲထဲမှာ သူတို့ရဲ့ ပြိုင်ဖက် မဟုတ်ဘူးဆိုရင် အရင်ဆုံး ချက်ချင်းအရှုံးပေးလိုက်နော်… အစ်ကိုကြီးဆီမှာ အစွမ်းထက်တဲ့လူတွေ ရှိနေသေးတယ်… ကျွန်မတို့ ဖန်းမိသားစုက မရှုံးပါဘူး….."

လီကျီက ယီယွမ် ချက်ချင်းသတ်ဖြတ်ခံရမည်ကို စိုးရိမ်ခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ ယီယွမ်က လန်ကဲကို သတ်ဖြတ်နိုင်ခဲ့ရာ သူ၏ခွန်အားအရ ကြယ်နှစ်ပွင့် ပြည့်စုံခြင်းအဆင့် သာမန်မိစ္ဆာဗိုလ်ချုပ်များကို ရှုံးနိမ့်တော့မည် မဟုတ်ပေ။

သို့သော် ရှေ့တွင်ရှိနေသော မိသားစုအစောင့်များက သာမန်သိုင်းပညာရှင်များ မဟုတ်ပေ။

လန်ကဲ၏ခွန်အားက သူတို့၏ရှေ့မှောက်တွင် မော့ကြည့်ရန်ပင် အဆင့်မမီပေ။

လီကျီက ယီယွမ်ကို ဧည့်သိုင်းပညာရှင်အဖြစ် ငှားခဲ့သော အကြောင်းပြချက်မှာ သူ၏ အလားအလာအပေါ် မျှော်လင့်ချက်ထားနေခဲ့၍ဖြစ်ပြီး သူ၏ လက်ရှိခွန်အားကို သဘောကျမိ၍မဟုတ်ပေ။

ယီယွမ်က ပြုံး၍ ပြောဆိုခဲ့သည်။ "လီကျီမိန်းကလေး… စိတ်ချပါ… အမှောင်ညက ဘာလုပ်ရမလဲဆိုတာ သိပါတယ်….."

……….

"ဒါတွေအားလုံးက အဲဒီသောက်အရှုပ်ထုပ်ကြောင့်ပဲ… ငါတို့က အဲဒီရတနာတွေကို မရနိုင်တော့ဘူး… ဒီကောင်စုတ်က ငါတို့ကို ဆွဲချနေလို့သာ မဟုတ်ဘူးဆိုရင် ငါတို့က သေချာပေါက် အနိုင်ရနိုင်တယ်….." လော့ချီက မုန်းတီးစွာ ပြောဆိုလိုက်၏။

"ကလေး… တကယ်လို့ မင်းမှာ ဘောတွေပါတယ်ဆိုရင် အနာဂတ်မှာ ငါတို့လက်ထဲ ရောက်မလာစေနဲ့… အဲဒီလိုမဟုတ်ဘူးဆိုရင် မင်းက အကျိုးဆက်ခံယူရလိမ့်မယ်….." ဖေးလန်က အံကြိတ်၍ ပြောဆိုခဲ့သည်။

ခြံဝင်းအတွင်း၌ အသေးစား လေ့ကျင့်ရေးကွင်းပြင်တစ်ခု ရှိပေ၏။ လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်လာပြီးနောက် လော့ချီနှင့်ဖေးလန်က ယီယွမ်ကို အပြစ်တင်နေခဲ့ကြသည်။

ယီယွမ်က သူတို့ကို တစ်ချက်ကြည့်၍ တည်ငြိမ်စွာ ပြောဆိုလိုက်၏။ "ခဏနေရင် မင်းတို့ကောင်တွေက ငါ့ကို ဆွဲချမသွားဖို့ပဲ မျှော်လင့်ပါတယ်….."

"မင်းကို ဆွဲချရမယ် ဟုတ်လား… ဟားဟားဟား… ဟာသပဲ… လီကျီမိန်းကလေးနဲ့ ရင်းနှီးနေလို့သာ မဟုတ်ဘူးဆိုရင် မင်းက ဒီနေရာမှာရပ်နေဖို့ အဆင့်မီလိမ့်မယ်လို့ ထင်နေတာလား….." လော့ချီက ရယ်မောလိုက်ပြီး အေးစက်စွာ ပြောဆိုခဲ့သည်။

ယီယွမ်က သူ့ကိုကြည့်၍ ပြောလိုက်၏။ "အရူး….."

"မင်းဘာပြောလိုက်တာလဲ….."

လော့ချီက ချက်ချင်းပင် ဒေါသပေါက်ကွဲသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဖေးလန်က အခြေအနေအချိန်အခါကိုသိသော အတွေးအချို့ ရှိနေခဲ့ပေသေး၏။ သူက လော့ချီကို ကပျာကယာ တားဆီး၍ ပြောဆိုလိုက်သည်။ "တော်ပြီ… တော်သင့်ပြီ… အခုက အငြင်းပွားနေသင့်တဲ့ အချိန်မဟုတ်ဘူး… ဘာမကျေနပ်တာတွေပဲရှိရှိ ပြန်သွားပြီးမှ အဲဒါကိုဖြေရှင်းကြ….."

လော့ချီက ယီယွမ်ကို တင်းမာစွာကြည့်၍ ပြောဆိုခဲ့၏။ "မှတ်ထားစမ်း… ငါတို့ပြန်ရောက်ပြီဆိုရင် မင်းက အဲဒီအကျိုးဆက်ကို ခံယူရလိမ့်မယ်… လီကျီမိန်းကလေးက မင်းကို ကာကွယ်ပေးထားလို့ မင်းက အထိန်းအကွပ်မဲ့ပြီး ကြိုက်သလိုလုပ်ခွင့်ရမယ်လို့ မင်းမထင်လိုက်နဲ့….."

အကျည်းတန်မြို့ကြီး၏ မိသားစုကြီးလေးခုက ခါမိသားစု၊ ယိုမိသားစု၊ မိုမိသားစုနှင့် ဖန်းမိသားစု ဖြစ်ပေသည်။

ပထမအဆင့်တွင် ဖန်းမိသားစု၏ ပြိုင်ဖက်က ယိုမိသားစုမှ ယိုနိုင်း၏ ဧည့်သိုင်းပညာရှင်များ ဖြစ်ပေသည်။

သူတို့သုံးယောက်က ဤမြင်ကွင်းကိုမြင်သော် သူတို့၏ မျက်လုံးများတွင် အထင်သေးသော အကြည့်များ ထွက်ပေါ်လာခဲ့ကြပြီး အသာအယာရယ်မော၍ ပြောဆိုခဲ့သည်။ "ဟဟ… ကံကောင်းနေတာပဲ… ဒီအရူးသုံးယောက်နဲ့ တွေ့ဆုံနေတယ်… ငါတို့နဲ့ မတိုက်ခိုက်ရသေးဘဲ သူတို့အချင်းချင်း အရင်ဆုံး တိုက်ခိုက်နေခဲ့ကြတယ်….."

"ဟားဟား… သခင်လေးယိုနိုင်းကလည်း လီကျီမိန်းကလေးကို ပိုးပန်းနေတဲ့လူတစ်ယောက်ပဲ… ဒီကောင်စုတ်လေးကို သေချာပေါက် သုတ်သင်ရှင်းလင်းဖို့ အခုလေးတင် သခင်လေးက ညွှန်ကြားခဲ့တယ်….."

"ဒီကလေးကို ငါနဲ့လွှဲထားခဲ့… ငါက သူ့ကို သေချာပေါက် ပို့ပေးလိုက်မယ်….."

"ဟမ့်… နာချီ… မင်းက လွယ်ကူတဲ့ပြိုင်ဖက်ကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ တကယ်သိတာပဲ… မြန်မြန်လှုပ်ရှားတော့… မြန်မြန်အဆုံးသတ်ပြီးတော့ မင်းအလုပ်ပြီးရင် ငါတို့ကို လာကူညီပေး….."

"ဟုတ်တယ်….."

သူတို့သုံးယောက်က သဘောတူညီမှုယူလိုက်ကြပြီး ယီယွမ်ကို သေလူအဖြစ် ချက်ချင်းသတ်မှတ်လိုက်၏။

လူသုံးယောက်ပြိုင်ပွဲ၏ စည်းမျဥ်းများအရ သုံးယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ခြင်းဖြစ်သည်။

အကယ်၍ တစ်ဖက်တွင် လူတစ်ယောက်က ရှုံးနိမ့်သွားခြင်း သို့မဟုတ် သေဆုံးသွားခြင်း ရှိလာခဲ့လျှင် အနိုင်ရရှိသူက အခြားနှစ်ယောက်နှင့် အုပ်စုဖွဲ့ပူးပေါင်း၍ နှစ်ယောက်တစ်ယောက် ရင်ဆိုင်တိုက်ခိုက်သော အခြေအနေ ဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် အနိုင်ရရှိသူ တစ်ဖွဲ့တည်းသာ ကျန်ရစ်မည်ဖြစ်သည်။

သို့ဖြစ်၍ ထူးထူးခြားခြား ပိုမိုသာလွန်နေသော ခွန်အားကို ပိုင်ဆိုင်ထားသည့် သိုင်းပညာရှင်တစ်ယောက် အဖွဲ့အတွင်း၌ ရှိနေခဲ့လျှင် သူတို့က အကြီးအကျယ် အသာစီးရရှိပေလိမ့်မည်။

နာချီက ယီယွမ်ကိုကြည့်၍ အထင်သေးသော အမူအရာဖြင့် ပြောဆိုခဲ့၏။ "အသိဝင်တော့ ကလေး… မင်းက အရှုံးပေးဖို့ အခွင့်အရေးတောင် ရမှာမဟုတ်တော့ဘူး….."

ယီယွမ်က ပြောစရာစကားမရှိတော့သည့်ပုံဖြင့် ဆွံ့အစွာ ပြောဆိုခဲ့၏။ "ဘာကြောင့် အရူးတွေ တော်တော်များနေရတာလဲ….."

"ဟမ့်… စကားပြောစွမ်းရည် ထက်မြက်တဲ့ကောင်လေးပဲ… ခဏနေရင် မင်းက ဘယ်လိုသေသွားမလဲဆိုတာ ကြည့်လိုက်တော့….." နာချီက အေးစက်စွာပြုံး၍ ပြောလိုက်သည်။

ယိုနိုင်းက ဤမြင်ကွင်းကို အလွန်စိတ်ဝင်စားနေဟန်ဖြင့် ကြည့်၍ သူ၏ဘေးတွင်ရှိနေသော ယိုတန်းကို ပြုံးပြလိုက်ပြီး ပြောဆိုခဲ့သည်။ "အစ်ကိုကြီး… ဒီကောင်စုတ်လေးက အဆင့်တိုင်းမှာ ချက်ချင်းအရှုံးပေးလိမ့်မယ်လို့ အစ်ကိုကြီးထင်လား….."

ယိုတန်းက ပြုံး၍ ပြောလိုက်၏။ "ခါရှင်းက သူ့ကို စင်မြင့်ပေါ်ကနေ အသက်ရှင်ရက် ဆင်းလာခွင့်ပေးမယ်လို့ မင်းကထင်နေတာလား….."

ယိုနိုင်း၏ အကြည့်က နက်မှောင်သွားခဲ့ပြီး ပြောဆိုလိုက်သည်။  "မစဥ်းစားတတ်တဲ့အပြင် အမြင်မရှိတဲ့ ကောင်လေးပဲ… လီကျီအပေါ်မှာ အတွေးရိုင်းတွေ ထားရဲတယ်ပေါ့… နာချီက သူ့ကို ချက်ချင်းအဆုံးသတ်ပေးဖို့ ငါမျှော်လင့်မိတယ်….."

"ပထမအဆင့်တိုက်ပွဲ စတင်ပြီ….." ထိုအချိန်တွင် မြို့ပိုင်အရှင်သခင်ဂေဟာ၏ အစောင့်တစ်ယောက်က အော်ပြောလိုက်သည်။

ဝှစ်…..

စကားသံအဆုံးတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်ကိုသာ မြင်လိုက်ရပေ၏။

နာချီ၏ ခန္ဓာကိုယ်က မူလနေရာတွင် ရပ်တည်နေဆဲဖြစ်ကြောင်း သိသာထင်ရှားသော်လည်း အေးစက်သော အလင်းတန်းက ယီယွမ်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့ပြီဖြစ်သည်။

ယိုနိုင်းက ထိုအခြေအနေကိုမြင်သော် ကျယ်လောင်စွာ ရယ်မောချင်စိတ်ကို ထိန်းမထားနိုင်ခဲ့ပေ။ "ဟားဟားဟား… သူက အားနည်းလွန်းတယ်… သိုင်းကွက်တစ်ကွက်တောင် မကာကွယ်နိူင်ဘူး… လီကျီ… မင်းရဲ့ ဧည့်သိုင်းပညာရှင်က တော်တော်အားနည်းလွန်းတာပဲ….."

သို့သော် အလွန်မြန်ဆန်စွာပင် ယိုနိုင်း၏ ရယ်မောသံက တစ်ဝက်တစ်ပျက် အနေအထားတွင် ရပ်တန့်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမှ သူနှင့်အတူ လိုက်လံရယ်မောခြင်းမရှိကြောင်း သူတွေ့ခဲ့ရသည့်အတွက်ပင် ဖြစ်၏။

သူတစ်ယောက်တည်း ရယ်မောနေခြင်းက အလွန်အမင်း ကိုးရိုးကားရားနိုင်ပေသည်။

ယိုနိုင်းက နားမလည်ခဲ့ပေ။ လေ့ကျင့်ရေးကွင်းပြင်သို့ နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ချိန်တွင် သူ၏အပြုံးက မျက်နှာပေါ်မှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ယီယွမ်နှင့် နာချီက မည်သည့်အချိန်တွင် နေရာပြောင်းလဲသွားခဲ့သည်ကို မသိနိုင်ပေ။

ယီယွမ်က လုံးဝမထိခိုက်ခဲ့ဘဲ အကောင်းအတိုင်း ရှိနေခဲ့၏။

"စော… စောစောက အရိပ်တစ်ခု ဖြစ်နေခဲ့တာလား….."

မျက်စိတစ်မှိတ်အချိန်အတွင်း လူနှစ်ယောက်က အမှန်တကယ် တည်နေရာ ပြောင်းလဲသွားခဲ့ကြသည်။

စောစောလေးမှ သူမြင်တွေ့ခဲ့ရသော အရာများက အရိပ်များသာ ဖြစ်နေခဲ့ကြောင်း ထိုအရာက ညွှန်ပြနေခဲ့၏။

နာချီကို ထည့်မတွက်လျှင်ပင် ယီယွမ်ကလည်း မည်သည့်အတွက် ထိုသို့ဖြစ်နေခဲ့သနည်း။

ယိုတန်းက သူ၏ညီလေးကို ကူရာကယ်ရာမဲ့နေသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချ၍ ပြောဆိုခဲ့သည်။ "မင်းကို ကြိုးကြိုးစားစား ကျင့်ကြံဖို့ ပြောနေတာ ကြာလှပြီ… ဒါပေမဲ့ မင်းက နားမထောင်ဘူး… အခုတော့ မင်းသိက္ခာကျပြီ မဟုတ်လား….."

ကံကောင်းထောက်မစွာဖြင့် လူတိုင်းက အံ့အားသင့်တုန်လှုပ်နေသော အခြေအနေတွင် ရှိနေခဲ့ပေ၏။

ကြယ်နှစ်ပွင့် အလယ်အလတ်အဆင့် မိစ္ဆာဗိုလ်ချုပ်တစ်ယောက်က ကြယ်နှစ်ပွင့် ပြည့်စုံခြင်းအဆင့် မိစ္ဆာဗိုလ်ချုပ်တစ်ယောက်၏ အမြန်နှုန်းကို အမှန်တကယ် အမီလိုက်နိုင်မည်ဟု လူတိုင်းက မျှော်လင့်မထားခဲ့ကြပေ။

ထို့ပြင် အမြန်နှုန်းက နာချီ၏ အားသာချက်ဖြစ်သည်။

ယိုနိုင်း၏ ခွန်အားက လူရှစ်ယောက်အုပ်စုတွင် အားအနည်းဆုံးဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူက ကြယ်နှစ်ပွင့် ပြည့်စုံခြင်းအဆင့် မိစ္ဆာဗိုလ်ချုပ်တစ်ယောက် ဖြစ်သည်။

သူကိုယ်တိုင်ပင် နာချီ၏ အမြန်နှုန်းကို အမီမလိုက်နိုင်သော်လည်း ယီယွမ်ကမူ အမီလိုက်နိုင်ခဲ့သည်။

"ကံကောင်းပြီး တိုက်ဆိုင်သွားတာလား….." ခါရှင်းက မျက်မှောင်ကုတ်၍ ပြောဆိုလိုက်၏။

သို့သော် လျန့်ဟွာ၏ မျက်နှာတွင် အပြုံးတစ်ခုရှိနေခဲ့ပြီး သူမက ပြောဆိုလိုက်သည်။ "ကျွတ်ကျွတ်… ကြည့်ရတာ တော်တော်စိတ်ဝင်စားစရာပဲ… ငါက ဒီမောင်လေးကို အရင်ကထက် ပိုပြီးတော့ စိတ်ဝင်စားလာပြီ….."

နာချီက သူ၏တိုက်ခိုက်မှု ကျရှုံးသွားခဲ့၍ မျက်နှာအမူအရာ အဆုံးစွန်အထိ တင်းမာနေခဲ့သည်။

"အံ့ဩစရာကောင်းတဲ့ ကောင်စုတ်လေး… ငရဲကို သွားလိုက်တော့….." နာချီက အော်ဟစ်လိုက်ပြီး ယီယွမ်ထံသို့ ပြေးဝင်လာခဲ့သည်။

Chapter 12 is coming…..

......

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 106

Chapter-12

(အိပ်ငိုက်နေတာ)

ဝှစ်… ဝှစ်… ဝှစ်…..

နာချီနှင့်ယီယွမ် လူနှစ်ယောက်၏ ခန္ဓာကိုယ်များက အလွန်မြန်ဆန်စွာ လှုပ်ရှားနေခဲ့ပြီး သူတို့၏ အမြန်နှုန်းက အဆုံးစွန်အထိ မြန်ဆန်နေခဲ့သည်။

ယိုနိုင်းက မျက်လုံးများ မူးနောက်လာသည်အထိ ထိုအရာကို ကြည့်နေခဲ့ပြီး အရိပ်များ တစ်ခုပြီးတစ်ခုက သူ၏တစ်ကိုယ်လုံးကို မူးနောက်စေသည်ဟုသာ ခံစားနေခဲ့ရ၏။

ယိုနိုင်းက အလိုလိုက်ခံထားရသော အစစ်အမှန် သူဌေးသားတစ်ယောက်နှင့် တူပေသည်။ သူက ကြယ်နှစ်ပွင့် ပြည့်စုံခြင်းအဆင့် မိစ္ဆာဗိုလ်ချုပ်တစ်ယောက်၏ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော်လည်း သူ၏ခွန်အားက အများကြီး နိမ့်ကျနေခဲ့ပေသည်။

သူ၏ အမြင်အာရုံစွမ်းအားက ထိုနှစ်ယောက်၏ အမြန်နှုန်းကို လိုက်မီနိုင်ခြင်းမရှိပေ။

နာချီက သူ၏လက်ကောက်ဝတ်များတွင် လက်သည်းနှစ်ခု တပ်ထားပေသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း လက်သည်းကုတ်ချက်တစ်ရာ ထွက်ပေါ်လာခဲ့၏။

သို့သော် အချိန်တိုင်းတွင် လက်သည်းကုတ်ချက်များက ယီယွမ်ကို ဖြတ်သန်းသွားခဲ့သည်။

အကြိမ်တိုင်းတွင် ပွတ်ကာသီကာ လွဲချော်နေခဲ့ပေ၏။

လက်သည်းကုတ်ချက်များက ယီယွမ်၏ အနီးပတ်ဝန်းကျင်ကို ကုတ်ဆွဲလာခဲ့သော်လည်း ယီယွမ်ကို မထိနိုင်ခဲ့ပေ။ ဤအရာက နာချီကို ရူးသွပ်လာစေခဲ့သည်။

"သောက်ကောင်လေး… မင်းမှာ အစွမ်းရှိတယ်ဆိုရင် တိုက်ခိုက်ကြည့်လေ… ရှောင်တိမ်းပုန်းအောင်းနေတာကို ဘယ်လိုစွမ်းရည်မျိုးလို့ သတ်မှတ်ရမှာလဲ….."

လေ့ကျင့်ရေးကွင်ပြင်တွင် နာချီ၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဒါက မင်းပြောတာနော်….." ယီယွမ်၏ ခန္ဓာကိုယ်က မြန်ဆန်စွာ ရွေ့လျားနေခဲ့သော်လည်း သူ၏လေသံတွင် မောဟိုက်သံမပါဘဲ တည်ငြိမ်နေခဲ့သည်။

"အမှိုက်ကောင်… ဟုတ်တယ် အဲဒါကို ငါပြောခဲ့တာပဲ… တကယ်လို့ မင်းမှာ အစွမ်းရှိတယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လေ… မင်းလို ကောင်ချောလေးတစ်ယောက်က ဘယ်လိုရှောင်တိမ်းရမလဲ ဆိုတာကိုပဲ သိတာလား….." နာချီက ဒေါသတကြီး ပြောဆိုလိုက်၏။

ရွှစ်…..

ထက်ရှသောဓားတစ်လက်က နာချီ၏ဦးခေါင်းကို ချက်ချင်းထွင်းဖောက်သွားခဲ့ပြီး သူ၏ မိစ္ဆာစိတ်ဝိညာဥ်ကို တစ်စစီပြိုကွဲသွားစေခဲ့သည်။

သူ၏အော်ဟစ်သံက ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။

"ငါတိုက်ခိုက်လိုက်တဲ့ အခိုက်အတန့်မှာ မင်းက သေသွားတာလေ….." နာချီ၏ အလောင်းကို ကြည့်နေရင်း ယီယွမ်က ကူရာကယ်ရာမဲ့စွာ ပြောဆိုလိုက်သည်။

"အရူး… သိုင်းကွက်တစ်ရာအထိ ထုတ်ဖော်တိုက်ခိုက်ခဲ့တာတောင် သူ့ရဲ့ ဝတ်ရုံလက်စကို မထိနိုင်ခဲ့ဘူး… ခွန်အားကွာခြားတာကို နားမလည်သေးဘဲနဲ့ တစ်ဖက်လူကို တိုက်ခိုက်လာစေချင်သေးတယ်… တကယ်သေလမ်းရှာတာပဲ….." ယိုတန်းက အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောခဲ့၏။

ယိုနိုင်းက နားမလည်နိုင်ဟန်ဖြင့် ပြောဆိုခဲ့သည်။ "ဘာ… ဘာဖြစ်သွားတာလဲ….."

သူ၏မျက်လုံးထဲတွင် နာချီက ယီယွမ်ကို အမြဲတမ်း ဖိနှိပ်ထားခဲ့ခြင်း ဖြစ်ပေသည်။

ဘာကြောင့် သူက ရုတ်တရက်ကြီး သေဆုံးသွားရတာလဲ…..

ခါရှင်း၏ မျက်နှာအမူအရာက နက်မှောင်သွားခဲ့ပြီး သူ၏မျက်လုံးထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ကာ သူက အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်း မည်သည့်စကားမှ မပြောခဲ့ပေ။

လီကျီ၏အကြည့်က စူးရှသွားခဲ့ပြီး ယစ်မူးမှု အရိပ်အယောင်တစ်ခုက သူမ၏မျက်လုံးထဲတွင် အမှန်တကယ် ဖြတ်ပြေးသွားခဲ့သည်။

ယီယွမ်၏ လှုပ်ရှားမှုတိုင်း၊ အပြုအမူတိုင်းက အဆုံးစွန်အထိ မိမိုက်နေခဲ့သည်။

ကြည့်ကောင်းခြင်း၊ ခွန်အားက ထိုမျှအထိ အစွမ်းထက်နေခြင်း အစရှိသဖြင့် အားနည်းချက်မရှိလုနီးပါးအထိ ပြည့်စုံနေခဲ့၏။

ယီယွမ်၏ ခွန်အားက ထိုမျှအထိ အလွန်မြင့်မားနေခဲ့မည်ဟု သူမကလည်း လုံးဝထင်မထားခဲ့ပေ။

ကြည့်ရသည်မှာ လန်ကဲကို သတ်ဖြတ်ခဲ့ချိန်၌ သူက ခွန်အားအပြည့်အဝ အသုံးပြုခဲ့ခြင်းမရှိပုံပေါ်ပေ၏။

"ဒီကလေးက တော်တော်သန်မာတယ်… ကြည့်ရတာ ငါတို့အားလုံးက သူ့ကို အထင်သေးမိခဲ့တာနဲ့ တူတယ်….."

"အစကတော့ သူတို့သုံးယောက်ထဲမှာ သူက အားအနည်းဆုံးလို့ ငါထင်ထားခဲ့တယ်… သူ့ရဲ့ခွန်အားက အမြင့်ဆုံးဖြစ်နေမယ်လို့ ငါတကယ်မျှော်လင့်မထားခဲ့ဘူး….."

"သူက ကြယ်နှစ်ပွင့် အလယ်အလတ်အဆင့် မိစ္ဆာဗိုလ်ချုပ်တစ်ယောက်ပဲ ဖြစ်နေသေးတာလေ… တကယ်မယုံနိုင်စရာပဲ….."

"အမ်… သူဘာလုပ်နေတာလဲ….."

………

လူတိုင်း၏ ရေရွတ်သံများအလယ်တွင် ယီယွမ်က သူ၏ဓားကိုပိုက်၍ ကွင်းပြင်၏ အစွန်းသို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားခဲ့ပြီး ထောင့်နေရာတစ်ခုကို ရှာဖွေ၍ သွားရောက်အိပ်စက်ခဲ့သည်။

လော့ချီနှင့်ဖေးလန်တို့နှစ်ဦးက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရသော အခြေအနေတစ်ခုသို့ ကျရောက်နေခဲ့သော်လည်း ယီယွမ်က အနိုင်ရခဲ့ကြောင်း သိရှိသွားခဲ့ကြပြီဖြစ်၏။

မူလတွင် ယီယွမ်က သူတို့ကို လာရောက်ကူညီပေးလိမ့်မည်ဟု သူတို့က ထင်ထားခဲ့သည်။ အဆုံးသတ်တွင် သူတို့၏ စိတ်အာရုံမှတစ်ဆင့် ယီယွမ်က အိပ်စက်ရန် အမှန်တကယ် သွားရောက်ခဲ့ကြောင်း သူတို့က တွေ့ရှိခဲ့၍ ချက်ချင်းပင် ဒွါရခုနစ်ပေါက်မှ အခိုးအငွေ့များ ထွက်လာလုနီးပါးဖြစ်သည်အထိ ဒေါသထွက်သွားခဲ့ကြ၏။

"လူရမ်းကားလေး… မြန်မြန်လာကူညီပေးစမ်း….."

"ဟေး… အမှောင်ည… မင်းက အဲဒီရတနာတွေကို မလိုချင်တော့ဘူးလား….."

သူတို့နှစ်ယောက်က စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်ခဲ့သည်။ သို့သော် သူတို့ကို ဖြေကြားလိုက်သည်မှာ
ယီယွမ်၏ ဟောက်သံပင် ဖြစ်၏။

ဒီကောင်က တကယ်အိပ်ပျော်သွားတာလား…..

ဟန်ဆောင်နေတာ အသေအချာပဲ…..

အရေးကြီးတဲ့ကိစ္စကို အရင်ဆုံး ဦးစားပေးရမယ်ဆိုတာ ဒီကောင်မသိဘူးလား…..

ရန်ငြိုးများ ရှိနေမည်ဆိုလျှင်ပင် ပြိုင်ဖက်ကို အနိုင်ယူပြီးမှ ထိုရန်ငြိုးကို ဖြေရှင်းသင့်ပေသည်။

ယိုနိုင်းဘက်တွင် ကျန်ရစ်နေခဲ့သော လူနှစ်ယောက်က မူလတွင် ယီယွမ်က အခြေအနေကို အခွင့်ကောင်းယူ၍ လာရောက်ကူညီပေးမည်ဟု ထင်ထားခဲ့၏။

အဆုံးသတ်တွင် ယီယွမ်က ထိုနေရာသို့သွား၍ အိပ်နေခဲ့ပြီး ဟောက်သံကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။

ပျော်စရာကိစ္စက ရုတ်တရက်ဆန်လွန်းစွာ ရောက်ရှိလာခဲ့၍ သူတို့၏ စိတ်ခံစားချက်များက အလွန်အမင်း လွှမ်းမိုးသွားခဲ့သည်။

အဖွဲ့တွင်းပဋိပက္ခများက အမှန်တကယ် ကောင်းလှပေ၏။

ဤသို့ဖြင့် သူတို့က ယီယွမ်ကို ပြဿနာသွားရှာသည်အထိ တုံးအကြလိမ့်မည် မဟုတ်သော်လည်း သူတို့က သူတို့၏ရှေ့မှောက်မှ ဤနှစ်ယောက်ကို မြန်နိုင်သမျှမြန်မြန် အဆုံးသတ်လိုခဲ့ကြသည်။

ဤနည်းဖြင့်ဆိုလျှင် သူတို့က နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရမည်ဖြစ်၍ သေချာပေါက် အနိုင်ရရှိပေလိမ့်မည်။

သို့ဖြစ်၍ သူတို့က တိုက်ခိုက်နေရင်း ပိုမိုတက်ကြွလာခဲ့ပြီး သတ်ဖြတ်ရန် ကြိုးစားလာခဲ့ကြ၍ လော့ချီနှင့်ဖေးလန်တို့နှစ်ဦးက ပျာယာခတ်လာခဲ့ပေ၏။

ကံကောင်းထောက်မစွာဖြင့် လော့ချီနှင့် ဖေးလန်တို့တွင် ခွန်အားအချို့ ရှိနေပေသေးသည်။ ခါးခါးသီးသီး တိုက်ခိုက်ခဲ့ကြရပြီးနောက် သူတို့နှစ်ယောက်စလုံးက သူတို့၏ပြိုင်ဖက်များကို ပွတ်ကာသီကာ အနိုင်ရရှိသွားခဲ့သည်။

ပထမအဆင့်ကို အန္တရာယ်များနှင့်အတူ အမှန်တကယ် ကျော်ဖြတ်ခဲ့ကြရ၏။

ပထမအဆင့် ပြီးဆုံးသွားပြီးနောက် လော့ချီက ဒေါသပေါက်ကွဲသွားခဲ့ပြီး ယီယွမ်၏ဘေးသို့ ဒေါသတကြီး ရောက်လာခဲ့ကာ ကြိမ်းမောင်းပြောဆိုခဲ့သည်။ "ကောင်လေး… ဒါက ဘာအဓိပ္ပာယ်လဲ… ငါတို့က ပြိုင်ဖက်ကို မြန်မြန်ဆန်ဆန် ရှင်းလင်းနိုင်တာ အသိသာကြီးဆိုပေမဲ့ မင်းက ဒီနေရာမှာ အိပ်နေပြီးတော့ ဟောက်သံအကျယ်ကြီး ထွက်နေခဲ့သေးတယ်….."

ယီယွမ်က မျက်လုံးဖွင့်ကြည့်လိုက်ပြီး အိပ်ချင်မူးတူးဖြစ်နေသော အမူအရာဖြင့် ပြောဆိုခဲ့၏။ "အမ်… ပြီးသွားပြီလား… စိတ်မကောင်းပါဘူး… မနေ့က အိပ်တာ နောက်ကျလွန်းသွားခဲ့လို့ ငါက အိပ်ငိုက်နေတာ….."

"ဟားဟားဟား……"

လူတိုင်းက ရယ်မောချင်စိတ်ကို ထိန်းမထားနိုင်ကြပေ။ ဤအကြောင်းပြချက်က အလွန်ဆိုးရွားလှပေသည်။

ကြယ်နှစ်ပွင့် မိစ္ဆာဗိုလ်ချုပ်အဆင့် သိုင်းပညာရှင်တစ်ယောက်က ဆယ်စုနှစ်တစ်ခုကြာအောင် မအိပ်စက်လျှင်ပင် ပြဿနာမရှိပေ။ သို့သော် ယီယွမ်က အိပ်ငိုက်နေသည်ဟု ပြောဆိုခဲ့၏။

လော့ချီ၏မျက်နှာတွင် ကြောက်စရာကောင်းသော အမူအရာတစ်ခု ရှိနေခဲ့ပြီး ဤတစ်ကြိမ်တွင်မူ ပုံပျက်ပန်းပျက်ဖြစ်လုနီးပါး အနေအထားသို့ ရောက်ရှိနေခဲ့သည်။

"မင်း….." လော့ချီက ရူးသွပ်လုနီးပါး ဖြစ်လာခဲ့၏။

ယီယွမ်က မတ်တတ်ထရပ်လိုက်ပြီး တဝါးဝါးသမ်းကာ အားမရသေးသော အမူအရာဖြင့် ပြောဆိုခဲ့သည်။ "အမ်… ဘယ်သူကမှ ကျုပ်ဆီကို ရောက်မလာဘူးဆိုတော့ ကျုပ်တို့က နိုင်သွားပြီလား… အာ… စီနီယာနှစ်ယောက်ရဲ့ ခွန်အားက တကယ်ကို မြင့်မားလွန်းပါတယ်… အမှောင်ညက လေးစားမိပါတယ်… နောက်ထပ်တိုက်ခိုက်ရမယ့် တိုက်ပွဲကို စီနီယာတို့နှစ်ယောက်အပေါ် မှီခိုရပါဦးမယ်….."

ထိုသို့ပြောရင်း ယီယွမ်က လက်သီးလက်ဝါးဆုပ်၍ အလွန်နှိမ့်ချသော အမူအရာတစ်ခုဖြင့် ပြောဆိုခဲ့ရာ သူတို့နှစ်ယောက်က ချက်ချင်းပင် သွေးအန်လုနီးပါးဖြစ်သွားသည်အထိ ဒေါသထွက်နေခဲ့ကြ၏။

ယီယွမ်၏ ရယ်စရာကောင်းသော အမူအရာကြောင့် လီကျီက တစ်ကိုယ်လုံး သိမ့်သိမ့်တုန်နေသည်အထိ ရယ်နေခဲ့၏။

မိစ္ဆာမျိုးနွယ် ယောက်ျားများအားလုံးက ခက်ထန်ကြမ်းတမ်းပြီး အထိန်းအကွပ်မဲ့ပေသည်။ ထို့ပြင် အချိန်တိုင်း လူသတ်ရန် ကြွေးကြော်နေခဲ့ကြ၏။ ယီယွမ်ကဲ့သို့ ဟာသအမြင်ရှိသောသူ မည်မျှအထိရှိနေနိုင်မည်နည်း။

ကြည့်ကောင်းခြင်း၊ ငယ်ရွယ်ခြင်း၊ အစွမ်းထက်သောခွန်အားအပြင် ဟာသဉာဏ်ရွှင်နေခဲ့သည်။

ထိုသို့သော ယောက်ျားတစ်ယောက်က မိစ္ဆာမျိုးနွယ် မိန်းမများအပေါ် အကြီးအကျယ် ဆွဲဆောင်နိုင်စွမ်းရှိသူ ဖြစ်ပေ၏။

လီကျီတစ်ဦးတည်းသာမကဘဲ လျန့်ဟွာ၏ ယီယွမ်ကို ကြည့်နေသော အကြည့်တွင် လီကျီနည်းတူပင် အလွန့်အလွန် ယစ်မူးနေခဲ့သော အမူအရာ ပေါ်လွင်နေခဲ့သည်။

ယီယွမ်က ဟာသလုပ်နေခဲ့ပြီးနောက် အခြားအဖွဲ့များ ယှဥ်ပြိုင်ရမည့်အလှည့်သို့ ရောက်ရှိလာခဲ့၏။

ခါရှင်း၏အသင်း ခွန်အားက အလွန်အစွမ်းထက်နေခဲ့ပြီး ပြိုင်ဖက်အဖွဲ့ကို ဖုန်မှုန့်များ လွင့်စင်သွားစေရန် လုပ်ဆောင်ရသကဲ့သို့ အလွယ်တကူ အဆုံးသတ်ပြီး အနိုင်ယူသွားခဲ့သည်။

ယိုတန်း၏အုပ်စုကလည်း လျန့်ဟွာ၏အုပ်စုကို အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်သော နေရာတစ်ခုကို ပိုင်ဆိုင်သွားခဲ့သည်။

ဖန်းယု၏အုပ်စုကလည်း မိုမိသားစု၏အုပ်စုကို အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံးလေးဖွဲ့အတွင်း ပါဝင်သွားနိုင်ခဲ့သည်။

ဤသို့ဖြင့် ဖန်းမိသားစုက နေရာနှစ်ခုပိုင်ဆိုင်သွားခဲ့ပြီး မိုမိသားစုကမူ တိုက်ရိုက်ထုတ်ပယ်ခံလိုက်ရ၏။

တိုက်ခိုက်ရမည့်အဖွဲ့များကို မဲနှိုက်ရွေးချယ်ကြရာတွင် ဖန်းမိသားစု မောင်နှမနှစ်ယောက်က ထိပ်တိုက်ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။ 

လီကျီက ကျေနပ်အားရနေသော အမူအရာဖြင့် ပြောဆိုလိုက်၏။ "အစ်ကိုကြီး… ငါ့လူတွေက သာမန်ဖြစ်လွန်းတယ်လို့ ပြောခဲ့တယ် မဟုတ်လား… အခုတော့ ငါတို့မောင်နှမက ထိပ်တိုက်ရင်ဆိုင်ရတော့မယ်….."

ယီယွမ်၏ ခွန်အားနှင့်ပတ်သက်၍ ဖန်းယုကလည်း အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

ယခုအချိန်မှသာ သူက သူ၏ညီမလေးကို အမှန်တကယ် အထင်လွဲမိခဲ့ပုံရကြောင်း ဖန်းယုက သိရှိသွားခဲ့သည်။

အမှောင်ညက ရုပ်ရည်ချောမောရုံသာမကဘဲ မြင့်မားသော ခွန်အားကိုပါ ပိုင်ဆိုင်ထားခဲ့၏။

သူ၏ရုပ်ရည်ကို မှီခို၍ ဧည့်သိုင်းပညာရှင်ရာထူးကို ရရှိခဲ့သည်ဟူသော ဆွေးနွေးပြောဆိုမှုက မှားယွင်းနေပုံရပေ၏။

"ဟဟ… ဒါဆိုရင် ငါတို့မောင်နှမ ယှဥ်ပြိုင်ကြတာပေါ့… ငါအရင်ဆုံးပြောထားဦးမယ်… သူတို့က အလျှော့ပေးကြမှာ မဟုတ်ဘူးနော်… ဒီပစ္စည်းတွေက တပ်မက်စရာကောင်းလွန်းတယ်… ငါက သူတို့ကို အလျှော့ပေးခိုင်းမယ်ဆိုရင်တောင် သူတို့က အဲဒါကို လက်ခံကြမှာ မဟုတ်ဘူး….." ဖန်းယုက ရယ်မောပြောဆိုလိုက်သည်။

လီကျီက ပြုံး၍ ပြောဆိုခဲ့၏။ "ကျွန်မအဖွဲ့ကလည်း အလျှော့ပေးမှာ မဟုတ်ပါဘူး….."

ဤအဆင့်တွင် ပထမဆုံး တိုက်ခိုက်ကြမည့်သူများက ခါရှင်း၏အဖွဲ့နှင့် ယိုတန်း၏အဖွဲ့ပင် ဖြစ်သည်။ ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပြီးနောက် ခါရှင်း၏ အဖွဲ့ကပင် ဆက်လက်အနိုင်ရရှိခဲ့သည်။

ဤကဲ့သို့သော တိုက်ပွဲတစ်ခုတွင် စမ်းသပ်မှုအကြီးမားဆုံး အရာက လူသုံးယောက်၏ ခွန်အားညီမျှမှုကိုပင် ဖြစ်သည်။

ခါရှင်း၏အုပ်စုမှ လူသုံးယောက်၏ခွန်အားက အလွန်တည်ငြိမ်နေခဲ့ပြီး လူအများကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည်။

မြို့ပိုင်အရှင်သခင်ဂေဟာ၏ အားသာချက်က အခြားမိသားစုကြီးသုံးခု ယှဥ်ပြိုင်နိုင်သောအရာမျိုး မဟုတ်ပေ။

အခြားအဖွဲ့နှစ်ခု တိုက်ခိုက်နေချိန်တွင် ဖေးခန်က လော့ချီကို တစ်ဖက်သို့ ဆွဲခေါ်၍ တီးတိုးပြောဆိုလိုက်သည်။ "ဒီအဆင့်မှာ သူက အိပ်နေရဲသေးတယ်ဆိုရင် ငါတို့က ချက်ချင်းအရှုံးပေးလိုက်ကြစို့… ဒီကောင်စုတ်က ငါတို့ကို ပရိယာယ်ဆင်နေတာ မဟုတ်ဘူးလား… ဒီတစ်ကြိမ်မှာတော့ ငါတို့က သူ့ကို ပရိယာယ်ဆင်ကြမယ်… သခင်လေးဖန်းယုရဲ့ လူသုံးယောက်က သဘောကောင်းတဲ့သူတွေ မဟုတ်ဘူး… ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အနိုင်မရနိုင်ဘူး… တကယ်လို့ အဲဒီကောင်စုတ်က ဉာဏ်ကောင်းမယ်ဆိုရင် ငါတို့က အနိုင်ရရှိဖို့ မျှော်လင့်ချက်ရှိသေးတယ်….." 

လော့ချီက ခေါင်းညိတ်၍ ပြောဆိုခဲ့သည်။ "ကောင်းပြီ… အဲဒီနည်းလမ်းအတိုင်း လုပ်ကြမယ်….."

Chapter 13 is coming…..

Continue Reading

You'll Also Like

239K 27.6K 200
(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီး...
132K 12K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
16.3K 1.4K 78
အကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု...
43.5K 3.6K 200
ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai...