ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part...

By Azure5549

17.3K 1.4K 8

ချင်ယန်ဇီဟာ သစ္စာဖောက်တွေလက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံး ပြီးဆုံးသွားပြီလို့ထင်ရပေမဲ့ တကယ်တမ်းမှာတော့... More

Book(80)Ch - 1095 - 1097
Ch 1098 - 1100
Ch 1101 - 1103
Book(81)Ch 1-3(or)Ch 1104 - 1106
Ch 1107 - 1109
Ch 1110 - 1112
Ch 1113 - 1115
Ch 1116 - 1118
Book(82)Ch1-3(or)Ch 1119 - 1121
Ch 1122 - 1124
Ch 1125 - 1127
Ch 1128 - 1130
Ch 1131 - 1133
Book(83)Ch 1-3(or)Ch 1134 - 1136
Ch 1137 - 1139
Ch 1140 - 1142
Ch 1143 - 1145
Ch 1146 - 1148
Book(84)Ch 1-3(or)Ch 1149 - 1151
Ch 1152 - 1154
Ch 1155 - 1157
Ch 1158 - 1160
Ch 1161 - 1163
Book(85)Ch 1-3(or)Ch 1164 - 1166
Ch 1167 - 1169
Ch 1170 - 1172
Ch 1174 - 1176
Ch 1177 - 1179
Book(86)Ch 1-3(or)Ch 1180 - 1182
Ch 1183 - 1185
Ch 1186 - 1188
Ch 1189 - 1191
Ch 1192 - 1194
Book(87)Ch 1-3(or)Ch 1195 - 1197
Ch 1198 - 1200
Ch 1201 - 1203
Ch 1204 - 1206
Ch 1207 - 1209
Book(88)Ch 1-3(or)Ch 1210 - 1212
Ch 1213 - 1215
Ch 1216 - 1218
Ch 1219 - 1221
Ch 1222 - 1224
Book(89)Ch 1-3(or)Ch 1225 - 1227
Ch 1228 - 1230
Ch 1231 - 1233
Ch 1234 - 1236
Ch 1237 - 1239
Book(90)Ch 1-3(or)Ch 1240 - 1242
Ch 1243 - 1245
Ch 1246 - 1248
Ch 1249 - 1251
Ch 1252 - 1255
Ch 1259 - 1261
Ch 1262 - 1264
Ch 1265- 1267
Ch 1268 - 1270
Book(92)Ch 1-2(or)Ch 1271 - 1273
Ch 1274 - 1276
Ch 1277 - 1279
Ch 1280 - 1282
Ch 1283 - 1285
Book(93)Ch 1-3(or)Ch 1286 - 1288
Ch 1289 - 1291
Ch 1292 - 1294
Ch 1295 - 1297
Ch 1298 - 1300
Book(94)Ch 1-3(or)Ch 1301 - 1303
Ch 1304 - 1306
Ch 1307 - 1309
Ch 1310 - 1312
Ch 1313 - 1315
Book(95) Ch1-3(or)Ch 1316 - 1318
Ch 1319 - 1321
Ch 1322 - 1324
Ch 1326 - 1328
Ch 1329 - 1331
Book(96)Ch 1-3(or)Ch 1332 - 1334
Ch 1335 - 1337
Ch 1338 - 1340
Ch 1341 - 1343
Ch 1344 - 1346
Book(97)Ch 1-3(or)Ch 1347 - 1349
Ch 1350 - 1352
Ch 1353 - 1356
Ch 1357 - 1359
Ch 1360 - 1362
Book(98)Ch 1-3(or)Ch 1363 - 1365
Ch 1366 - 1368
Ch 1369 - 1371
Ch 1372 - 1374
Ch 1375 - 1377
Book(99)Ch 1-3 (or) Ch 1378 - 1380
Ch 1381 - 1383
Ch 1384 - 1386
Ch 1387 - 1389
Ch 1390 - 1392
Book(100)Ch 1-3(or)Ch 1393 - 1395
Ch 1396 - 1398
Ch 1399 - 1401
Ch 1402 - 1404
Ch 1405 - 1407
Book(101)Ch 1 - 3(or)Ch 1408 - 1410
Ch 1411 - 1413
Ch 1414 - 1416
Ch 1417 - 1419
Ch 1420 - 1422
Book(102)Ch 1-3(or)Ch 1423 - 1425
Ch 1426 - 1428
Ch 1429 - 1431
Ch 1432 - 1434
Ch 1435 - 1437
Book (103)Ch 1-3(or)Ch 1438 - 1440
1441 - 1443
1444 - 1446
1447 - 1449
1450 - 1452
Book(104)Ch 1-3(or)Ch 1453 - 1455
Ch 1456 - 1458
1459 - 1461
1462 - 1464
1465 - 1467
up လေး ကြာနိုင်ပါတယ်နော်
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
Book (105) Ch 1 - 3 (or)Ch 1468 - 1470
1471 - 1473
1474 - 1476
1477 - 1479
1480 - 1482
Book 16 Ch 1483 - 1485 (or) Ch 1 - 3
1486 - 1488
1489 - 1491
1492 - 1494
1495 - 1497
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
Book 107 Ch 1 - 3 ( or ) Ch 1498 - 1500
1501 - 1503
1504 - 1506
1507 - 1509
1510 - 1512
Book (108) Ch 1 - 3 (or)Ch 1513 - 1515
Ch 1516 - 1518
Ch 1519 - 1521
Ch 1522 - 1524
Ch 1525 - 1527
Book (109) Ch 1 -3 (or) Ch 1528 - 1530
Ch 1531 - 1533
Ch 1534 - 1536
Ch 1537 - 1539
Ch 1540 - 1542
Book ( 110 ) Ch 1 - 3 ( or ) Ch 1543 - 1545
1546 - 1548
1549 - 1551
1552 - 1554
1555 - 1557
Book ( 111 ) Ch 1 - 3 ( or ) Ch 1558 - 1560
Ch 1561 - 1563
Ch 1564 - 1565
1566 - 1568
1569 - 1571
Book 112 , Ch 1 to 3 (or ) Ch 1752 - 1754
1755 - 1757
1758 - 1760
1761 - 1763
1764 - 1766
Book (113) Ch 1 - 3 (or) Ch 1767 - 1769
Ch 1770 - 1772
CH 1773 - 1775
Ch 1776 - 1778
Ch 1779 - 1781
Book (114) Ch 1 - 3 ( or )Ch 1782 - 1784
Ch 1785 - 1787
Ch 1788 - 1790
Ch 1791 - 1793
Ch 1794 - 1796
Book ( 115 ) Ch 1 to 5 ( or ) Ch 1797 - 1799

Book (91) Ch 1-3 (or) Ch 1256 - 1258

104 13 0
By Azure5549

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(91)

Chapter-1

(နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ စွမ်းအား)

ဤအဖိုးကြီးထွက်လာချိန်၌ အန္တရာယ်ကြီးမားသော အော်ရာအရှိန်အဝါတစ်ခုက သူ့အပေါ် လွှမ်းခြုံလာသည်ဟု ယီယွမ်က ခံစားခဲ့ရ၏။

ဤသို့သောခံစားချက်က ဖန့်ထျန်းကို မျက်နှာချင်းဆိုင်နေရချိန်၌ ခံစားခဲ့ရသော ခံစားချက်နှင့် တူညီပေသည်။

ဤအဖိုးကြီးက အလွန်စွမ်းအားကြီးသည်ဟူသော ခံစားချက်ကို ယီယွမ်က ခံစားလိုက်ရ၏။

အလွန်အင်အားကြီးပေသည်။

သို့ရာတွင် ဤလိုဏ်ဂူနှင့် ပိုမိုနီးကပ်လာချိန်တွင် ယီယွမ်၏ နှလုံးခုန်နှုန်းက ပိုမိုမြန်ဆန်လာခဲ့သည်။

ယခုအချိန်တွင် သူ၏နှလုံးသားက ခုန်ထွက်လာလုနီးပါး ဖြစ်နေသည်ဟု ယီယွမ်က ခံစားခဲ့ရ၏။

ဤသို့သော နှလုံးခုန်နှုန်းက အဖိုးကြီးကြောင့် ခံစားရသောခံစားချက်မျိုး  လုံးဝမဟုတ်ပေ။

"ယီယွမ်… မစော်ကားစမ်းနဲ့….."

ထိုအခိုက်အတန့်တွင် အောင်းလီနှင့် ကလန်လေးခု၏ အကြီးအကဲချုပ်များက အလျင်အမြန်ရောက်လာခဲ့သည်။

ယီယွမ်က သူတို့ကို အာရုံစိုက်ခြင်း လုံးဝမရှိခဲ့ပေ။ လက်ရှိအချိန်၌ သူက ထိုလိုဏ်ဂူအတွင်းသို့ ဝင်ရောက်လိုစိတ်သာ ရှိနေခဲ့ပေသည်။

"စီနီယာ… ကျွန်တော်က အနှောင့်အယှက်ပေးဖို့ ရည်ရွယ်ချက်မရှိပါဘူး… ကျွန်တော်က ဒီလိုဏ်ဂူထဲကို တစ်ချက်လောက်ပဲ ဝင်ကြည့်ချင်တာပါ… ခွင့်ပြုပေးနိုင်မလား….."

ယီယွမ်က သူ၏ခံစားချက်များကို ကြိုးစား၍ တည်ငြိမ်စေလိုက်ပြီး ညှိနှိုင်းပြောဆိုသည့်လေသံဖြင့် ထိုအဖိုးကြီးကို ပြောဆိုလိုက်၏။

"ဒီနေရာက ဒီအဖိုးကြီးရဲ့ ကျင့်ကြံတဲ့နေရာပဲ… အခြားအရာတွေ ဘာမှမရှိဘူး… ပြီးတော့ ဒီလိုမျိုးတောင်းဆိုတာက ရိုင်းစိုင်းတယ်လို့ မင်းမထင်ဘူးလား….." အဖိုးကြီးက အေးအေးဆေးဆေး ပြောဆိုလိုက်သည်။

ယီယွမ်က ထိုအကြောင်းကို တွေးမိလိုက်ပြီး ပြောဆိုခဲ့၏။ "ဒီအပြုအမူက တော်တော်လေး လွန်ကဲသွားတယ်ဆိုတာ ကျွန်တော်သိပါတယ်… ဒါပေမဲ့ ကျွန်တော့်မှာ အထဲကို ဝင်ကိုဝင်ရမယ့် အကြောင်းရင်းတစ်ခု ရှိနေပါတယ်… တကယ်လို့ အဲဒါက စီနီယာရဲ့ ပျူငှာမှုထက်  နည်းနည်းလောက် ပိုလွန်သွားမယ်ဆိုရင် ကျွန်တော်က ဒါပြီးသွားရင် လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်….."

ယခင်အတိတ်ဘဝနှင့် လက်ရှိဘဝ နှစ်ခုပေါင်း သက်တမ်းနှစ်ငါးရာကျော်အတွင်း နေရာတစ်ခုသို့ ဝင်ရောက်ရန် အသည်းအသန်ဆန္ဒရှိခြင်းမျိုး ယီယွမ်က တစ်ကြိမ်တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။

ဤလိုဏ်ဂူက သူနှင့် အကြီးအကျယ် ပတ်သက်နေမည်ဟု ယီယွမ်က သေချာသိနေခဲ့သည်။

"ဟာသပဲ… ဘိုးဘေးကြီးရဲ့ ကျင့်ကြံတဲ့နေရာကို မင်းက မလေးမစားပြုမူတာမျိုး ဘယ်လိုလုပ်ပြီးတော့ ခွင့်ပြုရမှာလဲ….." အောင်းလီက အေးစက်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။

ယီယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောဆိုခဲ့၏။ "ဒီနေရာမှာ ခင်ဗျားဝင်ပြောစရာ  ကိစ္စမရှိဘူး… ပါးစပ်ပိတ်ထား….."

"မင်း….." အောင်းလီက အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

ဘိုးဘေးကြီးက အောင်းလီကို စကားမပြောရန် လက်ပြတားဆီးလိုက်ပြီး ယီယွမ်ကိုကြည့်၍ အေးအေးဆေးဆေး ပြောဆိုခဲ့သည်။ "မိတ်ဆွေလေး… လိုဏ်ဂူထဲမှာ ငါတို့ သင်္ကေတလေးခု နတ်ဘုရားသားရဲကလန်တွေရဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်… မင်းက မိုးပြာရောင်နဂါး သွေးမျိုးဆက်ကိုပိုင်ဆိုင်ထားလို့ တုံ့ပြန်လာတာက ပုံမှန်ပဲ… တကယ်လို့ မင်းက နဂါးမျိုးနွယ်ကဆိုရင်တော့ ဒီအဖိုးကြီးက မင်းကို ဝင်ခွင့်ပြုဖို့ မဖြစ်နိုင်စရာမရှိဘူး… ဒါပေမဲ့ မင်းက လူသားတစ်ယောက်ဖြစ်နေတာ စိတ်မကောင်းစရာပဲ….." 

ယီယွမ်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။ ဘိုးဘေးကြီး၏ စကားများအရ ညှိနှိုင်းဆွေးနွေး၍ မရတော့ကြောင်း ထင်ရှားနေခဲ့သည်။ ထို့ပြင် ငြင်းပယ်မှုကလည်း အလွန်အမင်း ကျိုးကြောင်းသင့်ပေ၏။

သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိရသော်လည်း ယီယွမ်က အထဲသို့ ဝင်ရောက်လိုနေသေး၏။

ဤသို့ ပြင်းထန်လှသည့် စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြမှုကြောင့် ဘိုးဘေးကြီး၏ စကားများက အရာမထင်တော့ပေ။

ယီယွမ်၏ လက်ဝါးက လှုပ်ရှားသွားခဲ့ပြီး မီးတုတ်တစ်ချောင်းက သူ့လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

မီးတုတ်မှ ထွက်ပေါ်နေသော အစွမ်းထက်လှသည့် နဂါးမျိုးနွယ်ဖိအားက လူတိုင်းကို မျက်နှာအမူအရာ ပြောင်းလဲသွားစေခဲ့၏။

ယခုအချိန်တွင်မူ အမြဲတမ်း တည်ငြိမ်နေခဲ့သည့် ဘိုးဘေးကြီးက နောက်ဆုံးတွင် တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့ပြီဖြစ်၏။

"အထွတ်အမြတ် နဂါးတံဆိပ်… အတိတ်တုန်းက အဲဒါကို ဘိုးဘေးကြီးက ယူသွားပြီးတဲ့နောက်မှာ အဲဒါက နောက်တစ်ကြိမ် ထပ်ပြီးတော့ ထွက်ပေါ်မလာတော့ဘူး… အဲဒါက ဘယ်လိုလုပ်ပြီးတော့ မင်းလက်ထဲမှာ ပေါ်လာရတာလဲ….." ဘိုးဘေးကြီးက ထိတ်လန့်တုန်လှုပ်နေဟန်ဖြင့် ပြောဆိုလိုက်သည်။

"ကျွန်တော့်လက်ထဲမှာ ဘယ်လိုလုပ်ပြီးတော့ ရောက်နေတာလဲဆိုတာ အရေးမကြီးပါဘူး… သင်္ကေတလေးခု နတ်ဘုရားသားရဲကလန်တွေရဲ့ လျှို့ဝှက်ချက်တွေက ဒီလိုဏ်ဂူထဲမှာရှိနေတယ်လို့ ပြောခဲ့တယ်ဆိုတော့ အထွတ်အမြတ် နဂါးတံဆိပ်ကို အမှီသဟဲပြုပြီး ကျွန်တော်က  အထဲကို ဝင်ရောက်စစ်ဆေးဖို့ အဆင့်မီသွားပြီလားလို့ သိချင်မိပါတယ်….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုလိုက်သည်။

ဘိုးဘေးကြီး၏ မျက်နှာက အဆက်အပြတ် အရောင်ပြောင်းနေခဲ့သည်။ ယီယွမ်ထံတွင် ထိုသို့သော အထွတ်အမြတ်ပစ္စည်းတစ်ခု ရှိနေမည်ဟု သူက လုံးဝမျှော်လင့်မထားခဲ့ပေ။

အထွတ်အမြတ် နဂါးတံဆိပ်ကို မြင်တွေ့ခြင်းက ခေါင်းဆောင်ကြီးကို မြင်တွေ့ရသည်နှင့် အတူတူဖြစ်ပြီး သူကိုယ်တိုင်ပင် ဘိုးဘေးများ၏စည်းမျဥ်းကို  ဖီဆန်နိုင်ခြင်းမရှိပေ။

သို့ရာတွင် အောင်းလီနှင့် ကလန်လေးခု၏ အကြီးအကဲချုပ်များက နားမလည်သော အမူအရာများ ထွက်ပေါ်နေခဲ့ကြသည်။

အထွတ်အမြတ်နဂါးတံဆိပ်က သာမန်ပစ္စည်းတစ်ခု မဟုတ်ကြောင်း သူတို့အားလုံး သိရှိကြပေ၏။ သို့သော် သူတို့အားလုံးက နတ်သားရဲနယ်မြေ အတွင်း၌သာ ကြီးပြင်းခဲ့ကြသူများဖြစ်၍ အထွတ်အမြတ် နဂါးတံဆိပ်က ကိုယ်စားပြုနေသော အရေးပါမှုကို နားမလည်ခဲ့ကြပေ။

"ဘိုးဘေးကြီး… အဲဒီပစ္စည်းကဘာလဲ….." အောင်းလီက မေးမြန်းချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ။

ဘိုးဘေးကြီးကို သိသာထင်ရှားစွာ  စိတ်လှုပ်ရှားစေသော အရာတစ်ခုက သာမန်ပစ္စည်းတစ်ခု လုံးဝမဟုတ်နိုင်ပေ။

"အဲဒါက ငါတို့နဂါးမျိုးနွယ်ရဲ့ အန္တိမနတ်ဘုရားရတနာ, အထွတ်အမြတ် နဂါးတံဆိပ်ပဲ… နဂါးမျိုးနွယ်ရဲ့ 'ဘိုးဘေးများ၏စည်းမျဥ်း'မှာ ဒီတံဆိပ်ကို ပိုင်ဆိုင်တဲ့လူက နဂါးကလန်ရဲ့ အရှင်သခင်ပဲ….." ဘိုးဘေးကြီးက တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုလိုက်သည်။ 

ဘိုးဘေးကြီး၏ စကားများကြောင့် လူတိုင်းက မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ကြသည်။

အောင်းလီက အံ့အားသင့်သွားခဲ့ပြီး ယီယွမ်ထံသို့ တစ်ချက်ကြည့်၍ အံ့ဩစွာ ပြောဆိုလိုက်သည်။ "လူသားလေးတစ်ယောက်က နဂါးကလန်ရဲ့ အရှင်သခင်ဖြစ်လာတယ်ဆိုတာ ဘယ်လိုလုပ်ပြီးတော့ လက်ခံနိုင်ကြမှာလဲ….."

"ဟမ့်… လူသားလေးတစ်ယောက် ဟုတ်လား… ကျုပ်အစ်ကိုကြီးရဲ့ သွေးမျိုးဆက်က ခင်ဗျားတို့အားလုံးထက် သန့်စင်နေတာကို သူက ဘာအကြောင်းကြောင့်  အခြားသူတွေကို မသိမ်းသွင်းနိုင်ရမှာလဲ… နတ်ဘုရားနယ်မြေမှာ ကျုပ်အစ်ကိုကြီးက လူသားမျိုးနွယ်ရဲ့ အရှင်သခင်ဖြစ်နေပြီ… အထွတ်အမြတ် နဂါးတံဆိပ်က သူ့ရဲ့အရှင်သခင်ကို ရိုးရိုးရှင်းရှင်း  ရွေးချယ်ခဲ့တာ မဟုတ်မှန်း   ခင်ဗျားသိမှာမဟုတ်ဘူး… ကျုပ်အစ်ကိုကြီးက အထွတ်အမြတ် နဂါးတံဆိပ်ကို ခင်ဗျားဆီပေးလိုက်ရင်တောင် အဲဒါက ခင်ဗျားကို အရှင်သခင်အဖြစ်  အသိအမှတ်ပြုဖို့ လုံးဝမဖြစ်နိုင်ဘူး….." အလင်းဖြူက အထင်အမြင်သေးနေဟန်ဖြင့် ပြောဆိုလိုက်သည်။

အောင်းလီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူက ထိုစကားကို အတည်ပြုလိုသည့်ပုံဖြင့်  ဘိုးဘေးကြီးထံသို့ တစ်ချက်ကြည့်လိုက်၏။

ဘိုးဘေးကြီးက အလင်းဖြူ၏ စကားများကို ထောက်ခံပေးသည့်ပုံဖြင့် ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြလိုက်ပေသည်။

အောင်းလီက မျက်နှာပျက်သွားခဲ့သည်။ သူက ထိုအချက်ကို လက်သင့်ခံနိုင်စွမ်း လုံးဝမရှိခဲ့ပေ။

"စီနီယာ… အခု သံသယရှိနေသေးလား….." ယီယွမ်က ဘိုးဘေးကြီးထံသို့ စိုက်ကြည့်လိုက်သည်။

ဘိုးဘေးကြီးက အချိိန်အတန်ကြာ တိတ်ဆိတ်သွားပြီးမှ ဖြည်းဖြည်းချင်း ပြောဆိုလိုက်၏။ "မင်းက အထွတ်အမြတ် နဂါးတံဆိပ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိထားတယ်ဆိုတော့ ပုံမှန်ဆိုရင် ဒီအဖိုးကြီးကလဲ မင်းကို အရှင်သခင်အဖြစ် ခစားမှာပါ… ဒါပေမဲ့ ဒီလိုဏ်ဂူကိုတော့ မင်းဝင်လို့မရနိုင်ဘူး….."

ဘိုးဘေးကြီး၏ စကားများကြောင့် ယီယွမ်က မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။

အဖိုးကြီးက အထွတ်အမြတ် နဂါးတံဆိပ်ကိုပင် မျက်နှာသာမပေးဘဲနေမည်ဟု ယီယွမ်က လုံးဝထင်မထားခဲ့ပေ။

သို့သော် ထိုအရာကြောင့်ပင် လိုဏ်ဂူအတွင်း၌ လျှို့ဝှက်ချက်အချို့ရှိနေမည်ဟု ယီယွမ်က ပိုမိုသေချာလာခဲ့၏။

ယီယွမ်က အထွတ်အမြတ် နဂါးတံဆိပ်ကို သိမ်းဆည်း၍ အေးအေးဆေးဆေး ပြောဆိုလိုက်သည်။ "ကောင်းပြီ… ကျွန်တော်နားလည်သွားပြီ… ဒီလိုဆိုရင်တော့ ကျွန်တော်အပြစ်ပြုမိပါပြီ….."

စကားအဆုံးတွင် ယီယွမ်၏ခန္ဓာကိုယ်က မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

အကြီးစား တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်…..

သို့သော် ဤတစ်ကြိမ်တွင် သူ့ထက် ပိုမိုမြန်ဆန်နေသော တစ်စုံတစ်ယောက် ရှိနေခဲ့၏။

တစ်ချိန်တည်းတွင် ဘိုးဘေးကြီး၏ ခန္ဓာကိုယ်ကလည်း သူရှိနေသောနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ထိုအရာကလည်း တူညီသော အကြီးစား တည်နေရာရွှေ့ပြောင်းခြင်း ပညာရပ်ပင် ဖြစ်သည်။

ဘုန်း…..

မီးခတ်ကျောက်မှ မီးပွားတစ်ပွင့် လွင့်စင်သွားသောအချိန်အတွင်း၌ ယီယွမ်က ဘိုးဘေးကြီးနှင့် ဟင်းလင်းပြင်ထဲတွင် ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး သူ၏ခန္ဓာကိုယ်က ဟင်းလင်းပြင်ထဲမှ လွင့်စင်ထွက်လာခဲ့ကာ  ပေတစ်သောင်းအကွာအဝေးသို့ ရောက်ရှိသွားပြီးမှ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်ဆောင်သွားနိုင်ခဲ့သည်။

ဘိုးဘေးကြီး၏ခွန်အားက အမှန်တကယ်ပင် ကြောက်စရာကောင်းအောင် အစွမ်းထက်လှပေသည်။

သို့ရာတွင် ယီယွမ်၏ လိုဏ်ဂူထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်ထားမှုကို ဘိုးဘေးကြီးက တားဆီးနိုင်စွမ်းမရှိပေ။ ယီယွမ်က  သူ၏လက်ကိုမြှောက်၍ ရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်း လက်ဝါးကို ထုတ်ဖော်လိုက်သည်။

"နတ်ဘုရားအဆင့် နဂါးလှိုင်းသံကို အသက်ငယ်ငယ်လေးနဲ့ နားလည်တတ်မြောက်ထားတယ်ဆိုတော့ တကယ်ကို ထူးချွန်တဲ့သူတစ်ယောက်ပဲ… ဒါပေမဲ့ ဒီပညာရပ်ကို အသုံးပြုပြီးတော့ ဒီအဖိုးကြီးကို ရင်ဆိုင်မယ်ဆိုရင်တော့  မလုံလောက်သေးဘူး….."

ဘိုးဘေးကြီးက အသာအယာပြုံးလိုက်ပြီး ရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်း လက်ဝါးကို ထုတ်ဖော်လိုက်သည်။

ထိုလက်ဝါးချက် ထွက်ပေါ်လာချိန်တွင်
လက်ဝါးချက်၏စွမ်းအားကြောင့် ယီယွမ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ရသည်။

ဘုန်း…..

ထိပ်တိုက်ရင်ဆိုင်တွေ့ပြီးနောက် ယီယွမ်၏ခုခံကာကွယ်မှုက အလွန့်အလွန် အစွမ်းထက်နေသည့်တိုင် သူက တစ်ဖက်လူ၏ စွမ်းအားကြောင့် သွေးအန်သွားခဲ့ရပေသည်။

"ဒါက နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ ခွန်အားလား… နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးတွေက သူတို့ရဲ့ဂုဏ်သတင်းနဲ့ တကယ်ကို  ကောင်းကောင်းထိုက်ထန်တာပဲ… ဒီကောင်းကင်အောက်မှာ နတ်ဘုရားတာအို မရှိတော့တာ စိတ်မကောင်းစရာပဲ….."

ယီယွမ်က အေးစက်စက် ရယ်မော၍ ပြောဆိုခဲ့သည်။ မိစ္ဆာသုတ်သင်ခြင်းဓားကို ရုတ်တရက် ထုတ်ယူလိုက်၏။

"အမျက်ဒေါသဓား မီးကြာပန်း….."

ယီယွမ်၏ ဓားအသိက အကြီးအကျယ် အဆင့်မြင့်မားလာခဲ့ပေသည်။ ရဲရဲတောက်၏ သန့်စင်ခြင်းစန္ဒကူးကြာပန်း ထွတ်မြတ်မီးတောက်ကလည်း ယခင်အတိတ်ကနှင့် မတူတော့ပေ။

အမျက်ဒေါသဓား မီးကြာပန်းက ယခင်ကကဲ့သို့ စွမ်းအားမျိုး မဟုတ်တော့ပေ။

ထိုမြင်ကွင်းကိုမြင်သော် အောင်းလီ၏ မျက်နှာအမူအရာက အလွန်ရုပ်ဆိုးသွားခဲ့သည်။

ယီယွမ်က သူနှင့်တိုက်ခိုက်ချိန်၌ သူ၏ခွန်အားကို အပြည့်အဝ ထုတ်မသုံးခဲ့ကြောင်း ထင်ရှားနေခဲ့သည်။

အမျက်ဒေါသဓား မီးကြာပန်းက အဆင့်တက်လာပြီးနောက် နတ်ဘုရားအဆင့် ရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်း လက်ဝါးထက် အဆင့်တစ်ဆင့်မက ပိုမိုမြင့်မားသွားခဲ့သည်။

"သတိထားပါ ဘိုးဘေးကြီး….." အောင်းလီက အော်ဟစ်လိုက်၏။

ဘိုးဘေးကြီးက အစွမ်းထက်ကြောင်း သူသိထားသည့်တိုင် ယခုကဲ့သို့​ ကြောက်စရာကောင်းသော တိုက်ခိုက်မှုနှင့် ကြုံတွေ့ရချိန်တွင် ဘိုးဘေးကြီးက ကာကွယ်တားဆီးနိုင်ခြင်းရှိမရှိကို အောင်းလီက  သေချာသိနိုင်ခြင်းမရှိခဲ့ပေ။

သို့ရာတွင် ဘိုးဘေးကြီးက အသာအယာပြုံးလိုက်သည်။ ရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်း လက်ဝါးက နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့၏။

ဤလက်ဝါးချက်၏စွမ်းအားက ယခင်လက်ဝါးချက်ထက် ပိုမိုမြင့်မားနေခဲ့သည်။

ဘုန်း…..

နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံချိန်၌ ယီယွမ်က ထပ်မံလွင့်စင်သွားခဲ့ရသည်။

လက်ဝါးနှစ်ချက် ကြုံတွေ့ရပြီးနောက် ယီယွမ်က ဒဏ်ရာအများအပြား ရရှိနေခဲ့ပြီဖြစ်၏။

"စီနီယာရဲ့ နတ်တန်ခိုးရှင်အဆင့် ဥပဒေသတွေက အစွမ်းထက်လှပါတယ်… ကောင်းကင်ဘုံမြင်ယောင်ခြင်း နတ်တန်ခိုးရှင်အဆင့်ကို ရောက်ရှိဖို့ သိပ်မလိုတော့ဘူး မဟုတ်လား….." ယီယွမ်က ပြောဆိုလိုက်သည်။

ဘိုးဘေးကြီးက အသာအယာပြုံး၍ ပြောလိုက်၏။ "ဒီအဖိုးကြီး နတ်တန်ခိုးရှင်အဆင့်ကို တက်ရောက်ပြီး မကြာခင်မှာပဲ ဒီလောကကြီးရဲ့ ဥပဒေသတွေ ပျောက်ဆုံးသွားခဲ့တယ်… ဒီနှစ်တွေမှာ ဘာမှလုပ်စရာမရှိတော့ ငါက နတ်ဘုရားတာအို ဥပဒေသအချို့ကို နားလည်အောင် လေ့လာရုံပဲ တတ်နိုင်ခဲ့တယ်လေ… ဘယ်လိုလဲ… အထဲကို ဝင်ချင်နေတုန်းပဲလား….."

ယီယွမ်က အသက်ကို ဝဝရှူသွင်း၍ ပြောဆိုခဲ့သည်။ "နောက်ဆုံးတိုက်ကွက်ပဲ… တကယ်လို့ စီနီယာက အဲဒီအရာကို ခုခံနိုင်တယ်ဆိုရင် ကျွန်တော်က ဒီနေရာကနေ ပြန်သွားပါ့မယ်….."

"ဟားဟား… ဂျူနီယာ… မင်းက တော်တော်လေး သန်မာပါတယ်… ဒါပေမဲ့ မင်းက ဒီအဖိုးကြီးရဲ့ ပြိုင်ဖက်မဟုတ်သေးဘူး… ပြန်သွားလိုက်တော့… မင်းရဲ့ခွန်အားက မြင့်တက်လာပြီဆိုမှ ဒီအဖိုးကြီးကို နောက်တစ်ကြိမ် လာရှာရင်လည်း နောက်မကျသေးပါဘူး….." ဘိုးဘေးကြီးက သူ၏ခေါင်းကိုခါယမ်း၍ ရယ်မောပြောဆိုလိုက်သည်။ ယီယွမ်က သူ့ကို အနိုင်ရနိုင်မည်ဟု ဘိုးဘေးကြီးက  လုံးဝမထင်ထားကြောင်း ထင်ရှားနေခဲ့သည်။

Chapter 2 is coming…..

🐱🐱🐱🐱🐱

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 91

Chapter-2

(နယ်နှင်ကုန်းမြေ)

"ဂရား….."

ကမ္ဘာတုန်စေသော နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဘိုးဘေးကြီးက အကြီးအကျယ် မျက်နှာပျက်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ယီယွမ်၏ သိုင်းပညာရပ်ကို ဘိုးဘေးကြီးက သိရှိသွားခဲ့သည်။ သူ၏ နှလုံးသားထဲမှ အံ့အားသင့်တုန်လှုပ်မှုက ယခုအခြေအနေထက် ပိုမိုကြီးမားနိုင်မည်
မဟုတ်တော့ပေ။

သို့ရာတွင် လက်ရှိအချိန်၌ သူ့အတွက် အံ့အားသင့်နေရန် အချိန်မရှိပေ။ နဂါးနတ်ဘုရားဟိန်းသံကို သူ၏ခန္ဓာကိုယ်ပေါ်သို့ လွတ်လွတ်လပ်လပ် ကျဆင်းစေမည်ဆိုလျှင် သူ၏အိုမင်းနေသော အရိုးများပင် ကျန်ရစ်တော့မည် မဟုတ်ပေ။

ယီယွမ်ကို အံ့အားသင့်သွားစေသော အချက်မှာ ဘိုးဘေးကြီးက အခြားသူများကဲ့သို့ ပြန်လည်တုံ့ပြန်ရန် စွမ်းအားမရှိခြင်းမျိုး မဖြစ်ခဲ့သည့်အတွက်ပင် ဖြစ်သည်။

ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ဘိုးဘေးကြီး၏ တုန့်ပြန်မှုက အလွန့်အလွန် မြန်ဆန်နေခဲ့ပေသည်။

ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းတစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

ဤစွမ်းအင်လှိုင်းက နဂါးနတ်ဘုရားဟိန်းသံကို အပြင်ဘက်တွင်  သီးခြားခွဲထုတ်လိုက်ပေသည်။

"ဒါက… ဒါက နဂါးနတ်ဘုရားဟိန်းသံပဲ… သူက နဂါးနတ်ဘုရားဟိန်းသံကိုပါ သိနေတယ်… ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ….." အောင်းလီက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

နဂါးကလန်အတွက် နဂါးနတ်ဘုရားဟိန်းသံ၏ နာမည်ကျော်ကြားမှုက ရှေးခေတ်နှင့်ယခုခေတ်ကိုပင် ကျော်လွန်သော အောင်မြင်မှုဟု ပြောနိုင်ပေသည်။

ဤသိုင်းပညာရပ်က ပျောက်ဆုံးသွားပြီဖြစ်သည့်တိုင် နဂါးကလန်၏ အဖွဲ့သားအားလုံးက ထိုအရာ၏ စွမ်းအားကို ကောင်းစွာသိရှိကြပေသည်။

"နဂါးနတ်ဘုရားဟိန်းသံက ပျောက်ဆုံးသွားခဲ့တာ အချိန်တော်တော်ကြာနေပြီ မဟုတ်ဘူးလား… ဘာကြောင့် လူသားတစ်ယောက်က ငါတို့နဂါးမျိုးနွယ်ရဲ့ အန္တိမသိုင်းပညာရပ်ကို သိနေရတာလဲ….."

"မယုံနိုင်စရာကောင်းလွန်းတယ်… သူက နတ်ဘုရားအဆင့် ရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်း လက်ဝါးကို ထုတ်သုံးခဲ့ချိန်တုန်းက ငါ့ကို ထိတ်လန့်သွားစေခဲ့တယ်… အခုအချိန်မှာ သူက နဂါးနတ်ဘုရားဟိန်းသံကိုတောင် အသုံးပြုခဲ့မယ်လို့ ငါလုံးဝထင်မထားခဲ့ဘူး….."

"သူက တကယ်ပဲ လူသားတစ်ယောက် ဟုတ်ရဲ့လား… သူက ငါတို့ နဂါးမျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ယောက်လို့တောင် ငါသံသယဝင်မိတယ်… ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲလို့ ငါ့ကို ဘယ်သူပြောပြပေးနိုင်မလဲ….."

………

ပျောက်ဆုံးနေပြီဖြစ်သော သိုင်းပညာရပ်က ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ နဂါးကလန်၏ ထိတ်လန့်တုန်လှုပ်မှုကို တွေးကြည့်နိုင်ပေသည်။

နဂါးကလန်တစ်ခုတည်းသာ မဟုတ်ဘဲ အခြားကလန်သုံးခု၏ အကြီးအကဲများကလည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

သင်္ကေတလေးခု
နတ်ဘုရားသားရဲကလန်များ ဖြစ်ကြသည့်အတွက် နဂါးနတ်ဘုရားဟိန်းသံ၏ နာမည်ကျော်ကြားမှုကို သူတို့ကလည်း သိရှိကြပေသည်။

ဤသိုင်းပညာရပ်က လူသားတစ်ယောက်ထံတွင် အမှန်တကယ် ထွက်ပေါ်လာခဲ့မည်ဟု သူတို့က လုံးဝမျှော်လင့်မထားခဲ့ကြပေ။

အသက်ရှူချိန်တစ်ကြိမ်… အသက်ရှူချိန်နှစ်ကြိမ်…..

သူက ဘိုးဘေးကြီး၏ ခုခံကာကွယ်မှုကို မချိုးဖျက်နိုင်ခဲ့ကြောင်း ယီယွမ်က တွေ့ရှိခဲ့ရသည်။ ယီယွမ်က အံကိုတင်းတင်းကြိတ်၍ အသက်ရှူချိန်သုံးကြိမ်အထိ ထုတ်ဖော်ရန် ပြင်ဆင်လိုက်၏။

သို့သော် ထိုအခိုက်အတန့်တွင် လိုဏ်ဂူအတွင်းမှ ခံစားချက်များစွာပါဝင်သော  သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယီယွမ်၏ နှလုံးသားက ရုတ်တရက် တုန်ယင်သွားခဲ့ပြီး သူ၏ အသက်ရှူမှုက ချက်ချင်းပင်  ပြတ်တောက်သွားခဲ့သည်။ နဂါးနတ်ဘုရားဟိန်းသံက ရုတ်တရက် ရပ်တန့်သွားခဲ့၏။

"အစ်ကိုကြီးယွမ်….."

အသက်ရှူချိန်နှစ်ကြိမ် ကုန်ဆုံးသွားခဲ့ပြီဖြစ်၍ ယီယွမ်၏ ခန္ဓာကိုယ်က အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီး သူ့ကိုယ်သူ ထိန်းထားနိုင်စွမ်း မရှိတော့ပေ။ လီအာက ကပျာကယာပင် သူ့ကို လာရောက်တွဲထူပေးခဲ့သည်။

"ဝေါ့….."

ဘိုးဘေးကြီး၏ မျက်နှာက အလွန်အမင်း ဖြူဖျော့နေခဲ့ပြီး သွေးအန်သွားခဲ့သည်။

သူက အဆုံးသတ်တွင် နဂါးနတ်ဘုရားဟိန်းသံ၏ သက်ရောက်မှုကို အပြည့်အဝ ခုခံကာကွယ်နိုင်ခြင်း မရှိခဲ့ပေ။

"ဘိုးဘေးကြီး… အဆင်ပြေရဲ့လား….." ဘိုးဘေးကြီး သွေးအန်သွားသည်ကိုမြင်သော် အောင်းလီနှင့်အခြားလူများက ထိတ်လန့်တကြား ရေရွတ်လိုက်ကြ၏။

ဘိုးဘေးကြီးက သူ၏လက်ကို ခါယမ်းလိုက်ပြီး ယီယွမ်ထံသို့ လေးနက်စွာကြည့်၍ ပြောဆိုလိုက်သည်။ "ဒီအဖိုးကြီး နားလည်သွားပြီ… ဟားဟားဟား… ဒီအဖိုးကြီးရဲ့ မျက်လုံးတွေက တကယ်ကန်းနေခဲ့တာပဲ… ကျွင့်အာ… အဆုံးသတ်မှာတော့ မင်းက သူ့ကို တွေ့ဆုံရဦးမှာပဲ….."

စကားနောက်ဆုံးအပိုင်းကို ဘိုးဘေးကြီးက လိုဏ်ဂူအတွင်းသို့ တိုက်ရိုက်ပြောဆိုခဲ့ပေသည်။

"ဘိုးဘေး… သူ့ကို အထဲဝင်ခွင့်ပေးလိုက်ပါ….."

လိုဏ်ဂူအတွင်းမှ အမျိုးသမီးတစ်ယောက်၏ တည်ငြိမ်အေးဆေးသော စကားသံ ထွက်ပေါ်လာခဲ့သည်။

အောင်းလီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ လိုဏ်ဂူအတွင်း၌ ဘိုးဘေးကြီးအပြင် အခြားလူတစ်ယောက် ရှိနေသေးကြောင်း သူက လုံးဝမသိထားခဲ့ပေ။

ဤအသံကိုကြားသော် ယီယွမ်၏ တစ်ကိုယ်လုံးက မိုးကြိုးထိမှန်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။

ထိုအသံကို သူက အလွန်စိမ်းသက်နေခဲ့ကြောင်း သိသာထင်ရှားသော်လည်း ထိုအသံကို သူကြားလိုက်ချိန်တွင် အလွန်နွေးထွေးသည်ဟု ခံစားလိုက်ရ၏။

"ထားလိုက်တော့… ဒါဆိုရင် မင်းက အထဲကို ဝင်သွားလိုက်… ဒါပေမဲ့ မင်းတစ်ယောက်တည်းပဲ  ဝင်သွားလို့ရမယ်….." ဘိုးဘေးကြီးက အေးအေးဆေးဆေး ပြောဆိုလိုက်သည်။

ယီယွမ်က ခေါင်းညိတ်လိုက်ပြီး ကြိုးစားထရပ်၍ လိုဏ်ဂူအတွင်းသို့ ခက်ခက်ခဲခဲ လမ်းလျှောက်ဝင်သွားခဲ့သည်။

"ဘိုးဘေးကြီး… အထဲမှာရှိနေတာက….." အောင်းလီက မေးမြန်းချင်စိတ်ကို ထိန်းမထားနိုင်ခဲ့ပေ။

"အောင်းကျွင့်….." ဘိုးဘေးကြီးက ထိုကိစ္စကို ဖုံးကွယ်မထားခဲ့ဘဲ နာမည်တစ်ခုကို တိုက်ရိုက်ပြောဆိုလိုက်သည်။

အောင်းလီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ပြောဆိုလိုက်သည်။ "နဂါးပျိုအောင်းကျွင့်… သူမက… သူမက သေသွားပြီ မဟုတ်ဘူးလား….."

နတ်သားရဲနယ်မြေတွင် နှစ်ပေါင်းတစ်သိန်းအတွင်း အရည်အချင်းအရှိဆုံး ကလန်အဖွဲ့သားကို ပြောမည်ဆိုလျှင် သူ,အောင်းလီ လုံးဝမဟုတ်ပေ။ ထိုသူက နဂါးပျိုအောင်းကျွင့် ဖြစ်ပေသည်။

နဂါးပျိုအောင်းကျွင့်က နှစ်ပေါင်းတစ်ထောင်သာ အချိန်ယူခဲ့ပြီး အဆင့်(9) ပြည့်စုံခြင်းအဆင့်အထိ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ကာ  နတ်ဘုရားတာအို ဥပဒေသများကို နားလည်သဘောပေါက်ခဲ့သည်။

သူမ၏ ခွန်အားက သူ၏ လက်ရှိခွန်အားထက် အများကြီး ပိုမိုမြင့်မားပေသည်။

သို့ရာတွင် သူမက နတ်သားရဲနယ်မြေအတွင်း၌ ကန့်သတ်ခံထားရန် ဆန္ဒမရှိခဲ့ခြင်းက ဝမ်းနည်းစရာကောင်းပေသည်။ လွန်ခဲ့သော နှစ်ပေါင်း၈၀၀ကျော်တွင်  နတ်သားရဲနယ်မြေမှ သူမက ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး နတ်ဘုရားကျရှုံးခြင်းတောင်တန်း အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ထိုအချိန်မှစ၍ နတ်သားရဲနယ်မြေအတွင်းမှ ကလန်အဖွဲ့သားများက သူမကို နောက်တစ်ကြိမ် မြင်တွေ့ရခြင်း မရှိတော့ပေ။

ထိုအချိန်မှစ၍ ဘိုးဘေးကြီးက အောင်းလီကို လမ်းညွှန်သင်ကြားပေးရာတွင် အာရုံစိုက်ထားခဲ့ပြီး သူ့ကို လက်ရှိအဆင့်သို့ ရောက်ရှိအောင် ပြုစုပျိုးထောင်ပေးခဲ့ပေသည်။

သူမက ဘိုးဘေးကြီး ကျင့်ကြံသည့် လိုဏ်ဂူထဲတွင် တစ်ချိန်လုံးရှိနေခဲ့မည်ဟု အောင်းလီက လုံးဝမျှော်လင့်မထားခဲ့ပေ။

ဘိုးဘေးကြီးက သက်ပြင်းတစ်ချက်ချ၍ ပြောဆိုလိုက်သည်။ "ကိစ္စတွေကို စကားနည်းနည်းလောက်နဲ့ နားလည်အောင်ပြောပြဖို့ ခက်ခဲတယ်… ဒါပေမဲ့ သူမရဲ့သားက အလားအလာ တော်တော်လေးရှိနေတယ်ဆိုတာ မြင်လိုက်ရတဲ့အတွက် သူမက တော်တော်လေး စိတ်သက်သာရာရသွားလိမ့်မယ်….."

"သား… သားဟုတ်လား….." နဂါးကလန်အဖွဲ့သားများက အခြေအနေကို နားမလည်နိုင်ခဲ့ကြပေ။

"ဟုတ်တယ်… ယီယွမ်က အောင်းကျွင့်ရဲ့သားပဲ… လူသားတစ်ယောက်နဲ့ သူမရဲ့သား….." ဘိုးဘေးကြီးက ဖြည်းဖြည်းချင်း ပြောဆိုလိုက်သည်။

လီအာနှင့် အလင်းဖြူက အကြည့်ချင်းဆုံသွားခဲ့ကြပြီး တစ်ဖက်လူ၏မျက်လုံးထဲမှ ထိတ်လန့်တုန်လှုပ်မှုကို အသီးသီး မြင်လိုက်ရပေသည်။

ယီယွမ်က ထိုသို့သောနောက်ခံမျိုး ရှိနေခဲ့မည်ဟု သူတို့က လုံးဝမျှော်လင့်မထားခဲ့ကြပေ။

ယီယွမ်က ဤနေရာသို့ ဝင်ရောက်လာပြီးနောက် အလွန်ထူးဆန်းနေသည်မှာ အံ့ဩစရာမရှိတော့ပေ။

ထိုအချိန်တွင် ဘိုးဘေးကြီးက အလင်းဖြူကိုကြည့်၍ ကြင်နာစွာ ပြောဆိုလိုက်သည်။ "ငါခန့်မှန်းတာမမှားဘူးဆိုရင် မင်းက သားမွေးဖြူရဲ့ မျိုးဆက်မဟုတ်လား… မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ သူမရဲ့ အော်ရာအငွေ့အသက် ရှိနေတယ်… ပြီးပြည့်စုံသော ကျားဖြူခန္ဓာကိုယ်… မဆိုးဘူး… တော်တော်ကောင်းတယ်… ဟားဟား… အတိတ်တုန်းက အမှန်တကယ် တိုက်ခိုက်မယ့်အရာကို ဖုံးကွယ်ထားဖို့အတွက် သူမနဲ့ ကျွင့်အာရဲ့ လမ်းလွှဲတိုက်ခိုက်မှုက တကယ်ပြီးပြည့်စုံနေခဲ့တယ်… ဒီအဖိုးကြီးကိုတောင် လှည့်စားနိုင်ခဲ့တယ်… သူတို့ရဲ့ မျိုးဆက်တွေက တစ်ချိန်တည်းမှာ ကျိန်စာကို ချိုးဖျက်ထားနိုင်ခဲ့မယ်လို့ ဒီအဖိုးကြီးက တကယ်ထင်မထားခဲ့ဘူး… ဘယ်လောက်တောင် လွဲလိုက်သလဲကွာ….."  

စကားအဆုံးတွင် ဘိုးဘေးကြီးက သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောခဲ့သည်။

အလင်းဖြူက တုန်ယင်သွားခဲ့၏။ သူက ဓာတ်လိုက်သွားသည်နှင့်ပင် တူညီနေခဲ့၏။

"ဘိုးဘေးကြီး… ဘိုးဘေးကြီးရဲ့စကားက ဘာအဓိပ္ပာယ်လဲ….." အလင်းဖြူက တံတွေးမျိုချ၍ ပြောဆိုလိုက်သည်။

ဘိုးဘေးကြီးက ထိုင်ချလိုက်ပြီး နတ်သားရဲနယ်မြေ၏ လျှို့ဝှက်ချက်များအကြောင်း စတင်ပြောပြခဲ့သည်။

အလင်းဖြူက ဘိုးဘေးကြီး၏ စကားများကိုကြားသော် ကူရာကယ်ရာမဲ့စွာဖြင့် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ဤနေရာက နယ်နှင်ကုန်းမြေတစ်ခုဖြစ်သည်။

ဤနေရာရှိ ဒီမွန်းမျိုးနွယ်များက ဆိုးရွားသောအပြစ်တစ်ခုကို ကျူးလွန်ခဲ့ကြ၍ ဤနေရာသို့ နယ်နှင်ဒဏ်ပေးခြင်း ခံခဲ့ကြရပြီး နတ်ဘုရားနယ်မြေသို့ လုံးဝပြန်သွားခွင့်မရှိတော့ပေ။

ဤနေရာကို မဟာဘိုးဘေး နတ်ဘုရားသားရဲလေးကောင်က အတူလက်တွဲ၍ ခုတ်ဖွင့်ခဲ့ခြင်းဖြစ်ပြီး ကြောက်စရာကောင်းသော လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြု၍ ဤနေရာအပေါ် ကျိန်စာတစ်ခု တိုက်ထားခဲ့ကြသည်။

ဤနေရာသို့ နယ်နှင်ခံထားရသော ရာဇဝတ်သားအားလုံးက ဤနယ်မြေမှ ထွက်ခွာသွားသည်နှင့် သူတို့၏ အသက်အရွယ် အိုမင်းရင့်ရော်မှု  အလွန်မြန်ဆန်သွားပြီး သေဆုံးသွားရပေသည်။

ထို့ပြင် သူတို့၏ မျိုးဆက်များကလည်း ဤနယ်မြေမှ ထွက်ခွာသွားနိုင်ခြင်းမရှိပေ။

ဤအရာက အလွန်ကြောက်စရာကောင်းသော ကျိန်စာတစ်ခုဖြစ်ပြီး ပြောရမည်ဆိုလျှင် ခွင့်မလွှတ်နိုင်သော အပြစ်တစ်ခုကို ကျူးလွန်မိ၍ ဤနေရာသို့ နယ်နှင်ဒဏ်ပေးခံရသည်နှင့် သူတို့၏ မျိုးဆက်များကလည်း အပြင်လောက အလင်းရောင်ကို မည်သည့်အချိန်တွင်မှ မြင်တွေ့နိုင်မည် မဟုတ်တော့ပေ။

ဤနေရာက စိမ်းစိုသောတောင်များ၊ ကြည်လင်သောမြစ်များ ရှိနေပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းများ ရှိနေသည့်တိုင် အမှန်တကယ်တွင် ဧရာမအကျဥ်းထောင်ကြီးတစ်ခု ဖြစ်ပေသည်။

ဘိုးဘေးကြီးပြောသည့် စကားများအရ မမှတ်မိနိုင်တော့သော အချိန်ကာလမှစ၍ ဤနေရာမှ ထွက်ပြေးလိုခဲ့ကြသော ကလန်အဖွဲ့သားများ မည်မျှအထိများပြားသည်ကို နတ်ဘုရားမှသာ သိနိုင်ပေလိမ့်မည်။

သို့သော် သူတို့က အပြင်ထွက်သွားပြီးသည်နှင့် သူတို့က အလွန်မြန်ဆန်စွာ အိုမင်းရင့်ရော်လာခဲ့ပြီး သေဆုံးသွားခဲ့ကြပေ၏။

နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးများပင် ခြွင်းချက်မဟုတ်ခဲ့ပေ။

ဘိုးဘေးကြီးက ဤနေရာတွင်   နတ်တန်ခိုးရှင်အဆင့်သို့ နောက်ဆုံးတက်ရောက်လာခဲ့သော  ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။

မှန်ပေ၏။ မဟာဘိုးဘေးလေးယောက်က သူတို့ကို ထွက်ပေါက်မပေးဘဲ သေဆုံးစေရန် ချန်ထားရစ်ခဲ့ခြင်း မဟုတ်ပေ။ အလွန်သေးငယ်သော မျှော်လင့်ချက်တစ်ခု ချန်ထားပေးခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်က  နတ်သားရဲနယ်မြေအတွင်း၌ မူလဇာစ်မြစ် နတ်တန်ခိုးရှင်အဆင့်ကို တက်ရောက်သွားခြင်း၊ သို့မဟုတ် ပြီးပြည့်စုံသော နတ်သားရဲခန္ဓာကိုယ်  အဆင့်နှင့်အထက် ခန္ဓာကိုယ်ဖွဲ့စည်းပုံများကို မွေးထုတ်ပေးနိုင်ခဲ့လျှင် ကျိန်စာက အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်သည်။

အတိတ်တွင် အောင်းကျွင့်နှင့် အမွေးဖြူက ညီအစ်မအရင်းများသဖွယ် ရင်းနှီးကြသည်။ သူတို့နှစ်ယောက် ပူးပေါင်း၍ လှည့်စားတိုက်ခိုက်ပြီး ဤနယ်မြေမှ ထွက်ပြေးသွားခဲ့ကြပေ၏။

တစ်ယောက်က နတ်ဘုရားတားမြစ် ဒီမွန်းနယ်မြေကို ကျော်ဖြတ်၍ အဆုံးမဲ့ကမ္ဘာကြီးသို့ ထွက်ပြေးရောက်ရှိသွားခဲ့ပြီး အခြားတစ်ယောက်က နတ်ဘုရားကျရှုံးခြင်းတောင်တန်းသို့ ထွက်ပြေးရောက်ရှိသွားခဲ့သည်။

အတိတ်တွင် ဘိုးဘေးကြီးက အကြီးအကျယ် ဒေါသထွက်သွားခဲ့၍ မက်မွန်တောအုပ် ဝင်္ကပါအစီအရင်ကို ခင်းကျင်းခဲ့ခြင်းဖြစ်သည်။

အမွေးဖြူ၏ မျိုးဆက်များအနက် တစ်ယောက်က ပြီးပြည့်စုံသော ကျားဖြူခန္ဓာကိုယ်ကို အမှန်တကယ် မွေးထုတ်ပေးနိုင်ခဲ့မည်ဟု သူက လုံးဝမျှော်လင့်မထားခဲ့ပေ။

အောင်းကျွင့်၏သားကမူ ဒဏ္ဍာရီထဲမှ နဂါးဘိုးဘေးစိတ်ဝိညာဥ် ဖြစ်နေခဲ့သည်။

Chapter 3 is coming…..

🐱🐱🐱🐱🐱

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 91

Chapter-3

(နဂါးပျိုအောင်းကျွင့်)

မှုန်ဝါးဝါးမြင်နေရသော လိုဏ်ဂူကို ဝင်ရောက်လာချိန်တွင် ယီယွမ်က သူ၏ ခွန်အားအကုန်လုံးနီးပါး အသုံးပြုခဲ့သည်။

သူက အနက်ပိုင်းသို့ ပိုမိုရောက်ရှိလာလေ နှလုံးခုန်နှုန်းက ပိုမိုမြန်ဆန်လာလေဖြစ်၏။ သူ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်နေသော အအေးဓာတ်ကလည်း  ပိုမိုပြင်းထန်လာခဲ့ပေသည်။

စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြသမှုနောက်သို့ လိုက်ပါ၍ ယီယွမ်က လိုဏ်ဂူအဆုံးအထိ လျှောက်လာခဲ့သည်။

သူ၏မျက်စိရှေ့တွင် နက်ရှိုင်းသော ရေကန်တစ်ခု ရှိနေခဲ့ပြီး တစ်ချက်ကြည့်ရုံဖြင့် ရေကန်၏ အောက်ခြေကို မမြင်နိုင်ခဲ့ပေ။

ရေကန်မှ ထွက်လာသည့် အေးစက်သောလေက ယီယွမ်၏ နတ်ဘုရားစိတ်ဝိညာဥ်ကို အေးခဲလုနီးပါး ဖြစ်စေခဲ့သည်။

ထိုအရိုးခိုက်အောင် အေးစက်သော အငွေ့အသက်ကြောင့် ယီယွမ်က တုန်ယင်နေခဲ့သည်။

ယီယွမ်၏ အကြည့်က စူးရှသွားခဲ့ပြီး သူ၏နှုတ်မှ ရုတ်တရက် ရေရွတ်လိုက်သည်။ "ဒီဟာက… ထာဝရဆီးနှင်းရဲ့ အော်ရာအငွေ့အသက်ပဲ….."

"ဟုတ်တယ်… ဒီဟာက ထာဝရဆီးနှင်းပဲ… ကြည့်ရတာ မင်းက သူ့ရဲ့ ပညာတွေကို  အပြည့်အဝ အမွေဆက်ခံလာခဲ့တာနဲ့တူတယ်… ဒီလေအေးနဲ့တင် မင်းက ထာဝရဆီးနှင်းကို အတိအကျ ဖော်ထုတ်နိုင်ခဲ့တာပဲ….."

အေးစက်နေသော  အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအသံက အပြင်ဘက်တွင် ယီယွမ်ကြားခဲ့ရသော အသံပင် ဖြစ်သည်။

ထိုအသံက အလွန်တည်ငြိမ်အေးစက်နေသော်လည်း အနည်းငယ် တုန်ယင်နေသော စကားလုံးများက တစ်ဖက်လူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားနေမှုကို ထုတ်ဖော်ပြသနေခဲ့သည်။

ထာဝရဆီးနှင်းက မြောက်ပိုင်းအစွန်ဆုံး နယ်မြေများတွင်သာ ရှိပေသည်။ ထိုအရာက ရေဓာတ်ဆေးလုံးအချို့ကို ဖော်စပ်ရာတွင် အသုံးပြုသော ထိပ်တန်းအဆင့် ဆေးဖက်ဝင်ပစ္စည်းတစ်ခု ဖြစ်ပေသည်။

ဤအရာက အလွန့်အလွန် တန်ဖိုးကြီးပေသည်။ လက်သည်းခွံအရွယ် သေးငယ်သော  အစိတ်အပိုင်းတစ်ခုက မြို့ပေါင်းများစွာ တန်ကြေးရှိပေ၏။

ထိုအရာကို ထာဝရဆီးနှင်းဟု ခေါ်ဆိုခြင်းမှာ မီးတောက်မီးလျှံများဖြင့် မီးရှို့မည်ဆိုလျှင်ပင် အရည်ပျော်ခြင်း လုံးဝမရှိသည့်အတွက်ကြောင့် ဖြစ်ပေ၏။

တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် ပုံမှန်သိုင်းပညာရှင်များက ထာဝရဆီးနှင်းကို ထိမိသည်နှင့် သေဆုံးသွားရပေလိမ့်မည်။

ယခုကဲ့သို့ အေးစက်မှုအဆင့်ကို ရောက်ရှိနေသည့်အတွက် ဤရေကန်ထဲရှိ ထာဝရဆီးနှင်းက နည်းပါးမည်မဟုတ်ပေ။

"ခင်ဗျားက… ခင်ဗျားက ဘယ်သူလဲ….." ယီယွမ်က တံတွေးမျိုချ၍ မေးမြန်းလိုက်၏။

ထိုအမျိုးသမီးက စိတ်အားငယ်စွာ  သက်ပြင်းချ၍ ပြောဆိုခဲ့သည်။ "ယန်အာ… မင်းက အရွယ်ရောက်နေခဲ့ပြီပဲ….."

ယီယွမ်၏ တစ်ကိုယ်လုံးက တုန်ယင်သွားခဲ့သည်။ ထိုသက်ပြင်းချသံကိုကြားသော် ယီယွမ်က တစ်ဖက်လူကို ပွေ့ဖက်လိုစိတ်ပေါ်လာခဲ့၏။

"ဖြစ်နိုင်တာက… ခင်ဗျားက… ခင်ဗျားက….."

ယီယွမ်၏ အသက်ရှူသံက မြန်ဆန်လာခဲ့သည်။ အမှန်တကယ်တွင် သူ၏ စိတ်ထဲ၌ အစောကြီးကတည်းက အရိပ်အမြွက် သိရှိနေခဲ့ပြီဖြစ်သည်။ သို့သော် ထိုအရာကို  အတည်ပြုနိုင်မည့်အချိန်သို့ ရောက်ရှိလာချိန်တွင်မူ သူက စိတ်လှုပ်ရှားနေခဲ့ပြီး ပျာယာခတ်နေခဲ့ပေ၏။

သူက စိုးရိမ်နေခဲ့သည်။ သူက  တစ်ဖက်လူ ငြင်းဆန်လိုက်မည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်၏။ သူ၏ ပျော်ရွှင်မှုက ပျက်စီးသွားရမည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

သူ၏ အသိအမြင်တွင် "မိခင်"ဟူသော စကားလုံး မရှိခဲ့ပေ။

သူ၏အတိတ်ဘဝ နှစ်ပေါင်း၅၀၀ကျော်တွင် ကျိချင်ယန်နှင့်သူ၏ဖခင်က ကိစ္စတိုင်းတွင်  တစ်ယောက်နှင့်တစ်ယောက် အမြဲတမ်း မှီခိုအားထားနေခဲ့ကြသည်။ သားအဖနှစ်ယောက်တည်းသာ နေထိုင်ခဲ့ကြ၏။

ယခုဘဝတွင် သူမျက်စိဖွင့်လိုက်ပြီး ရန်ဟုန်လင်ကို မြင်တွေ့လိုက်ချိန်မှသာ ယီယွမ်က မိခင်မေတ္တာကို ခံစားခဲ့ရခြင်းဖြစ်သည်။

သို့ရာတွင် ဤမေတ္တာက သူပိုင်ဆိုင်သောအရာ မဟုတ်ဘဲ အစောကြီးကတည်းက သေဆုံးသွားခဲ့သည့် "ယီယွမ်" ပိုင်ဆိုင်သောအရာဖြစ်ကြောင်း သူသိနေခဲ့၏။

သူက မိခင်မေတ္တာကို "ယီယွမ်"ကိုယ်စား ခံစားနေခဲ့ခြင်းသာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူက ကျိချင်ယန်ဖြစ်နေခဲ့၏။

"ဟုတ်တယ်… ငါက မင်းရဲ့အမေပဲ….." အောင်းကျွင့်၏ အသံက ဖျော့တော့စွာ ထွက်ပေါ်လာခဲ့သည်။

ဤအဖြေကိုကြားသော် ယီယွမ်၏ ခံစားချက်များက အလွန်ရှုပ်ထွေးလာခဲ့သည်။

ပျော်ရွှင်မှု၊ တုံ့ဆိုင်းမှု၊ သံသယ၊ ဒေါသ အစရှိသော ခံစားချက်မျိုးစုံကို အတူတကွ ရောနှောခံစားနေခဲ့ရပြီး သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်လုမတတ် ခံစားနေခဲ့ရသည်။

သူ၏မိခင်က မည်သည့်အတွက်ကြောင့်  သူ၏အတိတ်ဘဝတွင် တစ်ကြိမ်တစ်ခါမျှပင်  ထွက်ပေါ်မလာခဲ့သည်ကို သူနားမလည်နိုင်ခဲ့ပေ။

ထို့ပြင် သူ၏ဖခင်က မိခင်အကြောင်းကို မည်သည့်အတွက်ကြောင့် တစ်ကြိမ်တစ်ခါမျှပင် မပြောပြခဲ့သည်ကို နားမလည်နိုင်ခဲ့ပေ။

သူ၏နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် မြှုပ်နှံထားခဲ့သော မေးခွန်းပေါင်းများစွာက လက်ရှိအခိုက်အတန့်၌ ပေါက်ကွဲထွက်လာခဲ့သော်လည်း စောစောလေးမှ စိတ်လှုပ်ရှားနေသောပုံစံက လုံးဝပျောက်ကွယ်သွားခဲ့သည်။

"ဘာ​လို့လဲ….."

စကားလုံးထောင်ပေါင်းများစွာက မေးခွန်းတစ်ခုတည်းအဖြစ် ပြောင်းလဲသွားခဲ့၏။

ယီယွမ်က နယ်နှင်ကုန်းမြေအကြောင်းကို  မသိခဲ့သည့်အပြင် အောင်းကျွင့်၏ အတိတ်အကြောင်းကိုလည်း မသိခဲ့ပေ။ 

ထို့ကြောင့် သူ့တွင် မိခင်ရှိနေကြောင်း သိလိုက်ချိန်၌ သူက ပို၍ပင်
မကျေမနပ်ဖြစ်သွားခဲ့သည်။

ပလောက်… ပလောက်…..

အေးစက်သောရေကန်ထဲတွင် ပူဖောင်းများ ထွက်ပေါ်လာခဲ့၏။ ရေကန်ထဲမှ နဂါးခေါင်းတစ်လုံး  ထွက်လာခဲ့ပြီး ယီယွမ်ကို နွေးထွေးစွာ စိုက်ကြည့်နေခဲ့သည်။

မျက်လုံးနှစ်စုံက အကြည့်ချင်းဆုံနေခဲ့ကြပြီး မျက်လုံးတစ်စုံတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့ကာ အခြားမျက်လုံးတစ်စုံတွင် ကြင်နာသော မေတ္တာတရား ပါဝင်နေခဲ့သည်။

ယီယွမ်က နဂါးမျိုးနွယ်အကြောင်း ကောင်းစွာသိရှိပေ၏။ သူ၏ရှေ့မှ မိုးပြာရောင်နဂါးက အိုမင်းရင့်ရော်ပြီး ချည့်နဲ့နေခဲ့ပြီဖြစ်သည်။ ထိုနဂါး၏ သက်တမ်းက အဆုံးသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။

ထို့ပြင် နဂါးမျိုးနွယ်က များသောအားဖြင့် လူသားပုံစံ၌သာ နေထိုင်ကြလေ့ရှိသည်။ ဒီမွန်းစွမ်းအင်က လူသားပုံစံကို ထိန်းသိမ်းရန် မလုံလောက်ချိန်မှသာ သူတို့၏ မူလပုံစံဖြင့် နေထိုင်ကြလေ့ရှိသည်။

သူ၏မျက်စိရှေ့ရှိ
အိုမင်းရင့်ရော်နေသော မိုးပြာရောင်နဂါးက သူ၏မိခင် ဖြစ်နေခဲ့သည်။

သူ၏အတိတ်ဘဝ နှစ်ပေါင်း၅၀၀ကို ထည့်တွက်လိုက်လျှင်ပင် သူမွေးဖွားလာသည့်အချိန်က နှစ်ပေါင်း၆၀၀ မပြည့်သေးပေ။

နှစ်ပေါင်း၆၀၀အချိန်အတွင်း သူ၏မိခင်က ယခုကဲ့သို့ အခြေအနေမျိုးအထိ အိုမင်းရင့်ရော်နေရန် မည်သို့ဖြစ်နိုင်မည်နည်း။

"ယန်အာ… ဒါတွေအားလုံးက အမေ့အမှားတွေပါ… အမေက မင်းကို မွေးဖွားပေးခဲ့ပေမဲ့ တစ်ရက်ကလေးတောင် ဂရုမစိုက်ပေးနိုင်ခဲ့ဘူး… ဒါပေမဲ့ ဒီနှစ်ပေါင်း၅၀၀ကျော် အချိန်အတွင်းမှာ အမေက မင်းအကြောင်းကို အမြဲတမ်း တွေးနေခဲ့တာပါ….."

အောင်းကျွင့်၏ အသံက အမြဲတမ်း တည်ငြိမ်အေးဆေးနေခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ သူမ၏ အသံက တုန်ယင်နေခဲ့သည်။ နဂါးမျက်လုံးအစုံမှ မျက်ရည်များ စီးကျလာခဲ့၏။

ထိုအခိုက်အတန့်၌ အောင်းကျွင့်၏ အော်ရာအရှိန်အဝါက အလွန်အမင်း အားနည်းသွားခဲ့သည်။

အောင်းကျွင့်၏ အနည်းငယ်မျှသာ ကျန်ရစ်တော့သည့် အသက်ဓာတ်က ရုတ်တရက်ပင် ပမာဏတစ်ခုအထိ ပျောက်ကွယ်သွားခဲ့ကြောင်း ယီယွမ်က ထင်ထင်ရှားရှား အာရုံခံမိခဲ့ပေ၏။

ထိုတွေ့ရှိမှုကြောင့် ယီယွမ်က အလိုအလျောက်ပင် ထိတ်လန့်သွားခဲ့သည်။

"ဒါက… ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ….." ယီယွမ်က ထိတ်လန့်တုန်လှုပ်စွာ မေးမြန်းလိုက်၏။

တစ်ဖက်လူ၏ အသက်ဓာတ်စွမ်းအားက အများကြီး မကျန်တော့ကြောင်း သူပြောနိုင်သော်လည်း သူမ၏ စိတ်ခံစားချက်က အနည်းငယ် မတည်မငြိမ်ဖြစ်မိသည်နှင့် အသက်ဓာတ် အများအပြားကို  ဆုတ်ယုတ်သွားစေခဲ့၏။

ယီယွမ်၏ မှော်ဆေးပညာတာအိုက ကောင်းကင်၏အလိုကို ဆန့်ကျင်နေသည်အထိ အစွမ်းထက်လှသော်လည်း သူက ယခုကဲ့သို့ အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှပင် မကြုံတွေ့ဖူးခဲ့ပေ။

နဂါးမျက်လုံးများမှ မျက်ရည်များ စီးကျနေဆဲဖြစ်သည်။ သို့သော် အောင်းကျွင့်က စိတ်သက်သာရာရဟန်ဖြင့် ပြောဆိုလိုက်၏။ "အဆင်ပြေပါတယ်… မင်းကို အမေက နောက်တစ်ကြိမ် ထပ်မြင်တွေ့ခဲ့ရလို့ အခုချက်ချင်း သေသွားရမယ်ဆိုရင်တောင် အမေက နောင်တရမိမှာ မဟုတ်ဘူး… မင်းအဖေရော အဆင်ပြေရဲ့လား….."

"သူက… သူက တော်တော်လေး အဆင်ပြေနေပါတယ်….."

ယီယွမ်က အမှန်တရားကို ထုတ်ပြောမိလုနီးပါး  ဖြစ်သွားခဲ့သည်။ သို့သော် အောင်းကျွင့်က ခံစားချက် မတည်မငြိမ်ဖြစ်မှုကို လက်ခံနိုင်စွမ်းမရှိကြောင်း ရုတ်တရက် သတိရမိလိုက်၍ သူ၏စကားများကို ပြောင်းလဲပစ်ခဲ့သည်။

လက်ရှိအချိန်တွင် အောင်းကျွင့်၏ ခံစားချက်များက ပြန်လည်တည်ငြိမ်သွားခဲ့ပြီဖြစ်ပြီး သူမက ထပ်မံမေးမြန်းလိုက်သည်။ "ဖြစ်နိုင်တာက… မင်းအဖေက ဒုက္ခတွေ့နေလို့လား….."

ယီယွမ်၏ စောစောလေးမှ စကားပြောဆိုမှု အနည်းငယ်ရပ်တန့်ခဲ့ခြင်း​က  အောင်းကျွင့်ကို ဆိုးရွားသော ခံစားချက်တစ်ခု ခံစားစေခဲ့ရကြောင်း သိသာထင်ရှားပေသည်။

ယီယွမ်က သူ၏ခေါင်းကိုခါယမ်း၍ ပြောဆိုလိုက်သည်။ "အဖေ့ရဲ့အိပ်မက်က ကြီးမားလွန်းတဲ့အတွက် ဆေးဖော်စပ်တဲ့နေရာမှာ အခက်အခဲအချို့နဲ့ ကြုံတွေ့နေရတာပါ… သူ့ရဲ့ခွန်အားနဲ့ဆိုရင် သူ့ကို ဒုက္ခတွေ့အောင်လုပ်နိုင်တဲ့ အရာမျိုး မွေးဖွားမလာသေးပါဘူး….."

အောင်းကျွင့်က ထိုအကြောင်းကို စဥ်းစား၍ ပြောဆိုခဲ့၏။ "အဲဒါ အမှန်ပဲ….."

ယီယွမ်က အောင်းကျွင့်ကို ကြည့်၍ မေးမြန်းလိုက်သည်။ "ဘာတွေဖြစ်နေတာလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးလို့ရမလား….."

အောင်းကျွင့်က သက်ပြင်းဖွဖွချ၍ နယ်နှင်ကုန်းမြေ၏ ကျိန်စာအကြောင်း ပြောပြခဲ့သည်။

ထိုအကြောင်းကိုကြားသော် ယီယွမ်က မယုံကြည်နိုင်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရပြီး အံ့အားသင့်တုန်လှုပ်နေခဲ့၏။ ထိုအချိန်မှသာ သူ၏မိခင်က မည်သည့်အတွက်ကြောင့်  သူနှင့်သူ့ဖခင်ကို စွန့်ခွာသွားခဲ့သည်ကို သူက နားလည်သွားခဲ့ပေ၏။

သူက နဂါးဘိုးဘေးစိတ်ဝိညာဥ်ကို မည်သည့်အတွက်ကြောင့် ပိုင်ဆိုင်ထားခဲ့ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့ပြီဖြစ်သည်။

သူ၏ခန္ဓာကိုယ်က  နဂါးမျိုးနွယ်၏ သွေးမျိုးဆက် တစ်ဝက်တိတိ ပိုင်ဆိုင်ထားခဲ့ပေသည်။

"အမေ… တောင်း… တောင်းပန်ပါတယ်….." အဖြစ်အပျက်များကို သေသေချာချာ နားလည်သွားခဲ့​ပြီးနောက် ယီယွမ်က တောင်းပန်လိုက်သည်။

"တုံးအတဲ့ကလေး… တောင်းပန်သင့်တဲ့သူက အမေပါ… အမေက မိခင်တစ်ယောက်ရဲ့တာဝန်ကို တစ်ရက်လေးတောင် မကျေပွန်ပေးနိုင်ခဲ့ဘူး… ဒီနှစ်တွေမှာ မင်းနဲ့မင်းအဖေက  တော်တော်လေး ပင်ပန်းခဲ့ရမှာပဲ….." အောင်းကျွင့်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

"ဒါက အမေ့အမှား မဟုတ်ပါဘူး… အမေ… ဒီကျိန်စာသင့်နေတဲ့ကုန်းမြေကို ဖြေရှင်းဖို့အတွက် နည်းလမ်းလုံးဝမရှိဘူးလား….."

အောင်းကျွင့်က သူမ၏ခေါင်းကိုခါယမ်း၍ ပြောဆိုလိုက်သည်။ "မဟာဘိုးဘေး ပြန်ပြီးအသက်ရှင်လာတာ မဟုတ်ရင် ဖြေရှင်းလို့မရနိူင်တော့ဘူးလို့ ပြောလို့ရတယ်… ငါတို့နဂါးမျိုးနွယ်ရဲ့ မဟာဘိုးဘေးနောက်မှာ ဘယ်သူကမှ သူ့ရဲ့အဆင့်ကို မရောက်နိုင်ခဲ့ဘူး… ပြီးတော့ အခုအချိန်မှာ နတ်ဘုရားနယ်မြေက မိုးကောင်းကင်တာအို မပြည့်စုံတော့ဘူးဆိုတော့ နတ်တန်ခိုးရှင်အဆင့်ကို တက်ရောက်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး… ဘိုးဘေးကြီးတောင် နတ်တစ်ပိုင်းအဆင့်မှာ ဖိနှိပ်ခံထားရတယ်….."

သို့သော် ထိုစကားများကို ကြားလိုက်ချိန်တွင် ယီယွမ်၏ မျက်လုံးများက ဝင်းလက်သွားခဲ့ပြီး ပြောဆိုလိုက်သည်။ "ကျွန်တော်က နဂါးဘိုးဘေးစိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားပါတယ်… တစ်စုံတစ်ယောက်က နဂါးဘိုးဘေးစိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားပြီဆိုရင် မဟာဘိုးဘေးရဲ့အဆင့်ကို ရောက်ရှိနိုင်စွမ်းရှိတယ်လို့ ပြောကြတယ်မဟုတ်လား… ကျွန်တော်က နတ်တန်ခိုးရှင်အဆင့်ကို တက်ရောက်သွားနိုင်ပြီဆိုတာနဲ့ တစ်နေ့နေ့မှာ ကျိန်စာကို ဖယ်ရှားဖို့ ဖြစ်နိုင်သွားပြီ မဟုတ်လား….."

"ဘာ… မင်း… မင်းက နဂါးဘိုးဘေးစိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားတာလား….."

အောင်းကျွင့်၏ ထိတ်လန့်တုန်လှုပ်မှုက အသေးအဖွဲမဟုတ်ပေ။

နဂါးဘိုးဘေးစိတ်ဝိညာဥ်က နဂါးမျိုးနွယ်၏ မှတ်တမ်းများတွင်သာ ရှိနေပေသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ ထိုအရာကို မမြင်ဖူးခဲ့ကြ၍ သိရှိရိပ်မိရန် အလွန့်အလွန် ခက်ခဲပေ၏။

အဘယ်ကြောင့်ဆိုသော် မိုးပြားရောင်နဂါး မဟာဘိုးဘေး၏ အဆင့်အတန်းကို ယနေ့အချိန်အထိ  မည်သူတစ်ဦးတစ်ယောက်ကမှ မရောက်ရှိနိုင်ခဲ့၍ပင် ဖြစ်သည်။

သို့ဖြစ်၍ ကျိချင်ယန်ကို မွေးဖွားခဲ့သော အောင်းကျွင့်ကိုယ်တိုင်ပင် ကျိချင်ယန်က နဂါးဘိုးဘေးစိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားကြောင်း မသိခဲ့ပေ။

Chapter 4 is coming…..

Continue Reading

You'll Also Like

190K 34.4K 200
sequel of Book 4 Author - Goosefive
578K 92.3K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
206K 14K 55
Jeon Jungkook x Kim Taehyung
29.7K 3.7K 17
✔️ COMPLETED✔️ Associated Name - 27刀迷案 Original Author - Ming Yue Ting Feng (明月听风) Chapter...