ထိုနှစ်ယောက်က ယီယွမ်ကို မြင်တွေ့ခဲ့ချိန်တွင် ရန်လိုသော အကြည့်များ ရှိနေခဲ့ကြ၏။

ယီယွမ်က စိတ်ထဲတွင် နားလည်ခဲ့သည်။ ဤနှစ်ယောက်ကလည်း ဖန်းမိသားစု၏ ဧည့်သိုင်းပညာရှင်များ ဖြစ်ပေလိမ့်မည်။ သူ၏လစာက သူတို့ထက် နှစ်ဆဖြစ်ကြောင်း သိသွားခဲ့၍ သူတို့က အလွန်အမင်း မကျေမနပ်ဖြစ်သွားခဲ့ကြသည်။ ထို့ကြောင့် သူတို့က သူ့အပေါ် ရန်လိုနေခဲ့ကြခြင်းဖြစ်ပေ၏။

လီကျီ၏ဘေးတွင် ငယ်ရွယ်သော မိစ္ဆာမျိုးနွယ် ယောက်ျားတစ်ယောက် ရှိနေခဲ့သည်။

သူက ယီယွမ်ကို စိုက်ကြည့်လိုက်ပြီး လီကျီကို ပြောဆိုခဲ့၏။ "လီကျီ… မင်းပြောတဲ့ ထူးချွန်တဲ့သူဆိုတာ သူလား… သူက တော်တော်လေး သာမန်ဆန်နေတာပဲ….."

လီကျီက သူ့ကို မျက်လုံးပြူးကြည့်လိုက်ပြီး ပြောဆိုခဲ့သည်။ "ဖန်းယု… နင့်လူတွေကိုပဲ ကောင်းကောင်းစီမံစမ်းပါ… ငါ့လူတွေကို နင်ဝေဖန်စရာ အကြောင်းမရှိဘူး….."

ဖန်းယုက ပြုံး၍ ပြောဆိုလိုက်၏။ "ကောင်းပြီ… ကောင်းပြီ… ငါမဝေဖန်ပါဘူး… မဝေဖန်တော့ဘူး… ဒါပေမဲ့ မင်းက အဲဒါကို လက်ခံရလိမ့်မယ်… ဒီကောင်လေးက ချောလွန်းတယ်… နောက်ပိုင်းကျရင် အချို့လူတွေက မနာလိုဖြစ်လာကြလိမ့်မယ်….."

လီကျီက နှုတ်ခမ်းစူလိုက်ပြီး ပြောဆိုခဲ့သည်။ "သူတို့ဘာသာ ဘာတွေပဲဖြစ်ဖြစ် အဲဒါက ငါနဲ့ ဘာသက်ဆိုင်လို့လဲ….."

ဖန်းယုက လီကျီ၏ အစ်ကိုအရင်းဖြစ်သည်။

မိစ္ဆာမျိုးနွယ်တွင် အမျိုးသမီးများ၏ အဆင့်အတန်းက နိမ့်ကျပြီး မျိုးရိုးနာမည်ဆက်ခံရန် ခွင့်ပြုခံရခြင်းမရှိပေ။

အကယ်၍ လီကျီ၏ရုပ်ရည်က နတ်သမီးတစ်ပါးကဲ့သို့ လှပနေခဲ့လျှင်ပင် ထိုအရာက ခြွင်းချက်မရှိပေ။

စကားအဆုံးတွင် သူမက ယီယွမ်ကို ပြောဆိုလိုက်သည်။ "အစ်ကိုအမှောင်ည… အစ်ကိုကြီးနဲ့ ကျွန်မက သခင်လေးခါရှင်းရဲ့ တွေ့ဆုံပွဲကို သွားတက်ကြမလို့ပါ… လော့ချီနဲ့ ဖေးလန်တို့နဲ့အတူတူ ကျွန်မတို့နဲ့ လိုက်ခဲ့ပါလား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now