Book (91) Ch 1-3 (or) Ch 1256 - 1258

Start from the beginning
                                    

ယီယွမ်က ထိုအကြောင်းကို တွေးမိလိုက်ပြီး ပြောဆိုခဲ့၏။ "ဒီအပြုအမူက တော်တော်လေး လွန်ကဲသွားတယ်ဆိုတာ ကျွန်တော်သိပါတယ်… ဒါပေမဲ့ ကျွန်တော့်မှာ အထဲကို ဝင်ကိုဝင်ရမယ့် အကြောင်းရင်းတစ်ခု ရှိနေပါတယ်… တကယ်လို့ အဲဒါက စီနီယာရဲ့ ပျူငှာမှုထက်  နည်းနည်းလောက် ပိုလွန်သွားမယ်ဆိုရင် ကျွန်တော်က ဒါပြီးသွားရင် လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်….."

ယခင်အတိတ်ဘဝနှင့် လက်ရှိဘဝ နှစ်ခုပေါင်း သက်တမ်းနှစ်ငါးရာကျော်အတွင်း နေရာတစ်ခုသို့ ဝင်ရောက်ရန် အသည်းအသန်ဆန္ဒရှိခြင်းမျိုး ယီယွမ်က တစ်ကြိမ်တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။

ဤလိုဏ်ဂူက သူနှင့် အကြီးအကျယ် ပတ်သက်နေမည်ဟု ယီယွမ်က သေချာသိနေခဲ့သည်။

"ဟာသပဲ… ဘိုးဘေးကြီးရဲ့ ကျင့်ကြံတဲ့နေရာကို မင်းက မလေးမစားပြုမူတာမျိုး ဘယ်လိုလုပ်ပြီးတော့ ခွင့်ပြုရမှာလဲ….." အောင်းလီက အေးစက်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။

ယီယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောဆိုခဲ့၏။ "ဒီနေရာမှာ ခင်ဗျားဝင်ပြောစရာ  ကိစ္စမရှိဘူး… ပါးစပ်ပိတ်ထား….."

"မင်း….." အောင်းလီက အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

ဘိုးဘေးကြီးက အောင်းလီကို စကားမပြောရန် လက်ပြတားဆီးလိုက်ပြီး ယီယွမ်ကိုကြည့်၍ အေးအေးဆေးဆေး ပြောဆိုခဲ့သည်။ "မိတ်ဆွေလေး… လိုဏ်ဂူထဲမှာ ငါတို့ သင်္ကေတလေးခု နတ်ဘုရားသားရဲကလန်တွေရဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်… မင်းက မိုးပြာရောင်နဂါး သွေးမျိုးဆက်ကိုပိုင်ဆိုင်ထားလို့ တုံ့ပြန်လာတာက ပုံမှန်ပဲ… တကယ်လို့ မင်းက နဂါးမျိုးနွယ်ကဆိုရင်တော့ ဒီအဖိုးကြီးက မင်းကို ဝင်ခွင့်ပြုဖို့ မဖြစ်နိုင်စရာမရှိဘူး… ဒါပေမဲ့ မင်းက လူသားတစ်ယောက်ဖြစ်နေတာ စိတ်မကောင်းစရာပဲ….." 

ယီယွမ်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။ ဘိုးဘေးကြီး၏ စကားများအရ ညှိနှိုင်းဆွေးနွေး၍ မရတော့ကြောင်း ထင်ရှားနေခဲ့သည်။ ထို့ပြင် ငြင်းပယ်မှုကလည်း အလွန်အမင်း ကျိုးကြောင်းသင့်ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား Part - 5 (Ch 1095 - .....)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now