part 1

27.5K 854 2
                                    

Zawgyi





The CEO's Brave Girl Season
part 1


ငါဒီလိုပဲ သေရတော့မှာလား ငါအသက်ရှင်ဖို့ အခွင့်အရေးနည်းနည်းလေးတောင်မရှိတော့ဘူးလား တကယ်လို့ နည်းနည်းလေးဆိုရင်တောင် ကျေနပ်ပါတယ်  ပိုင်ကျင်းကျင်းရဲ့ ကမ္ဘာကြီး အမှောင်ကျသွားလေသည်။

ကံကြမ္မာကြီးက ပိုင်ကျင်းကျင်းပေါ်ရက်စက်ခဲ့ပေမဲ့လည်း သနားသောအားဖြင့် အခွင့်ရေးတစ်ခုပေးခဲ့သည်ထင်။ သူမ၏ ခန္ဓာကိုယ်သည် လှုပ်ရှားလို့ရနေသည်ကိုခံစားမိသွားသည်။ မျက်လုံးများက ဖွင့်မရပေ။

အမှောင်ထု၏ အရိပ်ယောင်ကို ဖျောက်ပြစ်ရင်း အလင်းထုကို ကျင့်သားရစေရန် မျက်လုံးများအား ခနမှိတ်ထားလိုက်ပြီး ကျင့်သားရချိန်တွင် ဖွင့်လို့ရသွားသည်။

ပိုင်ကျင်းကျင်း " ငါ.....ငါအသက်ရှင်နေတုန်းဘဲလား "

လည်ချောင်းထဲရှိခြောက်ကပ်ကပ်အသံက တိုးလျစွာထွက်ပေါ်လာလေသည်။ သူမအနေဖြင့် အားအရမ်းနည်းနေသည်ဟု ခံစားနေရသည်။ သူမ ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်သည်။ ဒီပတ်ဝန်းကျင်က သူမလုံးဝ မရင်းနှီးပေ။

ပိုင်ကျင်းကျင်း " ငါဘယ်ရောက်နေတာလဲ "

သူမ အိပ်နေရာ ကုတင်ကနေ အလျင်အမြန်ထလိုက်တာကြောင့် ခေါင်းထဲမူးလာတာကြောင့် ကုတင်ပေါ် ပြန်လဲကျသွားသည်။ ခေါင်းကို ဖိကိုင်ရင်း ခေါင်းအားအနားပေးလိုသော ရည်ရွယ်ချက်ဖြင့် ဘာမှမစဉ်းစားဘဲ တည်ငြိမ်အောင်နေလိုက်သည်။

သို့သော်လည်း ထိုသို့နေလေလေ ပိုမူးလာတာကြောင့် ကျင်းကျင်း အိပ်ယာထဲ၌ လဲနေရာမှထထိုင်ပြီး ခေါင်းကိုဖိထားကာ ခေါင်းကြည်စေရန်ကြိုးစားပြန်သည်။ ထိုသို့ကြိုးစားနေသည့်အချိန် မှတ်ဉာဏ်တစ်ချို့ခေါင်းထဲတိုးဝင်လာသည်မို့ သူမအလူးအလဲခံစားလိုက်ရသည်။

ပိုင်ကျင်းကျင်း " ဘာလဲ ဘယ်သူ့ရဲ့မှတ်ဉာဏ်တွေလဲ အား...ခေါင်းအရမ်းနာတယ်..."

ခေါင်းပြန်ကြည်လာသည့်အချိန် ကျင်းကျင်း ထိုမှတ်ဉာဏ်များအား စဉ်းစားကြည့်သည်။
ထိုမှတ်ဉာဏ်ထဲ၌ အလွန်ရုပ်ဆိုးသော မိန်းကလေးတစ်ယောက်ပေါ်လာသည်။ ထိုမိန်းကလေးနာမည်က ရှောင်ပိုင်ဖြစ်သည်။ ရှောင်ပိုင်က ရှောင်အိမ်တော်ရဲ့ အကြီးဆုံးသမီးဖြစ်ပြီး အလွန်ကို တုံးအသည်။  ရှောင်အိမ်တော်ရဲ့ ဒုတိယသမီးက ရှောင်လုဖြစ်သည်။

The CEO's Brave Girl Season (1) (Complete)Where stories live. Discover now