#chapter160
မီးနဲ့ကစားတဲ့ဘယ်သူမဆို လောင်ကျွမ်းလိမ့်မယ် ၂
ဘယ်သူမှ သတိမပြုမိတဲ့အချိန်မှာ စုန့်ထျန်းဝမ်ရဲ့ မျက်လုံးက ရုတ်တရက် ပွင့်လာကာ အေးစက်တဲ့အလင်းတို့ ဖြာထွက်နေလေ၏။ သူ မြေပြင်ပေါ် ကျနေတဲ့ ဓားမြောင်ကို တိတ်တဆိတ်ကောက်ယူလိုက်ကာ မုရုံရော့ခြေထောက်ကို ထိုးလိုက်လေသည်။
မုရုံရော့ ဗိုက်ဆီမှ စူးရှတဲ့ နာကျင်မှုကို ခံစားလိုက်ရပြီး သူမမျက်နှာပေါ်က ဂုဏ်ယူနေတဲ့ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။ အောက်ကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်တော့ ဓားမြောင်က သူမဗိုက်ထဲကို တစ်ဆုံးဝင်နေပြီး ဓားမြောင်အရိုးကသာ အပြင်ဘက် ကျန်နေခဲ့တာကို တွေ့လိုက်ရသည်။ ရဲရဲနီနေတဲ့ သွေးတွေက သူမအဝတ်အစားကို ပေကျံနေလေ၏။
အချက်ရေပေါင်းများစွာ ထိုးနှက်လိုက်ပြီးနောက် မုရုံရော့ရဲ့ သေးငယ်တဲ့ ဗိုက်ကလေးက ဓားပေါက်ရာတွေအများကြီး ဖြစ်ကုန်ကာ သွေးတွေ ပန်းထွက်နေပြီး ထိုသွေးတွေက သူမအင်္ကျီကို အနီရောင်သို့ ပြောင်းလဲသွားစေသည်။ သူမပါးစပ်မှလဲ သွေးတလုပ်ပြီးတလုပ် အန်ထွက်နေကာ သူမရဲ့ အားနည်းတဲ့ ခန္တာကိုယ်လေးက မတောင့်ခံနိုင်တော့ဘဲ မြေပေါ် ပြိုလဲကျသွားလေသည်။
အစေခံတေနဲ့ အိမ်တော်ထိန်းတွေအားလုံး အံ့အားသင့်နေကြသည်။ သူတို့ ဒဏ်ရာအကြီးအကျယ်ရကာ သွေးတွေ တစိမ့်စိမ့်ထွက်နေတဲ့ မုရုံရော့နဲ့ အပေါ်က အုပ်မိုးကာ ဓားမြောင်ကို ရူးသွပ်စွာ ဝေ့ယမ်းထိုးနှက်နေတဲ့ စုန့်ထျန်းဝမ်ကို ကြောင်ကြည့်နေမိကြသည်။ ဘာတွေဖြစ်ကုန်တာလဲ??
"ထျန်းဝမ်..ဘာလုပ်တာလဲ အဲ့တာ နင့်သားအရင်းလေ"
"ခ....ခွေး...ခွေးကောင်"
"ထျန်းဝမ် မင်းဆိုလိုတာ အဲ့ကလေးက မင်းကလေးမဟုတ်ဘဲ တခြားတစ်ယောက်ကလေးလား"
"ဟုတ်...ဟုတ်တယ်"
"မင်း သေချာလို့လား"
"ဟုတ် ကျွန်တော်... သေချာတယ်.. အဲ့တာ..က ခွေး..ခွေးကောင်လေးပဲ"
သူမနှလုံးသားထဲ ကမောက်ကမတွေဖြစ်ကုန်ကာ ထောင်ချောက်ဆင်ထားပြီး စုန့်ထျန်းဝမ်၊ ကျင်းအာနဲ့ ပိုင်ကို မီးလောင်တိုက်သွင်းခဲ့သည်။ ပြီးရင် အိမ်တော်ကို ထိန်းချုပ်ဖို့ သူမကြံစည်ခဲ့သည်။ ဒါပေမဲ့ စုန့်သခင်မ ရောက်ရှိလာကာ သူမနဲ့ သူမရဲ့ အစီအစဉ်တွေကို ဖျက်စီးခဲ့သည်။
သူမက သူမဘဝကို အမြင့်ဆုံးနေရာမှာ ရှိစေကာ လှောင်ပြောင်ခြင်းနဲ့ အပြစ်ရှာခြင်းတို့ မရှိတဲ့ ပိုကောင်းတဲ့ဘဝမှာ နေချင်သည်။ သူမ မှားသွားသလား
ပြင်းထန်တဲ့ ခြေသံနှစ်ခုကို ကြားလိုက်ရပြီးနောက် အစေခံနှစ်ဦးက သူမလက်မောင်းနှစ်ဖက်ကို ကိုင်ကာ အပြင်ကို ကြမ်းတမ်းစွာ ဆွဲထုတ်သွား၏။
အစေခံတွေ သူမကို ခက်ခက်ခဲခဲ မ ထုတ်နေတဲ့အချိန်မှာ အမိန့်သံတစ်ခုကို ကြားလိုက်ရသည်။
"ရပ်စမ်း!"
မုရုံရော့ အသံကြားရာဘက်ကို ကြိုးစားလှည့်ကြည့်လိုက်တဲ့အခါ မုရုံကျန်းက အစေခံတွေ ဝန်းရံကာ ပြေးလာတာကို တွေ့လိုက်ရသည်။ အားနည်းတဲ့ အပြုံးတစ်ခု ဖြစ်တည်လာကာ
"အစ်ကို ညီမကို ကယ်ပါဦး"
သွေးတွေ အဆတ်မပြတ်ထွက်နေတဲ့ မုရုံရော့ကို ကြည့်ကာ မုရုံကျန်း မျက်ခုံးတို့ တွန့်ချိုးသွားသည်။ သူက အလုပ်ကိစ္စနဲ့ ဖြတ်သွားတာဖြစ်ပြီး ဆူညံသံတစ်ချို့ ကြားလိုက်ရတဲ့အခါ ဘာဖြစ်နေလဲ ကြည့်ဖို့ လာတာ ဖြစ်သည်။ ဒါပမေဲ့ ဒီမြင်ကွင်းကို မြင်ရဖို့ မမျှော်လင့်ခဲ့မိပေ။
"စုန့်သခင်မ ခင်ဗျား ခင်ဗျားချွေးမကို သင်ခန်းစာပေးတာက ရတယ် ဒါပမေဲ့ စည်းတော့ ထားရမယ်လေ ရော့အာက အခု ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာ ထပ်ပြီး သင်ခန်းစာပေးနေရင် သေသွားလိမ့်မယ်"
"သခင်လေးမုရုံ ဒါက ကျွန်မရဲ့ အကြင်နာမဲ့တဲ့ ဆုံးဖြတ်ချတ် မဟုတ်ဘူး မင်းရဲ့ ညီမလေးရဲ့ ရက်စက်တဲ့စိတ်ကိုပဲ အပြစ်တင်ရမှာ သူမက ပွဲကြည့်စင်ကို မီးရှို့ပြီး ငါ့သားကို လောင်ကျွမ်းစေတယ် ငါ့မြေးလေးကိုလဲ သတ်ပစ်တယ်"
စုန့်ထျန်းဝမ်က ဘယ်တုန်းကမှ ကိုယ်လုပ်တော် မထားခဲ့ဖူးဘူးမလား ရော့အာမွေးထားတာကလဲ သားမဟုတ်ပေ။ ဘယ်နားက မြေးက ထွက်လာတာလဲ အဲ့တာက......
"ငါလာတာ နောက်ကျလို့ မမြင်လိုက်ဘူး ဒါပေမဲ့ ထျန်းဝမ်မြင်လိုက်တယ် ထျန်းဝမ်...."
ဒါက...စုန့်ထျန်းဝမ်!
*******
#chapter160
မီးန့ဲကစားတ့ဲဘယ်သူမဆို လောင်ကျွမ်းလိမ့်မယ် ၂
မုရုံရော့ရဲ့ ပြားချပ်နေတ့ဲ ဝမ်းဗိုက်ကို ကြည့်ရင်း စုန့်သခင်မမျက်လုံးထဲ ရှုပ်ထွေးသွားသည်။ ဒီမိန်းမက သမားတော်ကို သူမလက်ကောက်ဝတ်ကို စမ်းခိုင်းရဲမှတော့ သူမ တကယ်ပဲ ကိုယ်ဝန်ဆောင်နေတာ ဖြစ်လိမ့်မည်။ သူမဒီမှာ ရှိနေတာက ကျင်းအာန့ဲပိုင် အကြောင်း သိသွားလို့ ဖြစ်တာကြောင့် သူမကသာ မီးရှို့တ့ဲသူ ဖြစ်လိမ့်မည်။ မမွေးလာသေးတ့ဲကလေးအတွက် ဖြစ်လာနိုင်မ့ဲ အတားအဆီးတွေကို ရှင်းလင်းနေတာပေါ့လေ ဒီမိန်းမက တကယ့်ကို ညစ်ပတ်တ့ဲ နည်းလမ်းတွေ သုံးနေတာပဲ
အစခေံတွေန့ဲ အိမ်တော်ထိန်းတို့က မုရုံရော့ကို ထူးဆန်းတ့ဲ အမူအရာန့ဲ ကြည့်လိုက်ကြကာ သူတို့လက်ကို လွှတ်ပေးလိုက်ကြသည်။ သူမက ဝူအန်းမှုးမတ်အိမ်တော်ရဲ့ ပထမဇနီးဖြစ်သည်။ သူမဗိုက်ထဲက ကလေးကသာ ယောကျ်ားလေးဆိုရင် အ့ဲကလေးက ဝူအန်းအိမ်တော်ရဲ့ အနာဂတ်ဖြစ်လာလိမ့်မည်။ လေးစားဖွယ်ဂုဏ်ပုဒ်ကိုသာ ရလိုက်မယ်ဆိုရင် သူမန့ဲ သူမကလေးက ဘယ်တော့မှ နာကျင်တော့မှာ မဟုတ်ပေ။
အစေခံတွေရဲ့ တွေဝေနေတ့ဲ မျက်လုံးကို ကြည့်ကာ မုရုံရော့ နှုတ်ခမ်းမှာ မ့ဲပြုံးတစ်ခု ဖြစ်တည်လာ၏။ စုန့်ထျန်းဝမ်ကို မီးရှို့တ့ဲကိစ္စက ပေါ့သေးသေးမဟုတ်ပေ။ သူမက ထိုကလေးကို အသုံးချကာ စုန့်သခင်မရဲ့ ခါးသီးတ့ဲ ခံစားချက်ကို ရှောင်ဖယ်ပြီး သူမဘဝကို ကယ်တင်ရပေမည်။ ဒီအကြောင်းပြချက်က နန်းတွင်းအမိန့်ပြန်တမ်းထက် အများကြီး ပိုကောင်းသည်။ ဒီကလေးက သူမအတွက် တန်ဖိုးမဖြတ်နိုင်တ့ဲ ရတနာလေးပင်။
ဘယ်သူမှ သတိမပြုမိတ့ဲအချိန်မှာ စုန့်ထျန်းဝမ်ရဲ့ မျက်လုံးက ရုတ်တရက် ပွင့်လာကာ အေးစက်တ့ဲအလင်းတို့ ဖြာထွက်နေလေ၏။ သူ မြေပြင်ပေါ် ကျနေတ့ဲ ဓားမြောင်ကို တိတ်တဆိတ်ကောက်ယူလိုက်ကာ မုရုံရော့ခြေထောက်ကို ထိုးလိုက်လေသည်။
မုရုံရော့ အငိုက်မိသွားကာ ခြေထောက်တို့ ကွေးညွတ်သွားပြီး သူမခန္တာကိုယ်က ယိုင်ကျသွားသည်။ အ့ဲအချိန်မှာ စုန့်ထျန်းဝမ်က မုရုံရော့ဗိုက်ကို အညှာအတာမရှိ ထိုးချလိုက်လေ၏။ စွပ် ဆိုတ့ဲ အသံန့ဲအတူ ဓားမြောင်အသွားက သူမအသားထဲ စိုက်ဝင်သွားလေသည်။
မုရုံရော့ ဗိုက်ဆီမှ စူးရှတ့ဲ နာကျင်မှုကို ခံစားလိုက်ရပြီး သူမမျက်နှာပေါ်က ဂုဏ်ယူနေတ့ဲ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။ အောက်ကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်တော့ ဓားမြောင်က သူမဗိုက်ထဲကို တစ်ဆုံးဝင်နေပြီး ဓားမြောင်အရိုးကသာ အပြင်ဘက် ကျန်နေခ့ဲတာကို တွေ့လိုက်ရသည်။ ရဲရဲနီနေတ့ဲ သွေးတွေက သူမအဝတ်အစားကို ပေကျံနေလေ၏။
မူလပုံစံမပေါ်တော့တ့ဲ မီးလောင်နေတ့ဲ မျက်နှာတစ်ခုက သူမခြေထောက်နား ပေါ်လာပြီး ထိုမျက်နှာရဲ့ ဒေါသမီးတောက်နေတ့ဲ မျက်လုံးတစ်စုံက သူမကို ခါးသီးစွာ စိုက်ကြည့်နေလေသည်။ စုန့်ထျန်းဝမ် ဓားမြောင်ကို တစ်ဖန်ဆွဲထုတ်ကာ ရက်စက်စွာဖြင့် သူမဗိုက်ကို နောက်တကြိမ် ထပ်ထိုးလိုက်ပြီး ပြန်ဆွဲထုတ်လိုက်ပြန်သည်။
အချက်ရေပေါင်းများစွာ ထိုးနှက်လိုက်ပြီးနောက် မုရုံရော့ရဲ့ သေးငယ်တ့ဲ ဗိုက်ကလေးက ဓားပေါက်ရာတွေအများကြီး ဖြစ်ကုန်ကာ သွေးတွေ ပန်းထွက်နေပြီး ထိုသွေးတွေက သူမအကျႌကို အနီရောင်သို့ ပြောင်းလဲသွားစေသည်။ သူမပါးစပ်မှလဲ သွေးတလုပ်ပြီးတလုပ် အန်ထွက်နေကာ သူမရဲ့ အားနည်းတ့ဲ ခန္တာကိုယ်လေးက မတောင့်ခံနိုင်တော့ဘဲ မြေပေါ် ပြိုလဲကျသွားလေသည်။
အစေခံတေန့ဲ အိမ်တော်ထိန်းတွေအားလုံး အံ့အားသင့်နေကြသည်။ သူတို့ ဒဏ်ရာအကြီးအကျယ်ရကာ သွေးတွေ တစိမ့်စိမ့်ထွက်နေတ့ဲ မုရုံရော့န့ဲ အပေါ်က အုပ်မိုးကာ ဓားမြောင်ကို ရူးသွပ်စွာ ဝေ့ယမ်းထိုးနှက်နေတ့ဲ စုန့်ထျန်းဝမ်ကို ကြောင်ကြည့်နေမိကြသည်။ ဘာတွေဖြစ်ကုန်တာလဲ??
စုန့်သခင်မလဲ ထိုအခါမှ အသိပြန်ရလာကာ စုန့်ထျန်းဝမ်ကို စိုက်ကြည့်နေမိပြီးနောက် ကတိုက်ကရိုက် အော်ဟစ်လိုက်သည်။
"ထျန်းဝမ်..ဘာလုပ်တာလဲ အ့ဲတာ နင့်သားအရင်းလေ"
"ခ....ခွေး...ခွေးကောင်"
စုန့်ထျန်းဝမ် မနည်းအားယူလိုက်ကာ တစ်လုံးချင်း ပြောလိုက်သည်။ ပြီးနောက် အားတင်းပြီး ခေါင်းမော့ကာ မုရုံရော့ကို စိုက်ကြည့်နေလေသည်။
စုန့်သခင်မ ကြောင်အသွားကာ
"ထျန်းဝမ် မင်းဆိုလိုတာ အ့ဲကလေးက မင်းကလေးမဟုတ်ဘဲ တခြားတစ်ယောက်ကလေးလား"
စုန့်ထျန်းဝမ် ခေါင်းညိတ်လိုက်သည်။
"ဟုတ်...ဟုတ်တယ်"
စုန့်သခင်မ အကြီးအကျယ် အံ့အားသင့်သွားကာ မယုံသင်္ကာဖြင့် မေးလိုက်သည်။
"မင်း သေချာလို့လား"
"ဟုတ် ကျွန်တော်... သေချာတယ်.. အ့ဲတာ..က ခွေး..ခွေးကောင်လေးပဲ"
စုန့်ထျန်းဝမ်အသံက မုန်းတီးမှုအပြည့်ပင်။
ဒါကို ကွားရတ့ဲအခါ စုန့်သခင်မ ခေါင်းထဲ ဗုံးတစ်လုံး ပေါက်ကွဲသွားသလို ခံစားလိုက်ရကာ သူမစိတ်ထဲ လုံးဝကို ဟာလာဟင်းလင်း ဖြစ်သွားလေ၏။ ယောကျာ်းအပေါ် ဖောက်ပြန်ပြီး ခွေးကောင်လေးမွေးဖို့ စိတ်ကူးနေသေးသည်။ မုရုံရော့က သူမသားကို အသက်ရှင်ဖို့ထက် ပိုကာ သေစေချင်နေပြီး သူမမြေးလေးကိုလဲ မီးလောင်ကျွမ်းသေစေသည်။ မုရုံရော့လုပ်ရပ်က ကရုဏာစိတ်ကင်းမ့ဲကာ ခွင့်မလွှတ်နိုင်တ့ဲ ကိစ္စဖြစ်သည်။
"အစောင့်တွေ မုရုံရော့ကို ဆွဲထုတ်သွားပြီး ခပ်ပြင်းပြင်းရိုက်ကြစမ်း"
မုရုံရော့က မြေပေါ် လဲနေကာ သူမဗိုက်မှ သွေးတို့က တစိမ့်စိမ့်ထွက်နေလေသည်။ သူမဗိုက်ထဲမှ အသက်သေးသေးလေးကလဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားကာ အချိန်မရွေး သူမဆီက ထွက်သွားနိုင်ကြောင်း သူမခံစားမိသည်။
မုရုံရော့ ကောင်းကင်ကို မော့ကြည့်ကာ အကျယ်ကြီး အော်ရီလိုက်သည်။ လက်ထပ်ပြီးကတည်းက ၁၅နှစ်လုံးလုံး နွားလိုမြင်းလို အလုပ်ကြိုးစားလုပ်ခ့ဲရသည်။ သူမသာမရှိရင် ဝူအန်းမှုးမတ်အိမ်တော်က လက်ရှိဂုဏ်သတင်းကို ရလာမှာမဟုတ်ပေ။ သူမသာမရှိရင် စုန့်မိသားစုက လက်ရှိချမ်းသာမှုကို ရလာမှာမဟုတ်ပေ။
သူမကြောင့်သာ ထိုဂုဏ်သတင်း ထိုကြွယ်ဝချမ်းသာမှုကို ရလာတာ ဖြစ်သည်။ ခွေးမကျင်းအာန့ဲ ခွေးကောင်လေးပိုင် တို့ကို အသာထိုင်စေပြီး သူမအလုပ်က ရလာတ့ဲ အသီးအပွင့်တွေကို ဘယ်လိုလုပ် ခံစားခွင့် ပြုရမှာလဲ သူမကကျတော့ နောက်တနေ့မိုးသောက်ချိန်ပြီးရင် အကြီးမားဆုံး ထောက်တိုင်ဆိုတ့ဲ နေရာကနေ ယုတ်ညံ့တ့ဲ ဇနီးအဖြစ် လူတိုင်းက စွပ်စွဲတာကို ခံရမှာ အ့ဲတာက ဘယ်လောက်သည်းမခံစရာကောင်းလဲ!
သူမနှလုံးသားထဲ ကမောက်ကမတွေဖြစ်ကုန်ကာ ထောင်ချောက်ဆင်ထားပြီး စုန့်ထျန်းဝမ်၊ ကျင်းအာန့ဲ ပိုင်ကို မီးလောင်တိုက်သွင်းခ့ဲသည်။ ပြီးရင် အိမ်တော်ကို ထိန်းချုပ်ဖို့ သူမကြံစည်ခ့ဲသည်။ ဒါပေမ့ဲ စုန့်သခင်မ ရောက်ရှိလာကာ သူမန့ဲ သူမရဲ့ အစီအစဉ်တွေကို ဖျက်စီးခ့ဲသည်။
သူမက သူမဘဝကို အမြင့်ဆုံးနေရာမှာ ရှိစေကာ လှောင်ပြောင်ခြင်းန့ဲ အပြစ်ရှာခြင်းတို့ မရှိတ့ဲ ပိုကောင်းတ့ဲဘဝမှာ နေချင်သည်။ သူမ မှားသွားသလား
ပြင်းထန်တ့ဲ ခြေသံနှစ်ခုကို ကြားလိုက်ရပြီးနောက် အစေခံနှစ်ဦးက သူမလက်မောင်းနှစ်ဖက်ကို ကိုင်ကာ အပြင်ကို ကြမ်းတမ်းစွာ ဆွဲထုတ်သွား၏။
မုရုံရော့ သရော်လိုက်သည်။ သူမက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး အသက်တဝက်လောက် ဆုံးရှုံးထားသည်။ နည်းနည်းပါးပါး ပြင်းထန်စွာ ရိုက်လိုက်ရုံန့ဲ သူမသေသွားနိုင်သည်။ ဒီမိန်းမကြီးက သူမကို တမင်သက်သက်သေစေကာ သူမရဲ့ မြေးဖြစ်တ့ဲ ခွေးကောင်လေးအတွက် လက်စားချေချင်တာ ဖြစ်သည်။ ဟိဟိ....
အစေခံတွေ သူမကို ခက်ခက်ခဲခဲ မ ထုတ်နေတ့ဲအချိန်မှာ အမိန့်သံတစ်ခုကို ကြားလိုက်ရသည်။
"ရပ်စမ်း!"
မုရုံရော့ အသံကြားရာဘက်ကို ကြိုးစားလှည့်ကြည့်လိုက်တ့ဲအခါ မုရုံကျန်းက အစေခံတွေ ဝန်းရံကာ ပြေးလာတာကို တွေ့လိုက်ရသည်။ အားနည်းတ့ဲ အပြုံးတစ်ခု ဖြစ်တည်လာကာ
"အစ်ကို ညီမကို ကယ်ပါဦး"
မုရုံရွှယ်ရဲ့ ပိန်သွယ်တ့ဲ ကိုယ်လေးက အရိပ်ထဲ ပိုတိုးဝင်သွားသည်။ စုန်ထျန်းဝမ်အမေန့ဲ မုရုံရော့အစ်ကိုတို့ကြား တိုက်ပွဲက အံ့သြစရာကောင်းမည်ဖြစ်ကာ မလွတ်သင့်သော ပွဲဖြစ်သည်။ သူမ ဆက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သွေးတွေ အဆတ်မပြတ်ထွက်နေတ့ဲ မုရုံရော့ကို ကြည့်ကာ မုရုံကျန်း မျက်ခုံးတို့ တွန့်ချိုးသွားသည်။ သူက အလုပ်ကိစ္စန့ဲ ဖြတ်သွားတာဖြစ်ပြီး ဆူညံသံတစ်ချို့ ကြားလိုက်ရတ့ဲအခါ ဘာဖြစ်နေလဲ ကြည့်ဖို့ လာတာ ဖြစ်သည်။ ဒါပမေ့ဲ ဒီမြင်ကွင်းကို မြင်ရဖို့ မမျှော်လင့်ခ့ဲမိပေ။
"စုန့်သခင်မ ခင်ဗျား ခင်ဗျားချွေးမကို သင်ခန်းစာပေးတာက ရတယ် ဒါပမေ့ဲ စည်းတော့ ထားရမယ်လေ ရော့အာက အခု ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာ ထပ်ပြီး သင်ခန်းစာပေးနေရင် သေသွားလိမ့်မယ်"
စုန့်သခင်မက မုရုံကျန်းကို အေးစက်စွာ ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
"သခင်လေးမုရုံ ဒါက ကျွန်မရဲ့ အကြင်နာမ့ဲတ့ဲ ဆုံးဖြတ်ချတ် မဟုတ်ဘူး မင်းရဲ့ ညီမလေးရဲ့ ရက်စက်တ့ဲစိတ်ကိုပဲ အပြစ်တင်ရမှာ သူမက ပွဲကြည့်စင်ကို မီးရှို့ပြီး ငါ့သားကို လောင်ကျွမ်းစေတယ် ငါ့မြေးလေးကိုလဲ သတ်ပစ်တယ်"
ဘဝတစ်ခုအတွက် ဘဝတစ်ခု ဆိုတာက ချင်းရန်ရဲ့ ဥပေဒ ဖြစ်သည်။ မုရုံရော့က သူမရဲ့ ချစ်ရတ့ဲမြေးလေးကို သတ်ပစ်မှတော့ သူမကလဲ မုရုံရော့ကို အသက်ရှင်လျက် မထားနိုင်ပေ။
စုန့်ထျန်းဝမ်က ဘယ်တုန်းကမှ ကိုယ်လုပ်တော် မထားခ့ဲဖူးဘူးမလား ရော့အာမွေးထားတာကလဲ သားမဟုတ်ပေ။ ဘယ်နားက မြေးက ထွက်လာတာလဲ အ့ဲတာက......
တိတ်ဆိတ်ခမ်းနားပြီး ဖုန်းကွယ်ခံထားရတ့ဲ အိမ်တော်န့ဲ ကောင်လေးရဲ့ ခန္တာကိုယ်ကို ကြည့်ကာ မုရုံကျန်းမျက်နှာက စိတ်ဆိုးတ့ဲဘက်ကို ပြောင်းလဲသွားသည်။ စုန့်ထျန်းဝမ်က ရော့အာနောက်ကွယ်မှာ အပျော်မယားထားကာ သားတစ်ယောက်တောင် မွေးထားသေးသည်။ ဘယ်လောက်စက်ဆုပ်ဖို့ကောင်းလဲ
"သခင်မ ခင်ဗျား ရော့အာမီးရှို့တာကို မြင်လား"
မုရုံကျန်း မျက်ခုံးပင့်ကာ စုန့်သခင်မကို အေးစက်စွာ ကြည့်လိုက်သည်။
"ငါလာတာ နောက်ကျလို့ မမြင်လိုက်ဘူး ဒါပေမ့ဲ ထျန်းဝမ်မြင်လိုက်တယ် ထျန်းဝမ်...."
စုန့်သခင်မ စိတ်တိုစွာ ပြောလိုက်သည်။ သူမ ငုံ့ကြည့်လိုက်တော့ သူမရဲ့ သားက မျက်လုံးမှိတ်ကာ မြေကြီးပေါ် လဲလျောင်းနေရင်း သွေးပေနေတ့ဲ ဓားမြောင်ကို တင်းကျပ်စွာ ကိုင်ပြီး သတိလစ်နေတာကို တွေ့လိုက်ရသည်။
ဒါက...စုန့်ထျန်းဝမ်!
တစ်ကိုယ်လုံးမည်းနက်နေကာ ဒဏ်ရာအပြည့်န့ဲ သတိလစ်နေတ့ဲ စုန့်ထျန်းဝမ်ကို မုရုံကျန်း ကြည့်လိုက်သည်။ မုရုံကျန်း မျက်လုံး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ လက်ရှိစုန့်ထျန်းဝမ်က လူလား သရဲလား စုန့်သခင်မသာ သူမသားလို့ မပြောရင် မုရုံကျန်း သူ့ကို သတိထားမိမှာ မဟုတ်ပေ။