အပိုင်း(၈) ကြာပွတ်ရာများ

3.3K 399 21
                                    

အစက ကျောက်ဝမ်ယုံးသည် နေ့လယ်ကျရင် မုချန်နန်းဆောင်သို့ပြန်ပြီး ကုထင်ရန်နှင့်အတူ နေ့လည်စာသုံးဆောင်မည်ဟု ကြံရွယ်ထားသည်။ သို့ပေမယ့် ညီလာခံစဲသည်နှင့် လူကြီးမင်း ကျူးကောယွီကြောင့် စာကြည့်ခန်းထဲမှာ ခြေချုပ်မိသွားပြန်လေသည်။

အခုတလော ကျန်းနန်ဘက်မှ ရေကြီးမှုက အမှန်ပင် အနည်းငယ် ပြင်းထန်လို့နေသည်။ ညီလာခံခန်းမမှာလည်း နေ့တိုင်းနီးပါး ဆွေး‌နွေးဖြစ်ကြပေမယ့် အမြဲတမ်းလိုလို
ဖြေရှင်းလို့ရမည့် နည်းလမ်းကောင်း တစ်ခုတစ်လေတောင် မရှိချေ။ သူ့ကို
ကျုးကောယွီလာရှာသည့် အကြောင်းအရင်းက ရေဘေးဒုက္ခသည်များအားကယ်ဆယ်၍ ငွေကြေးထောက်ပံ့ဖို့ လူ‌ရွေးရန်အတွက်ဖြစ်သည်။

များသောအားဖြင့် ဤကဲ့သို့သော တာဝန်မျိုးကို မင်းသားတစ်ပါးက ထမ်းဆောင်လျှင် ပို၍ သင့်တော်ပါသည်။

သို့သော် ကျောက်ဝမ်ယုံး၏ ညီအစ်ကိုတွေက အကြောင်းအမျိုးမျိုးဖြင့် ဆုံးပါးသွားကြပြီး ရှေ့မျိုးဆက်က မင်းညီမင်းသားများသည်
အရင်ဧကရာဇ်၏ ဓါးမိုးဆန်ဆန်အုပ်ချုပ်မှုအောက်တွင် တစ်ယောက်မှလည်း အသက်ရှင်မကျန်ရစ်ခဲ့။ ရွေးချယ်ဖို့ သင့်တော်သည့်သူ တကယ်မရှိချေ။

ထိုအရေးကြီးကိစ္စအပြင် ရေဘေးဒုက္ခသည်တွေကယ်ဆယ်ပြီးနောက် ကိစ္စတစ်ရပ်ရှိပါသေးသည်။

ကျန်းနယ်ဒေသသည် ကမ်းရိုးတန်း နယ်ပယ်ဒေသဖြစ်သဖြင့် ရေးကြီးမှုက မကြာမကြာဖြစ်ပွားတတ်သည်။ အလုပ်သမားရေးရာ ဝန်ကြီးဌာနဘက်မှ ပါရမီရှင်တစ်ဦး‌ ပေါ်ထွက်လာပြီး တာတမံဆောက်လုပ်ရန် အကြံပေးသည့်အနေဖြင့် အသေးစိတ်စီမံချက်ရေးဆွဲခဲ့သည်။ လျှံတတ်ရေအားလွှဲဖယ်ထုတ်နိုင်သလို ရေကြီးမှုကိုပါ ကာကွယ်ပြီးသားဖြစ်သဖြင့် တစ်ခါတည်းနှင့် အကျိုးကျေးဇူးပေါင်းများစွာရရှိနိုင်သည်။

စီမံကိန်းက ကျူးကောယွီ ရှေ့မှောက်သို့ ပေးပို့ခံခဲ့ရသဖြင့် လူကြီးမင်း ကျူးကောယွီသည် ဉာဏ်ကြီးရှင်ကို ‌တွေ့လိုက်ရသည့်အတွက် အံဩတုန်လှုပ်သွားပြီး အင်မတန် အရာရောက်မည်ဟု ထင်မိလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now