အပိုင်း(၇၁) ချီးလျှို

1.9K 324 43
                                    

ကျောက်ဝမ်ယုံးသည် မျက်စိရှေ့ရှိက လူကို မမှိတ်မသုန်စိုက်ကြည့်နေလေသည်။ သူ့ကို နှောက်ယှက်မိမှာ၊ မိမိရဲ့ အိပ်မက်လေး ပျက်စီးသွားမှာ စိုးမိသောကြောင့် အသက်တောင် ပြင်းပြင်း မရူရဲချေ။

ကုထင်ရန်က ခေါင်းငုံ့ပြီး ဘာကြည့်နေလည်း မသိချေ။ သူက အလွန်အမင်း အာရုံစူးစိုက်၍ ကြည့်နေရာ မျက်တောင်တောင် တစ်ချက်မခတ်ချေ။ နေ့လည်ခင်း နေရောင်ခြည် နွေးနွေးလေးက သူ့ကိုယ်ပေါ် ဖြာကျနေသောကြောင့် နတ်ဘုရားကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေလေသည်။

သူက နတ်သားတစ်ပါးလို လှပလွန်းလှသည့်ရုပ်ဆင်းအင်္ဂါနဲ့ မွေးဖွားလာခဲ့သည်။ ဖြူဥ
နေသော လည်တိုင်ကျော့ကျော့လေးက ပေါ်နေသဖြင့် ကျောက်ဝမ်ယုံးမှာ အကြည့်မလွှဲနိုင်အောင် ဖြစ်သွားရလေသည်။

ကုထင်ရန်က ရုတ်တရက် လှုပ်ရှားလာသည်။

ကျောက်ဝမ်ယုံးက မျက်လုံးကို အမြန်မှိတ်ချလိုက်တော့သည်။ ကိုယ်က အဘယ့်ကြောင့် ဤသို့ လုပ်မိမှန်း သူလည်း မသိတော့ချေ။ မသိစိတ်ကနေ လုပ်မိသွားသဖြင့် မနိုးထချင်ပုံရသည်။

နားနား၌ ခြေသံ အနည်းငယ် ပျံ့လွှင့်လာလေသည်။ ကျီးချင်း ထလာတာဖြစ်လောက်မည်။

ထိုခြေသံက ဝေးရာမှ နီးလာပြီး နောက်ဆုံး သူ့ သလွန်ရှေ့မှာ ရပ်လိုက်သလိုပင်။ ထိုနောက် ထပ် မရွေ့တော့ချေ။

ရုတ်တရက် သူ့လက်ပေါ် နွေးထွေးသည့် အထိအတွေ့ ကျရောက်လာခဲ့သည်။ ထိုအရာက လူတစ်ယောက်၏ လက်ဖြစ်သည်။ သူက မလှုပ်ဘဲ မျက်လုံးမှိတ်ထားလျက် ထိုလက်ရဲ့ အထိအတွေ့ကို သေချာ ခံစားနေလေသည်။ ထိုအထိအတွေ့ကို သူ အကြာကြီး လွမ်းဆွတ်ခဲ့ရပေမယ့် တစ်ခါမှ အမှန်တကယ် မပိုင်ဆိုင်ခဲ့ရပြန်။

ကျီးချင်းက တစ်ခုခုပြောချင်နေသလို သူခံစားမိလိုက်သည်။

သို့ပေမယ့် သူ ဘာပြောမလဲဆိုတာ သူမသိချေ။ ကျောက်ဝမ်ယုံး၏ နှလုံးသားထဲမှာ အနည်းငယ် စိုးရိမ်သွားပေမယ့် အများစုကတော့ တိတ်တခိုး မျှော်လင့်နေမှုများဖြစ်သည်။

"ကျောက်ဝမ်ယုံး၊ ခင်ဗျား နိုးနေပြီမလား"

ကုထင်ရန်၏ အသံက အေးစက်ပြီး မာထန်နေလေသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now